LetpaDaung Project Protest Crackdown Aftermath - photos & captions


သလ္လာဝတီတိုင်းသတင်းစာမျက်နှာနဲ့ ဖေ့စ်ဘွတ်တွေကပြောတဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှုအပြီး မြင်ကွင်း
ဓာတ်ပုံသတင်းကောက်နုတ်ချက်၊ ဒီဇင်ဘာ ၂၊ ၂၀၁၂
 (၂၀၁၂ ဒီဇင်ဘာ ၁၊ ၂၀၁၂ မှ ၂၀၁၂ နိုဝင်ဘာ ၂၉  အထိ)
           
ဒုရဲမှူးကြီး တင်ထွန်း က ဖြေကြားနေစဉ် ...
(ကိုနေမျိုးဇင်၏ ရေးသားချက် ...)
ပြီးခဲ့တဲ့ တရက်က ဖြစ်ခဲ့တဲ့ လက်ပံတောင်း တောင်ဖြစ်စဉ် ကို ကျနော် မြင်တွေ့ခဲ့ရတာတွေ၊ နယ်ခံ ကျေးရွာသားတွေ ပြောပြချက်တွေ၊ ရဲ ခရိုင်မှူး တုန့်ပြန်ပုံတွေ၊ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာက တုန့်ပြန်ပုံတွေ၊ လက်ရှိနောက်ဆုံး နိုင်ငံတော် သမ္မတ ရုံးက ချက်ချင်း ပြင်ဆင်ဖွဲ့စည်း ထုတ်ပြန်ပေးလိုက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပေးလိုက်ခြင်းတွေကို သုံးသပ်ခြင်းအားဖြင့် ဒီလို ရုတ်ရင်းကြမ်းတမ်း လူမဆန်တဲ့ မီးလောင်ဗုံး နဲ့ ပစ်ခတ် ဖြိုခွင်းဖို့ အမိန့်ကို နိုင်ငံတော် သမ္မတကြီး မသိလိုက်ဘူး လို့ ကျနော် သုံးသပ်မိပါတယ်။ 
အထက်ကတော့ ဥပဒေ ပါ အတိုင်း လူစု မခွဲရင် လုပ်ထုံး လုပ်နည်း နဲ့ အညီ ဖြေရှင်း လူစုခွဲပါ လို့ပဲ ပြောမှာ ညွှန်ကြားမယ် ထင်ပါတယ်။ ကြား တဆင့် ၀န်ကြီး သော်လည်းကောင်း ရဲချုပ် သော်လည်းကောင်း၊ တိုင်း ၀န်ကြီးချုပ် သော်လည်းကောင်း အဆင့် တဆင့်ကနေ ဘယ်လို လက်နက်နဲ့ ပစ်ခတ် လိုက်ကွာ ဆိုပြီး အမိန့်ထုတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။
ဒါမှ မဟုတ်ရင်တော့ ကျနော့် တပ်က စီနီုယာ ကြီး တဦး သုံးသပ် သလိုပဲ။ ခေတ်သစ် အဓိကရုဏ်း နှိမ်နှင်းရေး ရဲတပ်ဖွဲ့က အရည်အသွေး သိပ်ကို ထက်မြက်လွန်းနေတော့ မီးလောင်ဗုံးမှန်း ။ မီးခိုးဗုံးမှန်း မသိ၊ ထုတ်ပစ်တာလည်း ဖြစ်နိုင်သလို၊ တရုတ်ပြည်က မီးလောင်ဗုံးကို မီးခိုး ဗုံးလို့ လိမ်ညာရောင်းချတာကို အဟုတ်ကြီးမှတ် ၀ယ်လာပြီး လက်တွေ့ပစ်ခတ် ကြည့်မှ မီးလောင်ဗုံး ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ 
ဒါမှ မဟုတ် ၊ တရား ဥပဒေ စိုးမိုးမှု အကောင်အထည် ဖေါ်ဖို့ ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုပ်ဆောင်မှုတွေ နိုင်ငံတော် သမ္မတကြီး နဲ့ အတူတွဲပြီး ပြုပြင်ပြောင်းလဲရေးကို လိုက်ပါလိုခြင်း မရှိတဲ့ စနစ်ဆွေး အကြွင်းအကျန် အရာရှိကြီးတွေ ထဲက တဦးဦးက ပွဲဆူမှ ဖျာခင်းချင်လို့ ဒီယုံမြင်လို့ ဒီချုံကို ထွင်လိုက်တာလား တခုခုတော့ တခုခု ပါပဲ
သေချာတာကတော့ ကျနော်တို့ နိုင်ငံသား တွေ က မ အ တော့ဘူး ဆိုတာပါပဲ။
မ အ ယုံတင် မက ဘူး။ မ ( မ ) ကြောက်တော့ဘူး ဆိုတာလည်း ထည့်ပြောလိုက်အုံးမယ်။
ကျနော်တို့ ကွန်ယက်သည် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်း ခံရမှု ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အပြည့်အ၀ ထောက်ခံ ကူညီသွားမည်ဖြစ်ပါကြောင်း တပါတည်း တင်ပြလိုက်ပါသည်။  (နေမျိုးဇင်)


