Letter from Naung Cho - Teacher paying 1000 Kyats deduction to supervisor

 နောင်ချိုမြို့က အညွှန်းကိန်းများ
ဝန်ထမ်းတဦး၊ ဒီဇင်ဘာ ၈၊ ၂၀၁၂

ရှမ်းပြည်မြောက်ပိုင်းရှိမြို့လေးတမြို့ဖြစ်တဲ့ နောင်ချို မြို့လေး ရဲ့မြို့နယ်မှာ ကျောင်းဆရာ ဆရာမ ပေါင်း ၇၀၀ ရှိပါတယ်။ အဲသည်ဆရာဆရာမတွေ လစာထုတ်တိုင်း မြို့နယ်ပညာရေးမှူးက တလ ဆရာ ဆရာမ တစ်ဦးလျှင် ၁၀၀၀ ကျပ်ဖြတ်ပါတယ်။ ဖြတ်တဲ့ခေါင်းစဉ်က အညွှန်းကိန်းတဲ့။
ဘယ်နေရာမှာသုံးဖို့လဲဆိုတော့ လူကြီးတွေလာရင်လက်ဆောင်ပေးကျွေးမွေးဧည့်ခံဖို့ တဲ့။
သိရတာက ဒါတွေ မလုပ်ရတော့ဘူး၊  လူကြီးလာရင်ဘာမှပေးစရာမလိုတော့ဘူး … တဲ့ ဆိုပြီး နိုင်ငံတော်က ပြောနေပြီ မဟုတ်လား။ ဘယ်လောက်သုံးပြီးပြီ ဘယ်လောက်ကျန်တယ်ဆိုတာလဲ
တခါမှစာရင်းမရှင်းပါ။  
ဆရာဆရာမတွေက တောရွာလေးများမှာ သွားပြီး စာသင်အလုပ်လုပ်ရတာပါ။ ရတဲ့ လစာက  မဖြစ်စလောက်ပါ။  မြို့နယ်ပညာရေးမှူး လစာနှင့်စာလျှင် အပုံကြီး ကွာပါတယ်။  လစဉ် လူကြီးလာတယ်လည်း မကြားမိပါ။ 
သည်လ  (နိုဝင်ဘာလ ) အတွက်တော့  ၁၂၀၀ ကျပ် ဖြတ်ပါတယ်။ ကထိန်ကြေး အပါအ၀င် တဲ့ ။

Comments