6th Anniversary of Passing of Poet U Tin Moe - a charity book for U Win Tin Foundation


ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အမှတ်တရစာအုပ် ထွက်မည်
မိုးမခစာအုပ်စင်၊ ဇန်န၀ါရီ ၁၅၊ ၂၀၁၃
လာမယ့် ဇန်န၀ါရီ ၂၂၊ ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာပြည်က ပဉ္စရူပစာအုပ်တိုက်က ဆောင်းပါးပေါင်းစုံစာအုပ် ထုတ်ပါမယ်။ ဇန်န၀ါရီ ၂၁ မှာ ပြည်တွင်းက စာအုပ်ဆိုင်များကို ဖြန့်ချိမယ်လို့ သိရပါတယ်။ စာရေးဆရာပေါင်းစုံက ဆရာကြီးအကြောင်း အမှတ်တရရေးသားထားတာတွေကို စုစည်းထားပြီး ဓာတ်ပုံမှတ်တမ်းများစွာလည်း ပါဝင်ပါတယ်။ ငွေကြေးအကျိုးအမြတ်အတွက် ထုတ်တာမဟုတ်ဘဲ စာအုပ်က ရောင်းရငွေအကျိုးအမြတ်တွေအားလုံးကို နိုင်ငံရေးအကျဉ်းသားများ နဲ့ မိသားစုများ စောင့်ရှောက်မှု ပြုလုပ်နေတဲ့ ဦးဝင်းတင်ဖောင်ဒေးရှင်းကို လှူဒါန်းမယ်လို့ သိရပါတယ်။
ဒီသတင်းရေးနေချိန်မှာ စာအုပ်ခေါင်းစဉ်နှင့် မျက်နှာဖုံးကို အချက်အလက် မရရှိသေးလို့ ထည့်သွင်းခြင်း မပြုနိုင်ပါ။ အခု ဖော်ပြထားတဲ့ သရုပ်ဖော်က မိုးမခထုတ်ဝေခဲ့တဲ့ ဆရာဦးတင်မိုးရဲ့ မြန်မာကဗျာမိတ်ဆက် အီးဘုတ်အဖုံးသာ ဖြစ်ပါတယ်။

Comments