SF Bay Area - Kachin Refugee in Burma Fund Raising Pwe Program Announced


ကချင်ဒုက္ခသည်များ ကူညီရေးရန်ပုံငွေပွဲ အချိန်နဲ့ အစီအစဉ်
မိုးမခအထောက်တော် ၀၀၂၊ ဒီဇင်ဘာ ၅၊ ၂၀၁၂
လာမည့် ဒီဇင်ဘာ ၈၊ စနေနေ့၊ ဆန်ဖရန်ဘေးဧရိယာ ကချင်တိုင်းရင်းသားမိသားစုများ၏ ကချင်ပြည်နယ်က စစ်ဘေးသင့်ဒုက္ခသည်များကူညီရေး ရန်ပုံငွေဈေးရောင်းပွဲတော် အချိန်နှင့် အစီအစဉ်စာရင်း မူလက နေ့လည် ၂ နာရီမှ ၇ နာရီဟု ဖော်ပြထားသည်။
(အမှားပြင်ဆင်ချက်)
နေ့ခင်း ၂ နာရီမှ ၄ နာရီအထိ အစားအသောက်များ ရောင်းချခြင်း၊ နေ့လည် ၄ နာရီမှ ၇ နာရီအထိ ဟောပြောပွဲအစီအစဉ်တွင် Howa Ja La (KNO ဥက္ကဋ္ဌ)၊ ကိုမင်းဇင် (ပညာရှင်နှင့် စာနယ်ဇင်းဆရာဟောင်း) နှင့် Gun Nwang တို့က ကချင်ပြည်နယ်နှင့် ဒုက္ခသည်အရေးကိစ္စများကို ဟောပြောကြမည်ဟု သိရသည်။ ပွဲတော်တွင် ဓာတ်ပုံပြပွဲပါ ပူးတွဲကျင်းပမည် ဖြစ်ပြီး Ryan Libre (Nikon Award Winner)၊ Hkun Li နှင့် Ranir တို့၏ လက်ရာများကို ပြသမည်ဖြစ်သည်။

Comments