Htay Win Market in Hinthada - complaint letter

ဟင်္သာတမြို့ ဌေးဝင်းဈေးခေါင်း အဂတိစားသော်လည်း ပြန်လည်ခန့်အပ်
ဟင်္သာတ ဌေးဝင်းဈေးသူ ဈေးသားများ၊ ဇန်န၀ါရီ ၉ ၊ ၂၀၁၃
            ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ဌေးဝင်းဈေးက စည်ပင်သာယာဘဏ္ဍာငွေများကို ခိုးယူ ထွက်ပြေးခဲ့သူ ဦးမြင့်ဦးသည် တိုင်းရုံးတွင် ခံဝန်ကတိဖြင့် ပြန်လည်ရောက်ရှိလာခဲ့ပြီြ့ဖစ်ပါသည်။ ထို ဦးမြင့်ဦး၏ အလိုတူအလိုပါများဖြစ်သော ဒေါ်ညွန့်တင် (ငါးဒိုင်)၊ မတူးတူး (ဖိနပ်ဆိုင်)နှင့် အခြား လူ ၁၀ ဦးတို့ က စည်ပင်သာယာမြို့နယ်ရုံးအဖွဲ့သို့ စာတင်ပြီး ဦးမြင့်ဦးကို ဈေးခေါင်းအဖြစ် ခန့်အပ်ရန် လျောက်ထားနေသည်ဟု ဆိုပါသည်။ ငွေကြေးနှင့် ယုံကြည်မှုအလွဲသုံးစားလုပ်သူ ဦးမြင့်ဦးကို ဈေးသူ ဈေးသားအများစုက သဘောမတူညီကြပါ။
အဆိုပါ လုပ်ငန်းရှင်များသည် ဌေးဝင်းဈေးကို အခြေပြု၍ ကျုးကျော် အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ မီးဘေးနှင့် ကျန်းမာရေး စိုးရိမ်ရသော တာဝန်မဲ့လုပ်ဆောင်မှုများ ဆောင်ရွက်နေခြင်းတို့ကိုလည်း အာဏာပိုင်များက စုံစမ်းပြီး တရားမျှတအောင် အရေးယူပေးစေလိုကြောင်း တင်ပြအပ်ပါသည်။

Comments