Thit Kaung Eain - Will for my son

လူလေးအတွက် တေး
သစ်ကောင်းအိမ်၊ ဒီဇင်ဘာ ၉ ၊ ၂၀၁၂

နှစ်ချို့ငါးခူကြီးတွေစားရကံကြုံဖို့
အန္တရာယ်ကင်းဘေးရှင်း
ရွှေတိဂုံဘုရားတောင်ဘက်မုခ်ခြေရင်းက
ရေကန်ကြီးထဲ
သက်စေ့လွှတ်ခံလိုက်ရတဲ့ ငါးတွေလို …

မြေခွေးနဲ့ပေါင်းပြီး
ကြက်မွေးမြူရေးလုပ်သလို
ညီညွှတ်ရေးမှာ
အချစ်ရေ….
တို့တတွေလွတ်မြောက်ကြ

သစ်ငုတ်ဖြစ်မယ့်အခေါက်မှ
ငရဲမှာ စုတေမိသူ
နတ်သားပမာ
အချစ်ရေ…
တို့တွေကိုးကွယ်ရာ
ငြိမ်းချမ်းရေးကျမ်းစာက
ဒေဝဒတ်နဲ့ ပေါင်းမိလို့
ဘုရားလောင်းအဖြစ်က ဈာန်လျောရ

 လူရောက်ပြီ
လင်းတဝဲဖို့ပဲကျန်တော့တဲ့
လကမ္ဘာ…

 အိပ်ရာဝင်ပုံပြင်က
ဂျပန်လေယာဉ်ဗုံးကြဲတာ
ဘုရားရောင်ခြည်တော်လွှတ်တာနဲ့မှား
ရွာဦးကျောင်းစေတီဆီ အလုအယက် ပြေးဖူးကြ
အမေတို့ရွာက
ရွာသားတသိုက်နဲ့ စခဲ့တယ်။

သစ်ကောင်းအိမ်
(၁၂။ ဒီဇင်ဘာ ၈။ ၂၀၁၂)
(သရုပ်ဖော်ပုံကတော့ ကိုပေါက်ဖေ့စ်ဘွတ်က သူသုံးထားတာကို ကူးလိုက်တယ်)

Comments

သစ်ကောင်းအိမ်တို့ကတော့ အမြဲတမ်း လက်ငြိမ်တယ်။ထိထိမိမိရှိတယ်။