Burmese Regime asks forgiveness from monks


ကြံ့ဖွံ့အစိုးရက လက်ပံတောင်းတောင်သံဃာတွေကို တိုက်ရိုက်တောင်းပန်ဟု ဆို
 (ဓာတ်ပုံ မောင်ဘဦး၊ မန္တလေး၊ ဖေ့စ်ဘွတ်က တဆင့်ယူပါတယ်) ဒီဇင်ဘာ ၁၅၊ ၂၀၁၂။
လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲမှုတွင် မီးလောင်ဒဏ်ရာရရှိခဲ့သော ရဟန်း သံဃာတော်များနှင့် သာမဏေများကို ပြည်ထောင်စုအစိုးရ(ကိုယ်စား) သမ္မတရုံး ၀န်ကြီးဦလှထွန်းနှင့်အစိုးရအဖွဲ့က တောင်းပန်သည့်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်က မန္တလေမြို့၊ မန္တလေးတောင်ခြေရှိ မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတွင် ကျင်းပပြုလုပ်ရာ တောင်းပန်မှုကို သံဃာတော်များက လက်ခံတော်မူသည်။
အခမ်းအနားတွင် ပြည်ထောင်စုအစိုးရ (ကိုယ်စား) သမ္မတရုံးဝန်ကြီး ဦလှထွန်း၊ မြန်မာနိုင်ငံရဲချုပ် ကျော်ကျော်ထွန်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဒေါက်တာဝင်းလှိုင်နှင့် အစိုးရအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

Comments