2 Villagers summoned for helping reporters

သတင်းသွားရောက်ရယူရာတွင်ကူညီခဲ့သော ရွာသား ၂ဦး တရားစွဲခံရ
ဟသာင်္တက ပေးစာ၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၂
ဟင်္သာတနယ်ခံသတင်းထောက် ၂ဦးမှ လေးမျက်နှာမြို.နယ်၊ ၀က်ဆင်းအိုင်ကျေးရွာရှိ စပါးခွံဂက်စ်သုံးဆန်စက်၏ ကျေးရွာအတွင်း ရေဆိုးစွန့်ပစ်မှုများကြောင့် ကျေးရွာအတွင်း စိုက်ပျိုးမြေများတွင် ထိခိုက်မှုများရှိနေကြောင်း၊ ဒေသတွင်း ကျန်းမာရေးထိခိုက်မှုများရှိနေကြောင်း သတင်းရရှိသည့်အတွက် သွားရောက်သတင်းရယူရာတွင် လိုက်ပါကူညီခဲ့သူများအား တရားစွဲဆိုခံရမှုများရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့တွေ ဒီဇင်ဘာလ ၆ ရက်နေ.တုန်းက သတင်းသွားရောက်ယူခဲ့တဲ့အခါ ဒေသခံ
တွေက လိုက်ပါကူညီခဲ့ကြပါတယ်။ သတင်းတွေကို မေးမြန်းအပြီး ဆန်စက်အပြင်ကဓါတ်ပုံရိုက်ခဲ့တယ်။
ကျွန်တော်တို့တွေနဲ့အတူ ရွာခံတွေရှိနေတုန်းကတော့ ပိုင်နက်အတွင်း ၀င်ခဲ့တာမရှိပါဘူး။ အခုတရားစွဲခံရတယ်ကြားပြီး ဒေသခံတွေကိုမေးတော့ သူတို့လည်း ၀င်ခဲ့တာမရှိဘူးလို့ ပြောပါတယ်။ ဒေသခံတွေကိုလည်း သူများ ပိုင်နက်အတွင်း မ၀င်ဖို့နဲ့ စကားတွေမလွန်ဖို့ ပြောခဲ့ပေမယ့် ကျွန်တော်တို့ ပြန်ပြီးနောက်ပိုင်း မှာ ပုဒ်မ ၂ ခုနဲ.တရားစွဲခံရတယ်ဆိုတဲ့ သတင်းကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။”” ဟု ဟင်္သာတနယ်ခံ သတင်းသမားကပြောသည်။
အဆိုပါ တရားစွဲဆိုခံရမှုတွင် လေးမျက်နှာမြို.နယ်၊ ၀က်ဆင်းအိုင်ကျေးရွာရှိဒေသခံ ဦးခင်နှင့်
ဦးချစ်မြိုင်တို့ ၂ဦး အား မိဘမေတ္တာ ငါးပုံဆန်စက်ပိုင်ရှင် ဒေါ်မ၀င်းက လေးမျက်နှာမြို.နယ်တရားရုံးသို.
ဦးတိုက်လျှောက်ထားရာ ပုဒ်မ ၄၄၇/ ၅၀၆ ဖြင့် တရားစွဲဆိုခံရကြောင်း ဒီဇင်ဘာလ ၇ ရက်နေ.တွင် တရားစွဲဆိုခံရသူ ကာယကံရှင်များမှအကြောင်းကြားစာရရှိခဲ့ကြောင်းသိရသည်။ ရုံးချိန်အား ဒီဇင်ဘာလ ၁၇ ရက်နေ.တွင်ချိန်းဆိုထားကြောင်းလည်း သိရပါသည်။

Comments