ဗီယက်နမ်သို့ အလုပ်သွားလုပ်ခြင်း နှင့် ဆောင်းပါးများ ကောက်နုတ်ချက်
ဇော်အောင် (မုံရွာ)၊ ဒီဇင်ဘာ ၉ ၊ ၂၀၁၂
မော်တော်ဆိုင်ကယ်မစီးတတ်လျှင် မဖြစ်သည့် ဗီယက်နမ်နိုင်ငံ Only In Vietnam ဓါတ်ပုံများဖြင့် စတင်ပါမည်။
ယခုဓါတ်ပုံများကို သင်မြင်သောအခါ ရယ်စရာဖြစ်နေပေမည် (သို့မဟုတ်) သြော်..ဟု တမ်းတပြီး မေ့မေ့ပျောက်ပျောက်ဖြစ်ကောင်း ဖြစ်ပေမည်။ ဗီယက်နမ်တွင် ထိုကဲ့သို့မြင်ကွင်းများမှာ ဘယ်သူမှ ဂရုမစိုက်ပါ။ သက်သက်သာသာပင် မော်တော်ဆိုင်ကယ်ဖြင့် လုပ်ကိုင်စားသောက်နေကြပါသည်။ သက်သက်သာသာပင် မော်တော်ဆိုင်ကယ်ဖြင့် အဖေ၊အမေ၊သား၊သမီး ..တစီးတည်း ပြွတ်ကျပ်စီးနင်း၊ ခရီးသွားနေကြသည်မှာ လမ်းပေါ်တက်သည်နှင့် နေ့စဉ်ဓူဝ မြင်တွေ့နေကျဖြစ်သည်။
ကျွန်တော်တို့ မြန်မာပြည်တွင် တချိန် အနှေးနှင့်အမြန် ဗီယက်နမ်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ကျွန်တော်တို့ မြန်မာပြည်တွင် တချိန် အနှေးနှင့်အမြန် ဗီယက်နမ်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
မိတ်ဆွေ.. ထိုင်း၊မလေးရှား၊စင်ကာပူ၊ကိုးရီးယား၊ဂျပန်၊အမေရိကန် ..စသဖြင့် မိမိရောက်ဖူးသော နိုင်ငံများနှင့်နှိုင်းယှဉ်က မြန်မာပြည်ကို ထိုတိုးတက်သော နိုင်ငံအဆင့်သို့ ရောက်စေချင်လှပေမည်။ ငါတို့ စင်ကာပူတုံးက ဘယ်လိုကွ..ဘာညာကွိကွ ပြောဆိုနေသော်လည်း လက်တွေ့တွင် မြန်မာဓလေ့ထုံးစံ၊ စရိုက်လက္ခဏာများတွင် အဆိုးများပြားနေပါသည်။ မြန်မာပြည်ကမှ တော်သေးတယ်..ဟု .. အင်တာနှေး၊ ၀က်သားဈေး၊ ဈေးကြီးသော အချိုရည်၊ အိမ်ယာဈေးများတက်ပြီး မိမိပိုင်ဆိုင်မှု အရမ်းဟုတ်လှပြီ ထင်ကြပါသလား။
ပြည်ပ (သို့မဟုတ်) ပြည်တွင်းတွင် လခစားလုပ်စားသူများ နားလည်ပေမည်။ Basic Pay ဆိုတော့ လခ ရှိသည်။ လစာ တလ ဒေါ်လာ ၁၀၀၀ ရတယ်ကွာ၊ အိုဗာတိုင်နဲ့ဆို၊ စားစရိတ်၊ခရီးစရိတ်ပေါင်းတော့ မဆိုးဘူး ..ဟုပြောကြသည်။ တကယ်တော့ Basic Pay ဆိုသည်မှာ ၀န်ထမ်း၏ တန်ဖိုးဖြစ်သည်။ Basic Pay $1000 ရသောသူ အလုပ်ပြောင်းပါက ကုမ္ပင်္ဏအသစ်က လစာ ၂၀၀ခန့်သာ တိုးပေးနိုင်မည်။ အလွန်တော်သူများမှာ Basic Pay $2000 ၂ဆ တိုးပေးကောင်းပေးမည်။ ထိုပျမ်းမျှလစာ ဆိုသည်မှာ လူတစ်ယောက်၏ တစ်လ၀င်ငွေဖြစ်သည်။ လစာကတော့ မဖြစ်လောက်ပါဘူး။ အောက်ဆိုဒ်က သိပ်ကောင်းတာပဲ ..ဟုပြောဆိုသော မြန်မာပြည် အစိုးရအလုပ်ကိုင်များ မကြာမှီ ဆိတ်သုန်းခန်း ရောက်လာတော့မည်ဖြစ်သည်။
