SF Bay Area Kachin Community to raise fund for Kachin Refugee in Burma - 8th Dec 2012


ဆန်ဖရန်ဘေးဧရိယာ ကချင်ကွန်မြူနီတီ ကချင်စစ်ဘေးကူညီရေး ရန်ပုံငွေဈေးရောင်းမည်
မိုးမခရွာဆော်ကြီး၊ နိုဝင်ဘာ ၁၅၊ ၂၀၁၂
လက်ခံရရှိသော ဖိတ်ကြားစာများအရ ဆန်ဖရန်ဘေးဧရိယာ ဒေသခံ ကချင်မိသားစုများ၊ အသင်းအဖွဲ့များက လာမည့် ဒီဇင်ဘာ ၈၊ စနေနေ့တွင် ဒေလီစီးတီး၊ Little Theater တွင် ကချင်ပြည်နယ်က စစ်ဘေးသင့် ကချင်ဒုက္ခသည်များ ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲတော် ကျင်းပမည်ဟု သိရပါသည်။ ယခင်နှစ်ကလည်း ကချင်ကွန်မြုနီတီက ရန်ပုံငွေပြုလုပ်၍ ကချင်ဒုက္ခသည်များကို ကူညီခဲ့ကြသည်။ ယခုနှစ်တွင် ကချင်စားသောက်ဖွယ်ရာများ၊ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာအစားအစာများကို တည်ခင်းရောင်းချပြီး ရန်ပုံငွေလှူဒါန်းခြင်းတို့ ပြုလုပ်မည် ဖြစ်သည်။ ကချင်ဒေသ မျက်မှောက်မြင်ကွင်း ဓာတ်ပုံပြပွဲလည်း ကျင်းပမည်ဟု သိရသည်။ 

Comments