Kamarple - Poem

ရု ပ် ကြွ င်း
 ကမာပုလဲ
ဒီဇင်ဘာ ၂၇၊ ၂၀၁၁

 
တစုံတယောက်ဟာ
မင့်နှလုံးသားထဲ ပျော်ဝင်ရှင်သန်နေခဲ့
သံသယနဲ့ ငဲ့မကြည့်နဲ့ကွယ် ...။

မင့်အသက်ရှိုက်သံမှာ
သူ့ရင် … လှိုင်းတို့တဖျပ်ဖျပ်
စီးဝင်လာတဲ့ မြစ်တစင်းပေါ် ... သူ့အသက်လှေ။

ညကို နှင်းဆီနီနီပန်ပေးလိုက်
တကယ်တော့ သက်တံဆိုတာ ထင်ယောင်မြင်မှားမှုပါ
မမြဲဘူး ...ဒါပေမဲ့ ... ဖြားယောင်းနိုင်စွမ်းရှိတယ်။

နံနက်ခင်းရဲ့ အရှေ့ဘက်မိုးကောင်းကင်
တညလုံး ချိတ်ဆွဲထားတဲ့ မီးပြတိုက်က မီးအိမ်ငယ်ကလေး
သင့်အမည်နာမကို ကိုယ်ကိုယ်တိုင် ရေးထိုးထားခဲ့မယ် ...
“အချစ်”လို့... ။          ။

Comments