Basic Pay အကြောင်း ရေးသားရခြင်းမှာ တတိုင်းပြည်လုံး၏ ပျှမ်းမှ ၀င်ငွေအကြောင်း နှိုင်းယှဉ်ရေးဖို့ ဖြစ်ပါသည်။ တတိုင်းပြည်လုံး ပျှမ်းမျှ ၀င်ငွေမှာ အမေရိကန်၊ဂျပန်၊စင်ကာပူတို့တွင် တစ်နှစ်လျှင် ဒေါ်လာ ၅သောင်းကျော် ရှိကြသည်။ မြန်မာပြည်ကအလုပ်သမားအဆင့်ပင် စင်ကာပူလာလုပ်ပါက တစ်နှစ် ဒေါ်လာ ၂သောင်းခန့် ရနိုင်သည်။ (အခု ၂၀၁၂မှာ ဈေးကြီးသော စင်ကာပူနေစရိတ်၊စားစရိတ်၊ ခရီးစရိတ် နဲ့ ဘီယာဖို့း၊ စီးကရက်ဖိုး၊ ပိုက်ဆံအိတ်နဲ့ဒေါက်ဖိနပ်ဖိုးေ တွ နှုတ်လိုက်တော့ ကိုယ်အတွက်မကျန်ဖြစ်နေလေပြီ)။ အမေရိကန်သွားပြီး စားပွဲထိုးလုပ်ပါက ဒေါ်လာ ၃သောင်းခန့် ရနိုင်သည်။ ကမ္ဘာစီးပွားရေးပညာရှင်များနှစ် စဉ် မှတ်တမ်းအရ ၂၀၁၁တွင် မြန်မာပြည်အလုပ်သမား ပျှမ်းမျှဝင်ငွေမှာ (စားပွဲထိုးတယောက်ဝင်ငွေဆိုပါစို့) တစ်နှစ် ဒေါ်လာ ၁၂၀၀ခန့်သာ ရှိပါသည်။ ဗီယက်နမ် အလုပ်သမားမှာ တစ်နှစ် ဒေါ်လာ၃၀၀၀ခန့်၊ ထိုင်းအလုပ်သမားမှာ တစ်နှစ် ဒေါ်လာ ၉၀၀၀ခန့်၊ မလေးရှားအလုပ်သမားမှာ တစ်နှစ် ဒေါ်လာ ၁၅၀၀၀ ခန့် ရရှိပါသည်။ ထိုပျှမ်းမျှဝင်ငွေများမှာ Basic Pay နှင့် အလားသဏ္ဍန်တူပါသည်။
ကျွန်ုပ် စင်ကာပူတွင် တလဒေါ်လာ၁၀၀၀ ရသောအလုပ်ကို လုပ်နေရင်း၊ အလုပ်ပြောင်းပြီး အလုပ်ရှင်အသစ်က တစ်လဒေါ်လာ၂၀၀၀ ပေးသော အဆင့်မြင့်အလုပ် ဥပမာ ..အလုပ်သမားအဆင့်မှ၊ မန်နေဂျာအဆင့် အလုပ်ကို လုပ်ခိုင်းပါက လုပ်နိုင်သည် ညာပြောပြီး အလုပ်ရလဲ တလမခံ၊ အလုပ်ပြုတ်သွားမည်ဖြစ်သည်။
တိုးတက်လိုသူများသည် ကောပီအရင်လုပ်ရသည်။ သူများလုပ်တာ ဥပမာ ဆရာ၊စီနီယာများ လုပ်တာကို လေ့လာသင်ယူ၊အတုယူရသည်။ နိုင်ငံသားများ ပျမ်းမျှဝင်ငွေနှင့် နှိုင်းယှဉ်ပါက မြန်မာအတုယူသင့်သော နိုင်ငံမှာ ဗီယက်နမ်ဖြစ်သည်မှာ ထင်ရှားပါသည်။ ထိုင်းစတိုင်၊ မလေးစတိုင်၊ စင်ကာပူစတိုင် မြန်မာနိုင်ငံတွင် သွားလုပ်ပါက ဆင်းရဲ့သော မြန်မာလူထုအတွက် အခက်ခဲဖြစ်မည်။ တရုပ်စတိုင်ကတော့ လုံးဝမကျင့်သုံးအပ်ကြောင်း မြန်မာများ သိရှိပြီးဖြစ်သည်။ (အစိုးရလူကြီးများက ကျင့်သုံးနေဆဲပင်)။
ကျွန်ုပ်အတွက် ဗီယက်နမ်စတိုင် လုပ်ဆောင်ခြင်းသည် ဆင်းရဲသော မြန်မာများအတွက် သင့်လျှော်သည်ဟု ထောက်ခံပါသည်။ မြန်မာလူငယ်များစွာ မကြာခင် ဗီယက်နမ်စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို လာရောက်လေ့လာကြသောအခါ ...မြန်မာများနှင့် ဘာခြားနားသလဲမြင်လာမည်ဖြစ်သည်။ လုပ်ငန်းကြွမ်းကျင်မှု၊ စက်ပစ္စည်းများ ကွာလတီတွင် မြန်မာက သာသည်ဟု မြန်မာ့လုပ်ငန်းရှင်ကြီးတစ်ဦး ဗီယက်နမ်လာရောက်စဉ် မှတ်ချက်ချခဲ့သည်။