ဒုရဲအုပ် မျိုးမင်းနိုင် - လ ၂၄၇၆၅၉ ( တန့်ဆည်စခန်း မုံရွာခရိုင်)

(ကိုနေမျိုးဇင် ...) မနေ့မနက် ၈ နာရီခန့် ရဲတပ်ဖွဲ့လက်နက်ကိုင်မျာ နှင့် ကျနော်တို့ ပြည်သူများ အခြေအတင်စကားပြောဖြစ်ခိုက်၊ ကျနော်တို့က အခုလို လူ သံဃာတော် တို့ကို မီးလောင်ဗုံးဖြင့် ပစ်ခတ်ခြင်းကို လုံးဝ မလုပ်သင့်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခိုက် ရဲ တပွင့် နှင့် အရာရှိက ခပ်ရင့် ရင့် ပြန်ပြောသည်။ ငါတို့ က အထက်က ခိုင်းတဲ့ အတိုင်း လုပ်မှာပဲ။ ဘာမှ လာမပြောနဲ့ ဆိုသည်။ ထိုအခါ ကျနော်လည်း စိတ် ပေါက်ပေါက်ဖြင့် စကား တခွန်း ပြန်အော် ပြောလိုက်သည်။ 
အဲဒိ အထက်က လူက မင် အမေ ကို မင်း ပြန် မုဒိမ်း ကျင့် စမ်းကွာ ဆို ခင်ဗျား တို့ အမိန့် အတိုင်း လိုက်လုပ်မှာလား ............
လူထု အကြားမှ တောက်ခေါက်သံများ ထွက်လာသည်။
ထို အခါ ထို ရဲ အရာရှိ မျက်နှာလှည့်သွားပြီး ကျောပေးနေပါတော့သည်။ 

