News in Brief

 လက်ပတောင်းတောင်အရေး ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ (၆) ဦးအား တရားရုံးထုတ်
မိုးမခ
ဒီဇင်ဘာ ၃၊ ၂၀၁၂

နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကြေးနီတောင်စီမံကိန်းရပ်ဆိုင်းရေး လူထုဆန္ဒဖော်ထုတ်ပွဲတရပ်ပြုလုပ်ခဲ့ပြီး ၎င်းတို့အထဲမှ ဦးဆောင်သူ (၆) ဦး ကို ပုဒ်မ ၅၀၅ (ခ) တရားရုံးမှ ရမ္မာန်ယူ တရားစွဲဆိုကာ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရပါတယ်။

အဆိုပါ (၆) ဦးထဲမှ ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ၊ ဦးမျိုးချစ်နှင့် ကိုဝေဠု တို့ကို ကျောက်တံတားနှင့် ပန်းပဲတန်းမြို့နယ် (၂) ခုတို့မှ တ မြို့နယ်လျှင် တစ်မှုစီဖြင့်စွဲချက်တင်ခဲ့ပြီး ကိုရဲလင်းနှင့် ကိုညီညီတို့ကို ပန်းပဲတန်းမြို့နယ်မှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ယနေ့နံနက်ပိုင်းက အဆိုပါဦးဆောင်သူ (၆) ဦးအား ကျောက်တံတားမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့ကြောင်းလည်း သိရပါတယ်။
 
 ဓာတ်ပုံ - YIP

Comments