ဘာကွာခြားလို့ ဗီယက်နမ်က မြန်မာထက် ၃ဆလောက် ၀င်ငွေကအစ သာလွန်နေရသလဲ ..ဆိုတော့ Attitude ဟုခေါ်သော စိတ်နေသဘောထားဖြစ်သည်။ ဗီယက်နမ်များသည် အထက်လူကြီးကို ကလန်ကဆန် လုပ်ခဲပြီး၊ အဖွဲ့အစည်းနှင့်လုပ်တတ်မှုသည် အဓိကဖြစ်သည်ဟု ဆိုပါသည်။
တဦးချင်း လုပ်ကိုင်မှုများကို အောက်ပါ မော်တော်ဆိုင်ကယ်စီးနင်းမှုမျာြး ဖင့် စတင်ကြည့်ရှု၊လေ့လာကြပါမည်။
တဦးချင်း လုပ်ကိုင်မှုများကို အောက်ပါ မော်တော်ဆိုင်ကယ်စီးနင်းမှုမျာြး
အထက်ပုံများကို ကြည့်ပါက ယောင်္ကျား၊မိန်းမ မရွေး အလုပ်လုပ်ကြသည်။ သယ်ယူပို့ဆောင်ရေးတွင် စက်ဘီး၊ ထော်လာဂျီအဆင့်မှာ မော်တော်ဆိုင်ကယ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အစိုးရကလည်း ဗီယက်နမ်တ၀ှမ်း လမ်းများကို ဖြူးနေအောင် ဖေါက်ပေးထားသည်။ ကွန်ကရိ လမ်းမဟုတ်၊ ကတ္တရာလမ်းဖြစ်သည်။ ကွန်ကရိလမ်းဆိုပါက တာယာများ ခဏခဏလဲမည်။ တိမ်းမှောက်သေကျေမှုများရှိမည်။ ကားဘီးရော၊ ကွန်ကရိလမ်းပါ ခဏခဏပျက်စီးမည်။ ကတ္တရာလမ်းက ကုန်ကျစရိတ်ကြီးသော်လည်း ရေရှည်တွင် ကားတာယာသက်သာမည်၊ မော်တော်ဆိုင်ကယ် တာယာဘိုး တစ်ဦးချင်းသက်သာမှုသည် နိုင်ငံတော်ငွေ သက်သာခြင်းနှင့် အတူတူဖြစ်သည်ဟူသော အယူအဆ၊ ဗီယက်နမ်အစိုးရလူကြီးများတွင် ရှိသည်။
မိသားစု အရေး
လူတိုင်း မိမိမိသားစုအတွက် အလုပ်လုပ်ရသည်။ မိသားစုနှင့် အပမ်းဖြေ၊ ခရီးထွက် စားသောက်ရသည်။ လူဘ၀ အရသာဖြစ်သည်။ ဇနီးမောင်နှံ၂ယောက်၊ သမီးရီးစား၂ယောက် မော်တော်ဆိုင်ကယ်လေးနှင့် အတူသွားလာ ပျော်ရွှင်ကြသည်။ ကလေးရပါက ၂ယောက်အထိ မော်တော်ဆိုင်ကယ်တွင် တင်ဆောင်၊ သွားလာကြသည်။ မော်တော်ဆိုင်ကယ် အမြန်နှုန်းကို မြို့ထဲတွင် ၃၀၊ ၄၀ ကီလိုမျှသာ အလိုက်သိသိ မောင်းနှင်၊ တိမ်းရှောင်ကြသောကြောင့် ယဉ်တိုက်မှုနည်းပါးသည်။ အလွန်များလှသော မော်တော်ဆိုင်ကယ်အုပ်စုလိုက် သွားလာချိန်တွင် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုဖြင့် အရှိန်ကိုထိန်ပြီး၊ ရှောင်တိန်း၊ သွားလာခြင်းကြောင့် တိုက်မှုဖြစ်ရာတွင်လည်း အသက်အန္တရယ် နည်းပါးလှပါသည်။