 
ကြွရောက်လာသောဆရာတော်ကြီးများအား စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးဆိုသူက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းနေစဉ်။
မုံရွာမြို့ခံတွေက ၀ါးကနဲရယ်ပြီးလှောင်ပြောင်ခံလိုက်တဲ့ ၀န်ချတောင်းပန်ပွဲ ကြီးတစ်ခု ဖြစ်သွားခဲ့တယ်လို့ သာသနာရေးဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးကဆို
လက်ပန်းတောင်းတောင်အရေးကိစ္စအကြမ်းဖက်နှိမ်နင်းမှုတွေ့ကြောင့် ဆရာတော်သံဃာတော်တွေ အပြင်းအထန်ဒဏ်ရာတွေရကြတဲ့ အတွက်  ဒီနေ့(၁-၁၂-၂၀၁၂)စနေနေ့နေလည်(၂)နာရီ(၃၀)မိနစ်ခန့်က ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သာသနာရေးဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးဆိုပါတယ်။
"ကျွန်တော်တို့ကို အာဏာပိုင်ကနေ ဆရာတော်တွေကိုမကြွကြွအောင်ပင့်ပေး ရမယ်ဆိုပြီးခိုင်းပါတယ်။ဒါနဲ့ ဆရာတော်အပါး(၂၀)ကိုပင့်ဖိတ်ခဲ့ပါတယ်။မဟာ ဇောတိကာယာမကျောင်းတိုက်က(၃)ပါး၊ အုတ်ကန်တောရစာသင်တိုက်၊ရန် ကင်းကျောင်းတိုက်၊ ဇမ္ဗူ့ရောင်ခြည်ကျောင်းတိုက်၊ အသောကာရုံကျောင်းတိုက်
ရွှေကျင်ဓမ္မာရုံ ကျောင်းတိုက်၊ ဘုရားလှကျောင်းတိုက်၊ ဇောင်ကြမ်းပင်ကျောင်း တိုက်၊ ရွှေသိမ်တော်ကျောင်းတိုက်၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ အရှေ့လေး ထပ်ကျောင်းတိုက်၊ ဓမ္မပါရဂူကျောင်းတိုက်၊ ပဇ္ဇောတာရုံကျောင်းတိုက်၊ မြို့မရွှေ ဂူကျောင်းတိုက်၊ မဟာလယ်တီကျောင်းတိုက်၊ အရှေ့လယ်တီကျောင်းတိုက်၊ မဏီရတနာပုံကျောင်းတိုက်၊ နိဂြောဓာရုံကျောင်းတိုက်၊ စုစုပေါင်း(၂၀)ပင့်ဖိတ် ခဲ့ပါတယ်။
အဲဒီပွဲကို မဟာဇောတိကာယာမကျောင်းတိုက်ဆရာတော်(၃)ပါးကတော့လုံးဝ မကြွရောက်နိုင်ကြောင်း သွားရောက်ပင့်ဖိတ်စဉ်ကတည်း အပြတ်ပြောလွတ် လိုက်ပါတယ်။ ဘုရားသားတော်တွေကိုသတ်တဲ့ ကောင်တွေပင့်တာမကြွဘူးဆို တဲ့သဘောနဲ့ပြောလိုက်တာပါ။
ပွဲကိုတော့ (၁)နာရီစဘို့ပြောထားတာပါ။ ဒါပေမဲ့(၂)နာရီခွဲမှ စနိုင်ခဲ့ပါတယ်။ (၁၀)ပါးဘဲကြွရောက်ခဲ့ပါတယ်။
ကြွရောက်တဲ့ကျောင်းတိုက်တွေက-ဦးသုမန(အရှေ့လေးထပ်) ၊ ဦးပညာဝံသ(ရန်ကင်းကျောင်းတိုက်)၊ ဦးသူရိယ (၀ိဇ္ဇာသိပ္ပံကျောင်းတိုက်)၊ ဦးနန္ဒော(ဓမ္မပါရဂူ)၊ ဦးဇောတိပါလာလင်္ကာရ (ပဇ္ဇော တာရုံကျောင်းတိုက်)၊ ဦးကေသ၀(အသောကာရုံ)၊ ဦးအဂ္ဂသာရ((ရွှေကျင်ဓမ္မာရုံ) ကျောင်းတိုက်)၊ ဦးဝါယုကာ(ရွှေသိမ်တော်ကျောင်းတိုက်)၊ ဦးဥာဏိသရ( ဘုရားလှကျောင်းတိုက်)၊ ဦးနန္ဒောဘာသ(အုတ်ကန်တောရကျောင်းတိုက်)တို့ သာကြွရောက်ခဲ့ကြပါတယ်။
ကြွရောက်လာတဲ့ဆရာတော်တွေကို စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ၀န်ချ တောင်းပန်တာမျိုးတော့ မဟုတ်ဘူး အခုလိုလုပ်လိုက်ရတာဥပဒေ ကြောင်းအရလုပ်ရလို့ စိတ်မကောင်းဖြစ်မိပါကြောင်းဘဲ လျှောက်ထားခဲ့တာပါ။
လျှောက်ထားမှုတွေအပြီးမှာ ဆရာတော်တွေကို သင်္ကန်းကပ်ဖို့အစီအစဉ်ကြေ ငြာလိုက်တော့ အခမ်းအနားမှာ နောက်ရောက်နေတဲ့ မုံရွာမြို့ခံလူထုက ၀ါးကနဲလှောင်ပြောင်သံကြီးတစ်ခုက တင်ဝင်းထွန်းဓမ္မာရုံကြီးအတွင်းမှာ ဟိန်းသွားတာဘဲ "ဟု သာသနာရေးဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးကဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးဆိုသူ၏ပုံ။
သတင်းနှင့်ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း
 
