Charity Pwe for Earth Quake Victims from upper Burma by Burmese Comedians


ငလျင်ရန်ပုံငွေပွဲ လူရွှင်တော်များ နွဲကြမည်
မိုးမခအထောက်တော် (ရန်ကုန်)၊ ဒီဇင်ဘာ ၂၂၊ ၂၀၁၂
မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ တွင် လှုပ်ခပ်သွားသော ငလျင်ဒဏ်ခံပြည်သူများအတွက်
ရန်ပုံငွေကပွဲ ကပြတင်ဆက်မည်ဖြစ်ကြောင်းသိရှိရသည်။ ၎င်းကပွဲကို မန္တလေးဘုရားကြီးဝင်းအတွင်း ဇန်န၀ါရီ (၁၅) ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားပြီး ရန်ကုန်၊ မန္တလေး ဟာသလူရွင်တော်များပူးပေါင်းတင်ဆက်ကြမည်ဖြစ်သည်။
ကိုဧရာ၊ ဗေဒါ ၊အုန်းသီး၊ နှုတ်ခမ်းမွေး ပါပါလေး ၊ သပြေ ဂျာအေး ၊ ဦးထင်ပေါ်၊နှင့် သီးလေးသီး အဖွဲ့သားများ ၊ ရွှေညီအကိုအဖွဲ့သားများ လူရွင်တော် (၃၀) ကျော် ပါဝင်ကြမည်ဖြစ်သည်။
" ဒီပွဲလေး စဖြစ်တာကတော့ ကျနော်မန္တလေးရောက်တုန်း လူရွင်တော်တွေပေါင်းပြီးတော့ ရန်ပုံငွေပွဲလေး လုပ်ချင်တယ်ဆြိုပီး ဦးပါလေးတို့ နဲ့ စကားပြောဖြစ်တယ်။ သူတို့အားလုံးကလဲ အားတတ်သရောပဲ၊ နောက် ကိုဧရာတို့ကို မေးကြည့်တော့ သူတို့လဲပါမယ်ပေါ့၊ အဲဒါနဲ့ ဒီပွဲလေးစဖြစ်တာ။ လူရွင်တော်တွေအများကြီးဆိုတော့ ပျော်ဖို့လဲကောင်းမယ်။
ပါဝင်တဲ့ အနုပညာရှင်တွေ အနုပညာကြေး တပြားမှ မယူကြဘူး။ စေတနာနဲ့ ကကြမယ့် ရန်ပုံငွေပွဲလေးပါ"
သီးလေးသီးအဖွဲ့ဝင် လူရွင်တော်ပန်းသီးမှ ပြောပြပါသည်။

Comments