မြန်မာပြည်အလယ်ပိုင်း ငလျင်ကြီးကြောင့် သေဆုံးသူ အနည်းဆုံး ၁၃ ဦးရှိ
မိုးမခအထောက်တော် အမှတ် ၀၀၂
နိုဝင်ဘာ ၁၁၊ ၂၀၁၂
မြန်မာနိုင်ငံတွင် တနင်္ဂနွေနေ့က လှုပ်ခတ်သွားသည့် ငလျင်ကြီးကြောင့် အနည်းဆုံး ၁၃ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရသွားကြောင်း
ဒေသခံများ၊ ကယ်ဆယ်ရေးဝန်ထမ်းများကို ကိုးကားပြီး AFP သတင်းတပုဒ်တွင် ရေးထားသည်။
၆ ဒဿမ ၈ ရစ်တာစကေးရှိသည့် ငလျင်လှုပ်အပြီး ၅ ဒဿမ ၈ ရစ်တာစကေး ငလျင်တခု ထပ်လှုပ်ကြောင်း၊ နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုကို မသိရှိရကြောင်း သတင်းတွင် ရေးသား ဖော်ပြထားသည်။
အကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်သော Save the Children အဖွဲ့၏ ထုတ်ပြန်ချက်အရ တည်ဆောက်ဆဲတံတား ပျက်စီးမှုကြောင့် အလုပ်သမား ၄ ဦး ဧရာဝတီမြစ်အတွင်း ကျသွားကြောင်း၊ သေဆုံးသွားသည်ဟု ယူဆကြောင်း သိရသည်။
မြန်မာအစိုးရ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန အရာရှိတစ်ဦးက သေဆုံးမှု ၇ ခုကို အတည်ပြုနိုင်ပြီဟု ဆိုသည်။
“ငလျင်က အရမ်း ပြင်းတယ်။ ငလျင်လှုပ်ချိန်မှာ ကျွန်မက ဈေးထဲမှာ ဈေးဝယ်နေတာ။ အမျိုးသမီးတွေ ငိုနေတာ တွေ့ရတယ်။ ငလျင်က ထပ်လှုပ်မယ် ထင်ရတာပဲ။
လူတိုင်း ကြောက်နေကြတယ်” ဟု ရွှေဘိုမြို့မှ အသက် ၂၃ နှစ်အရွယ် မ၀င်းဝင်းနွယ်က AFP သတင်းဌာနကို ပြောပြသည်။
AP သတင်းတပုဒ်တွင်လည်း သေဆုံးသူ အနည်းဆုံး ၁၂ ဦး ရှိသည်ဟု ဖော်ပြထားသည်။ ငလျင်ဗဟိုချက်မနှင့် အနီးတ၀ိုက်ရှိ မြို့ငယ်များတွင် ထိခိုက်မှု အများအပြားရှိသည်ဟု ဆိုသည်။.
ယမန်နှစ် နှစ်ဆန်းပိုင်းက ရှမ်းပြည်နယ် တာချီလိတ်မြို့အနီး လှုပ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ ၇၀ ထက် မနည်း ရှိခဲ့သည်။
မိုးမခအထောက်တော် အမှတ် ၀၀၂
နိုဝင်ဘာ ၁၁၊ ၂၀၁၂
![]() |
| ရွှေဘိုမြို့အနီး တည်ဆောက်ဆဲတံတားကို ငလျင်ကြီးအပြီး ဤသို့ တွေ့ရှိရသည် (ဓာတ်ပုံ - AP) |
ဒေသခံများ၊ ကယ်ဆယ်ရေးဝန်ထမ်းများကို ကိုးကားပြီး AFP သတင်းတပုဒ်တွင် ရေးထားသည်။
၆ ဒဿမ ၈ ရစ်တာစကေးရှိသည့် ငလျင်လှုပ်အပြီး ၅ ဒဿမ ၈ ရစ်တာစကေး ငလျင်တခု ထပ်လှုပ်ကြောင်း၊ နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုကို မသိရှိရကြောင်း သတင်းတွင် ရေးသား ဖော်ပြထားသည်။
![]() |
| (ဓာတ်ပုံ - AP) |
မြန်မာအစိုးရ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန အရာရှိတစ်ဦးက သေဆုံးမှု ၇ ခုကို အတည်ပြုနိုင်ပြီဟု ဆိုသည်။
| ရွှေဘိုအနီး ဆိုးဆိုးရွားရွား ပျက်စီးနေသော ကျေးလက်ဒေသ မြင်ကွင်း (ဓာတ်ပုံ - Reuters) |
လူတိုင်း ကြောက်နေကြတယ်” ဟု ရွှေဘိုမြို့မှ အသက် ၂၃ နှစ်အရွယ် မ၀င်းဝင်းနွယ်က AFP သတင်းဌာနကို ပြောပြသည်။
| ရွှေဘိုဒေသ ကျောက်မြောင်းမြို့နယ်ခွဲ ကားလမ်း တစ်နေရာ (ဓာတ်ပုံ - Reuters) |
ယမန်နှစ် နှစ်ဆန်းပိုင်းက ရှမ်းပြည်နယ် တာချီလိတ်မြို့အနီး လှုပ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ ၇၀ ထက် မနည်း ရှိခဲ့သည်။

Comments