Burmese Exile Party visits Burma






ပြည်ပအခြေစိုက် လူ့ဘောင်သစ်ပါတီ မြန်မာပြည်ကို လေ့လာဟု ဆို
ဓာတ်ပုံသတင်း၊ Myanmar Age Facebook၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၂   
ပြည်ပရောက် မြန်မာအတိုက်အခံ အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများ မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်မှုများ တဖွဲဖွဲ တိုးတက်များပြားလျက်ရှိရာ ယခု ၂၀၁၃ နှစ်မကူးမီမှာတင် ပြည်ပအခြေစိုက် အတိုက်အခံပါတီတခုဖြစ်သည့် လူ့ဘောင်သစ်ပါတီလည်း မြန်မာပြည်သို့ လေ့လာရေးခရီး သွားရောက်လည်ပတ်သည်ဟု ဆိုသည်။
အဆိုပါ သတင်းကို ဖေ့စ်ဘွတ်တင် မြန်မာ့ခေတ်သတင်းတွင် ရေးသားထားသည်ကို တွေ့ရသည်။ မြန်မာ့ခေတ်က ရေးသားရာတွင် …
ရန်ကုန်၊ ဒီဇင်ဘာ ၁၁။
ယနေ့ နံနက် (၁၀း၀၀)နာရီတွင် (၂၄)နှစ်တိုင် ပြည်ဝင်ခွင့် ပိတ်ပင်ခံရသော
ပြည်ပအခြေစိုက် လူ့ဘောင်သစ်ပါတီသည် မြန်မာနိုင်ငံတွင်း နိုင်ငံရေး
လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်ရန် အတွက် ရန်ကုန်မြို့သို့ လေ့လာရေး
ခရီးစဉ် စတင်ကြောင်း
လူ့ဘောင်သစ်ပါတီ လူငယ် ဥက္ကဋ္ဌမနော်မေဘယ်ထူးက
ပြောကြားသည်။
၎င်းတို့သည် ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့ပြီး သခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန်သို့
လည်း လာရောက် ဂါရဝ ပြုခဲ့ကြောင်း သိရသည်။
အဆိုပါလေ့လာရေးခရီးစဉ်တွင် ရန်ကုန်၊ မန္တလေးနှင့် လတ်တလောအကြမ်းဖက်မှု
ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်သို့လည်း သွားရောက်မည် ဖြစ်ကြောင်းသိရသည်။
(Photo – Myanmar Age, Facebook)

Comments