(စစ်ကိုင်းတိုင်းဝန်ကြီးချုပ် သာအေး)
လက်ပံတောင်းကိစ္စနှင့်ပတ်သတ်ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးအား ရာထူးမှ ဖယ်ရှားဖွယ်ရှိဟု သုံးသပ်ပြောဆိုချက်များ ပျံ့နှံ့လျက်ရှိပြီး ထိုသို့ဖယ်ရှားခြင်းအားဖြင့် ဒေါသထွက်နေတဲ့ ပြည်သူတွေရဲ့ စိတ်ကို နှစ်သိမ့်ပေးနိုင်မလားဆို သတင်းတွေ ပေါ်ပေါက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းသပိတ်စခန်း ကိစ္စဖြစ်ပေါ်အပြီး မုံရွာမြို့ မဟာဇောတိကရာမ ကျောင်းတိုက်တွင် ဦးသာအေး ဆပ်ကပ်သော ဆွမ်းကို သံဃာတော်များက ဘုန်းမပေးဘဲ သပိတ်မှောက်ခဲ့ကြသည်။
သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရခြင်းကြောင့် ဒဏ်ရာရ သံဃာတော်များအား မုံရွာပြည်သူ့ဆေးရုံမှ ဆေးဝါးများ လုံလောက်စွာ ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အပြင် လူနာအား ပြုစုစောင့်ရှောက်မှု အားနည်းလျက်ရှိကြောင်း သံဃာတော်များသို့ ငွေကြေးသွားရောက်လှူဒါန်းသူ အလှူရှင်တစ်ဦးက ပြောကြားသည်။
"ကျွန်တော်မြင်ခဲ့သလောက်ဆိုရင် ဆရာတော်တွေကို မှင်ပြာတွေပဲ သုတ်လိမ်
းပေးထားတယ်၊ စောင်တွေခြုံပေးထားတယ်၊ ဒီလောက်ပဲ၊ အခုလိုမျိုး ဒဏ်ရာတွေဟာ မှင်ပြာသုတ်ရုံနဲ့ မလုံလောက်ပါဘူး" ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး သွားဆရာဝန်တစ်ဦးကလည်း "ကျွန်တော်က ဆေးဝါး လှူချင်တာမို့ ဆေးရုံသွားကြည့်ပါတယ်၊ ဒါပေမယ့် သံဃာတော် လူနာတွေအတွက် လူနာ Chart တောင်မှ ရေးထားတာမရှိပါဘူး၊ သူနာပြုတွေကလည်း အမေစုလာရင် ၀ုန်းကနဲ ထကြည့်လိုက်၊ ကိုကျော်သူလာရင် ၀ုန်းကနဲ ထကြည့်လိုက်နဲ့ပဲ လုပ်နေတာကြတာ တွေ့တယ်၊ အနီးကပ်စောင့်ရှောက်မှု ပေးနေတာ တစ်ခုမှ မတွေ့ဘူး" ဟု ပြောကြားသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သံဃာတော်များအတွက် လိုအပ်သော ဆေးဝါးများကို ပြည်ပမှ ၀ယ်ယူလှူဒါန်းပါမည်ဟု ပြောကြားသွားကြောင်းလည်း သတင်းရရှိပါသည်။
နိုင်ငံတစ်ကာသတင်းစာများရဲ့ စာမျက်နှာမှာ သံမဏိမယ်လို့တင်စားခံရတဲ့ မသွဲ့သွဲ့ဝင်း နှင့် မအေးနက်တို့ကို ၀င်းယူနတီဟိုတယ်အထွက်တွင် သတင်းမီဒီယာများက ၀ိုင်း၍ အင်တာဗျူးနေကြစဉ် ပုံ။ (နို ၃၀)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်-နိုဘယ်ငြိမ်းချမ်းရေးဆုရှင်-ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်တွင်းပြည်ပသတင်းမီဒီယာ၏မေးမြန်းချက် များပြန်လည်ဖြေကြားနေစဉ်။ (နို ၃၀)
သတင်းဓာတ်ပုံ-သလ္လာဝတီတိုင်မ်း
 
မုံရွာမြို့သို့ရောက်ရှိနေသော-နာရေးကူညီမှုအသင်း(ရန်ကုန်)မှကိုကျော်သူ က စိတ်မကောင်းများစွာဖြစ်ရကြောင်း မုံရွာမြို့ ကျောက္ကာလမ်း (Eagle)ဆိုင် ကယ် အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်တွင်ပြောကြားနေစဉ်။ သတင်းဓာတ်ပုံ-သလ္လာဝတီတိုင်မ်း (နို ၃၀)
 
သီတဂူဆရာတော် ဦးဥာဏိသရ၊ ထိခိုက်ဒဏ်ရာရ ရဟန်းတော်ကို မုံရွာပြည့်သူ့ဆေးရုံကြီးတွင် လာရောက် ကြည့်ရှုစဉ် ... (နို ၂၉ )
ဒီသင်္ကန်းကိုသေချာသိမ်းထားပါ ကမ္ဘာကျော်မဲ့သင်္ကန်းတွေဖြစ်ပါတယ် ငါ့မှာတောင် ဒီလိုသင်္ကန်းမရှိဘူး တန်ဖိုးဖြန်လို့မရဘူး ဟုမိန့်တော်မူကာ မီးကျွမ်းနေတဲ့ သင်္ကန်းတွေကို သေချာစွာကြည့်ရှု့နေတော်မူပုံ။ သတင်းနှင့်ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း
 
ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင် စီးပွားရေးဦးပိုင်လီမိတက်က တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံခဲ့ရာမှာ တွေ့ဆုံခွင့် မရခဲ့ဘူးလို့ ပြောပါတယ်။ (နို ၂၉ )
“ကျမတို့ ဆွေးနွေးဖို့ ကမ်းလှမ်းတာ အဲက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံး ဘယ်သူမှ ကျမတို့နဲ့ တွေ့ဖို့ လက်မခံပါဘူး။ ကုမ္ပဏီရှေ့မှာ ကျမ ၁ နာရီလောက် ရပ်ပြီး တွေ့ဆုံဖို့ရာ အကြောင်းကြားတာကို ဘယ်သူမှ အကြောင်းမပြန်ပါဘူး။”
ပြည်ထဲရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့၏ အမိန့်အရဟု ကြေငြာခဲ့ပြီး ပစ်မိန့်ပေးလိုက်တဲ့ ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး- ဇော်မိုးအောင် ဆိုသူနှင့် ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ပုံ။ (နို ၂၉ )



Comments