Burmese in India Protest Thein Sein's Regime




အိန္ဒိယရောက် မြန်မာ့အရေးလှုပ်ရှားသူများ ဦးသိန်းစိန်အစိုးရကို ကန့်ကွက်ဆန္ဒပြ
မိုးမခဓာတ်ပုံသတင်း၊ ဒီဇင်ဘာ ၂၂၊ ၂၀၁၂
ဒီဇင်ဘာ ၁၇ မှ ၂၁ ရက်အထိ အိန္ဒိယရောက် မြန်မာ့အရေးလှုပ်ရှားသူ ဦးရေ ၅၀ ခန့်က ဦးသိန်းစိန်အစိုးရကို ထိုင်သပိတ်ဖြင့် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်ကို တွေ့ရသည်။ ထိုရက်သတ္တပတ်တွင် မြန်မာပြည်က သမ္မတဦးသိန်းစိန်က အိန္ဒိယပြည်ကို လာရောက်လည်ပတ်ခဲ့သည်။
ကန့်ကွက်ဆန္ဒပြသူများက ထိုင်သပိတ်အပြင် ပိုစတာနှင့် ဓာတ်ပုံပြပွဲများကိုပါ ပူးတွဲ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

  နိုဝင်ဘာ ၂၉၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်သူများအား အကြမ်းဖက်ဖြိုခွဲခြင်းကို ကန့်ကွက် ရှုတ်ချခြင်းနှင့်အတူ ပြည်တွင်းစစ် ချက်ခြင်း ရပ်စဲရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ မြန်မာတပြည်လုံး လူ့အခွင့်အရေး အာမခံချက် ရရှိရေးနှင့် ဒေသခံပြည်သူတို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးတို့ကို တောင်းဆိုခဲ့ကြသည်။
(ဓာတ်ပုံ - ကိုကျော်သန်းအီးမေးမှ တဆင့်ကူးယူသည်)

Comments