အောက်ပုံ အများစုသည် မိသားစုလိုက် မော်တော်ဆိုင်ကယ်ကို စုပေါင်းစီးနင်းနေပုံများဖြစ်
21-nov-2006 (speed is generally 40-60km , riding with care, understand each riders)
မိသားစု - ခရီးသွားခြင်းဓါတ်ပုံများ (ဗီယက်နမ် ၂၀၁၂)
နောင် ၁၀နှစ်အကြာမှာ ဗီယက်နမ် ဘတ်စ်ကားနဲ့လူထုခရီးသွား ရထားစနစ်များ ဂျပန်လို တိုးတက်လာမယ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဗီယက်နမ်နိုင်ငံသားတိုင်း မော်တော်ကားဝယ်စီးနိုင်မဲ့အချိ
Now, 2012 .. regulation with light helmet
လမ်းကြိုလမ်းကြားများတွင် ဈေးဆိုင်တန်းများစွာရှိသည်။ မော်တော်ဆိုင်ကယ်ဖြင့် ဈေးဝယ်ကြသည်။ လမ်းလျှောက်နေသူ တွေ့ပါက ထိုသူသည် နိုင်ငံခြားသားဖြစ်ဖို့ လမ်းများပါသည်။ ဗီယက်နမ်တွင် နိုင်ငံခြားသားကိုလည်း အထူးတဆန်း၊ မဆက်ဆံသလို့ မတန်မဆ၊ ဈေးရောင်းခြင်းများလည်း မရှိပါ။ သာမန် ဗီယက်နမ် လူထုသည် လိမ်လည်စားသောက်မှု နည်းပါးသည်။ သို့သော်ဆိုင်ဂုံမြို့ကြီးများ
ဗီယက်နမ်နိုင်ငံအတွေ့အကြုံအချို
ထိုနိုင်ငံတွင် အလုပ်သွားလုပ်စဉ် ၂၀၁၂ အတွေ့အကြုံများ၊ ခရီးသွားမှတ်တမ်းနှင့် ဗီယက်နမ်လူမျိုးတို့၏ စိတ်နေသဘောထားနှင့်မြန်မာအကြော
http://en.wikipedia.org/wiki/
eBook to download http://murann.com/vietnam.pdf
Last Update: 22-Sep-2012 (Ho Chi Minh City)
Link..
http://murann.com/stories/
Link..
http://murann.com/stories/
Link..
http://murann.com/stories/
Subject: Vietnam riders
မဲခေါင်မြစ်သည် ကမ္ဘာ၁၂ခုမြောက် အရှည်ဆုံးမြစ်ဖြစ်ပြီး၊ ၄၃၅၀ ကီလိုမီတာရှည်လျှားသည်။ တိဘက်ပြည်တွင် မြစ်ဖျားခံခဲ့ပြီး၊ တရုပ်ပြည်၊ ယူနန်ပြည်နယ်ကိုဖြက်သန်းကာ၊ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံ တို့မှတဆင့်၊ ကမ္ဘောဒီးယားနိုင်ငံ ဖနုံပင်မြို့တော်ကိုဖြက်ပြီး ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ (ဆိုင်ဂုံမြို့) အောက်ဖက် မဲခေါင်မြစ်ဝှမ်း Mekong Delta အဖြစ်အဆုံးသပ်သည်။ ဗီယက်နမ်နိုင်ငံ၊ မဲခေါင်မြစ်ဝှမ်းသည် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်သည့်နေရာဖြစ်သည်။ ၆နိုင်ငံပူပေါင်းပြီး မဲခေါင်မြစ်ကို ကွယ်ကာစောင့်ရှောက်လျှက်ရှိသည်။ မဲခေါင်မြစ်သည် တရုပ်၊ယူနန်ပြည်နယ်၊ မြန်မာနှင့်ထိုင်းနိုင်ငံများ ကူးသန်းရောင်းဝယ်ရေးအတွက် အဓိကကျသည်။
Comments