Kyaw Thu - FFSS Yangon Activity,

အလှူတော်မင်္ဂလာအစုစု ရွှေစင်စင်္ကြာမိသားစု
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၁၃၊ ၂၀၁၃


ရွှေစင်စင်္ကြာမိသားစုသည် ခရီးသည်များ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ရရှိသော အမြတ်ငွေများဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အစဉ်သဖြင့် လှူဒါန်းမှုပြုနေသော အလှူရှင်ဖြစ်ပြီး အကြိမ်ကြိမ် လှူဒါန်းခဲ့သော အလှူငွေများ ယနေ့ထက်ထိ စုစုပေါင်း ကျပ်သိန်း (၄၁၀)နှင့် (၁၆) 
သိန်းခွဲတန်ဖိုးရှိ ငွေရေစက် (၁) လုံးတို့အား လှူဒါန်းခဲ့သော အလှူရှင်မိသားစုဖြစ်သည်။


၂၃.၁၂.၂၀၁၂ (တနင်္ဂနွေနေ့)တွင် ရွှေစင်စင်္ကြာ အဆင့်မြင့်ခရီးသယ်တင်ယာဉ် မိသားစုမှ ဆောက်လုပ် လှူဒါန်းခဲ့သော မင်္ဂလာဒုံမြို့နယ်၊ အောင်သစ္စာ ပရိယတ္တိစာသင်တိုက်အတွင်းရှိ ရွှေစင်စင်္ကြာ ကျောင်းတော်နှင့် သိမ် ကျောင်းဆောင်သစ် လှူဒါန်းခြင်း အခမ်းအနားပွဲတွင် ရွှေစင်စင်္ကြာမိသားစုမှ ဦးအောင်ကျော်မိုး၊ ဦးမိုးလှိုင် တို့နှင့် အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ရွှေစင်စင်္ကြာမိသားစုသည် ၂၀၁၂ ခုနှစ်အတွင်း လှူဒါန်းမှုများမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ကျပ်သိန်း (၁၀၀၀)၊ ကော့မှူးမြို့နယ်တွင်းရှိ ဘုန်းတော်ကြီး စာသင်ကျောင်းများသို့ ဆန်အိတ် (၄) ပြည်ဆံ့ စုစုပေါင်းအိတ် (၂၀၀၀)၊ မဖြူဖြူသင်း ဖွင့်လှစ်ထားသော HIV ဝေဒနာရှင်များထံသို့ ကျပ်သိန်း ၃၀၅၀၀၀၀ိ/- (သုံးဆယ်ငါးသောင်း) ကျပ်၊ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ကျပ်သိန်း (၁၀၀)နှင့် (၄၅) ယောက်စီး Express ကားကြီးတစ်စီးတို့အား လှူဒါန်းမှုများစွာပြုခဲ့ပါသည်။

 

၎.၁.၂၀၁၃ ရက်နေ့ လွတ်လပ်ရေးနေ့တွင်လည်း ရွှေစင်စင်္ကြာ မော်တော်ယာဉ်အဖွဲ့မှ ပိုင်ရှင် ဦးမိုးလှိုင်နှင့် မန်နေဂျာ ဦးကျော်မင်း အပါအဝင် ဝန်ထမ်းများသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရောက်ရှိလာကြပြီး အလှူငွေကျပ်သိန်း (၁၅ဝ) အား လှူဒါန်းပေးအပ်ပြီး လူမှုရေး (ပရဟိတ) အကျိုးပြု ဗွီဒီယိုဇာတ်ကား ရိုက်ကူးရန် အတွက် ပေးအပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းနောက် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့်အတူ ရွှေစင်စင်္ကြာမိသားစုသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့သွားရောက်၍ ရန်ကုန် တက္ကသိုလ် ပြုပြင်ဆောက်လုပ်ရန်အတွက် ကျပ်သိန်း (၄၄၀)၊ ဒီလှိုင်းဂျာနယ်အတွက် ကျပ်သိန်း (၂၀၀)၊ ကော့မှူး မြို့နယ်တွင် ဆိတ်နှင့် နွားများအား မျိုးဆက်ပြန့်ပွား မွေးမြူနိုင်ရန်အတွက် ကျပ်သိန်း (၁၀၀)၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအား အသစ်ပြန်လည် ပြုပြင်မွမ်းမံရန်အတွက် ကျပ်သိန်း (၇၅၀) ကျပ်အား ရည်ရွယ်လှူဒါန်းခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အမြဲတမ်း အလှူရှင်ဖြစ်သော ရွှေစင်စင်္ကြာမိသားစု၏ အလှူတော်မင်္ဂလာ အစုစုအား ၀မ်းမြောက်ဝမ်းသာစွာဖြင့် မုဒိတာပွားများကာ နောင်အနာဂါတ်တွင်လည်း အများပြည်သူတို့၏ အကျိုးကို ရှေးရှု လုပ်ကိုင်နေသော အဖွဲ့အစည်းအသီးသီးသို့ ဆက်လက်လှူဒါန်းနိုင်ပါစေရန် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတော့သည်။

Comments