Nagani 75 Years Anniversary held in Rangoon


နဂါးနီစာအုပ်တိုက် ၇၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲ အမျိုးသားဇာတ်ရုံမှာ ကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ နိုဝင်ဘာ ၆၊ ၂၀၁၂
မြန်မာပြည်လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းရဲ့ အဓိကဉာဏ်အလင်းပွင့်မှု အခမ်းကဏ္ဍကြီးမှာ အရေးပါခဲ့တဲ့ စာအုပ်တိုက်ကြီးရဲ့ ၇၅ နှစ်ပြည့် (၁၉၃၇- ၂၀၁၂) အထိမ်းအမှတ် အခမ်းအနားကြီးကို ရန်ကုန်မြို့၊ အမျိုးသားပြဇာတ်ရုံမှာ နိုဝင်ဘာ ၄ ရက်က ကျင်းပခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်က နဂါးနီစာအုပ်တိုက်ကို သခင်သန်းထွန်းနဲ့ အတူ သခင်နုတို့ အတူပူးပေါင်း ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ပွဲတော်မှာ နဂါးနီစာအုပ်တိုက်ကြီးရဲ့ သမိုင်းဖြတ်သန်းမှု မှတ်တမ်းများကို ပြသမှာ ဖြစ်သလို လက်ရှိမြန်မာပြည်တွင်းက စာအုပ်တိုက်ပေါင်း ၁၀၀ ကျော်ရဲ့ အထူးစာအုပ်ဈေးခင်း၊ ကာတွန်းဆရာများရဲ့ ကာတွန်းနဲ့ လက်ရာအမှတ်တရပြပွဲ၊ တေးဂီတဖျော်ဖြေပွဲ၊ စာပေဟောပြောပွဲ၊ စတဲ့ စာပေလှုပ်ရှားမှုမြင်ကွင်းကြီးတခုလုံးကို ခင်းကျင်းပြသသွားတာ တွေ့ရပါတယ်။ စာပေချစ်သူများစွာ လာရောက်ကြပြီး၊ စာပေနဲ့ စာနယ်ဇင်းသမားများစွာကိုလည်း တွေ့မြင်ကြရတဲ့ ပွဲတော် ဖြစ်ပါတယ်။
အဲသည်ပြဇာတ်ရုံမှာ စီးပွားရေးစီမံခန့်ခွဲမှု နှင့်နိုင်ငံရေး -  ဒေါက်တာ အောင်ထွန်းသက်၊ နဂါးနီ စာပေလှုပ်ရှားမှု နှင့် နိုင်ငံရေး - မောင်ခင်မင်(ဓနုဖြူ)၊ ပညာရေးလောကနှင့်နိုင်ငံရေး - မောင်သာချို၊ မာခ်စ်ဝါဒနှင့် နိုင်ငံရေး - ဦးကိုကိုမောင်ကြီး(ခ)ဦးချစ်လှိုင်၊ ကာတွန်းနှင့်နိုင်ငံရေး - အော်ပီကျယ်၊ စာပေနှင့်နိုင်ငံရေး -  မစန္ဒာ နဲ့ သမိုင်းနောက်ခံဝတ္တုနှင့် နိုင်ငံရေး -ချစ်ဦးညိုတို့က ဟောပြောခဲ့ကြတယ်လို့ ဆိုပါတယ်။

Comments