Thargyi Maung Zeya - The Night Caught on Fire

မီးတွေလောင်တဲ့ည
သားကြီးမောင်ဇေယျ၊ ဒီဇင်ဘာ ၁၊ ၂၀၁၂
အချို့က မီးနဲ့ပူဇော်တယ်
အချို့က မီးနဲ့ ကစားတယ်။

အချို့က မီးတွေ ထွန်းတယ်၊
အချို့ က မီးတွေ ရှို့တယ်။

အချို့က မီးပုံးတွေ လွှတ်တယ်
အချိုက မီးလောင်ဗုံးတွေ လွှတ်တယ်။

 အချို့က မီးကွင်းပရိတ်ရွတ်တယ်
အချို့က မီးကွင်းနဲ့ ပစ်တယ်။

အချို့မျက်နှာတွေ မီးလောင်ကုန်တယ်
အချို့ခြေထောက်တွေ မီးလောင်ကုန်တယ်
အချို့တကိုယ်လုံး မီးလောင်ကုန်တယ်
ငါတို့အားလုံး    အိပ်မက်တွေ မီးလောင်ကုန်တယ်။
(သားကြီးမောင်ဇေယျ)

Comments