Paris Maung - Learn to speak French (2)


ပြင်သစ် ဘာသာ လေ့လာစရာ  (အပိုင်း ၂၊ ဒုတိယပိုင်း)
ပါရီမောင်၊ ဇန်န၀ါရီ ၂၃၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)

LESSON -2   
ARTICLE   Part ( 2 )

2 . Definate Article (Article défini)  သိပြီး၊သေချာပြီး ပစ္စည်းများ
 (  le , la  , les )   လာ လေ

ပြင်သစ်စာရေးသားခြင်း၊ သို့မဟုတ် စကားပြောဆိုရာတွင်  အစတွင် နာမ်ပစ္စည်းတခုဖြစ်သော ကား အကြောင်း ပြောဆို သည့် အခါ မသိသေးသော၊မသေချာသော Article Indéfini  ဖြစ်သော  un, une, des  ကိုသုံး၍ ပြီး၊ သိပြီး၊ သေချာပြီးဖြစ်သော  ကားအကြောင်းကိုပဲ ထပ်မံပြောဆိုသည့်   အခါ Article Défini le , la  , les   ထဲမှ တခုခု ကို သာ ထည့်သွင်း သုံးရမည်

ဥပမာ  -  I   have  a  car .  The car is small. ကျနော့်မှာ ကားတစီးရှိသည်။ ဒီကားသည်  သေးသည်။
  J’ai une voiture. La voiture est petite.  ရေ အယူးန်း ဗွါကျူး ။ လာ ဗွါ ကျူး အေ ပတိ ထ်

ထို့ကြောင့်  အနည်းကိန်း ဆိုလျှင် “ la voiture ”   “ဒီ ကား”  ဖြစ်ပြီး   “ les voituresဆိုလျှင် “ဒီကားတွေ” ဟု အဓိပ္ပါယ် ရသည်။ ( ဟိုကား ၊ ဒီကား ဆိုပြီး နေရာပြဆိုသော အသုံးနှင့် မရောထွေး စေလိုပါ)
“ le voiture ”   “la bureau”  “ la restaurant”   ဟု ဘယ်တော့ မှ မရှိစေရပါ

« le » သည် masculin ဖြစ်သော အဖိုနာမ် များအတွက်သာသုံးရန် definite article ဖြစ်ပြီး  voiture သည် féminine  ဖြစ်နေသော ကြောင့် ဖြစ်သည်  
« la » သည် féminine ဖြစ်သော အမ နာမ် များအတွက်သာသုံးရန် definite article ဖြစ်ပြီး  bureau (ရုံး) သည် masculin  ဖြစ်နေသော ကြောင့် ဖြစ်သည်  
« la » သည် féminine ဖြစ်သော အမ နာမ် များအတွက်သာသုံးရန် definite article ဖြစ်ပြီး  restaurant (စားသောက်ဆိုင်)သည် masculin  ဖြစ်နေသော ကြောင့် ဖြစ်သည်
 သက်ဆိုင်ရာ မှန်ကန်သော  အာတီကယ်လ်  ကိုသာ ရွေးချယ် သုံးစွဲရပါမည်။

သက်မဲ့ အရာဝထ္တုများ၏ နာမ်များကို အဖိုနာမ်၊အမနာမ် ပုံသေ သတ်မှတ်ထားပြီးဖြစ်သဖြင့် အမြဲမှတ်သားပြီး အသံမှန်ထွက်ရန် အောက်ပါလင့် ကိုနားထောင်လေ့ကျင့်ပါရန်။



Le livre – ( လိ ဗ် ရ်) the book ( ဗမာသံ ပီပီသသမဟုတ်ပါ၊ ခပ်ပေါ့ပေါ့အသံဖြင့်လက်”   ဟု ထွက်ပါ)  ဒီစာအုပ်
La voiture – ( လာ ဗွားကျူး)   ဒီကား                    the car 

Le stylo – (  စတီလို)       ဒီဖေါင်တိန်                         the pan

La chaise – ( လာ  ရှဲး ဇ် )    ဒီကုလားထိုင်                       the chair 

Les tables – ( လေ  တားဘ်လ် ) ဒီစားပွဲများ                     the tables ( ဗမာအသံထွက်အတိုင်း    လေ ဟု အတိအကျထွက်သည်)

Le téléphone – ( လ တေလေဖွန်းတယ်လီဖုံး                 the phone 

Les enfants – (လေ ဇွန်ဖေါင့်)  ကလေးများ                      the children  (နာမ်တွင် သရ « » နှင့်စသဖြင့် အသံ ဆက်သွားပါသည်။ နောက်ဆုံးမှ အများကိန်းကိုပြသော « » သံလုံး ဝမထွက်ရပါ။

Voyelle  များ(သရ) ဖြစ် ကြသော « a,e,i,o,u နှင့် h (အသံမထွက်) »  တို့နှင့်စသော နာမ်များ၏ရှေ့တွင်  le , la များ ကို သုံးသည့်အခါ   ( les မပါဝင်ပါ )  Article Défini များဖြစ်ကြသော  le , la  တို့မှ   “ e ”  နှင့် “ a ”  တို့ ပျောက်သွားပြီး   « l’ » ဖြစ်လာပါသည်။ ထို့ကြောင့် ပြင်သစ်စာများတွင်  l’amour , l’avion , l’ami   စသည် တို့ကိုတွေ့ရခြင်းဖြစ်ပါသည်။

ဥပမာ   Le avion  စာလုံးမှ  L’avion  ဖြစ်လာပုံ ကို ရှင်းပါမည်။

Avion (လေယာဉ်ပျံ)  သည် အထီး နာမ်  ဖြစ်သောကြောင့်  သူ့အတွက် Masculin  Article  ဖြစ်သော  “ le ”  ကို ရွေးချယ်ရပါသည်။
သို့သော်  article နှင့် noun ကို ရေးလိုက်သောအခါတွင် သရ ၂လုံးဖြစ်သော  e နှင့်  a တို့ ထပ်နေသည့်အတွက်
Article တွင် ရှိနေသော သရ « e »ကို ဖျက်၍  ဖျက်လိုက်သောနေရာတွင်    “ ’ကို ထည့်ပေးရပါသည်။
အလားတူပင်  l’ami  ( the friend )   ဒီသူငယ်ချင်း ဆိုသောစာလုံးတွင် le နှင့် ami တို့ပေါင်းသွားသည်ကို သိနိုင်ပါသည်။

L’ amie ဆိုသော စာလုံးတွင် အဆုံး သတ်ဖြစ်သော « e » ကိုကြည့်ခြင်းဖြင့်  မိန်းကလေးသူငယ်ချင်းဟု သိရပါမည်။ ထို့ကြောင့် article  သည်  la ဖြစ်မည်ကို သိထားသင့်သည်။(သက်ရှိနာမ်များကိုသာ အဖို နာမ်မှ အမ နာမ်သို့ပြောင်းနိုင်ပါသည်။)

Article Partitif
Article Contracte  ဆိုသည်မှာ   Article အာတီကာယ်လ်များ သည် Proposition များနှင့်ပူးပေါင်းသွားခြင်းများကို ဆိုပါသည်။

Proposition « à » သည် အင်္ဂလိပ်ဘာသာတွင် « at,to » နှင့်တူပြီး  «  ၌၊ မှာ၊ တွင်၊ ဝယ်၊ က » ဟု အလွယ် ဗမာလိုမှတ်ပါ။
« de » သည် « of, from »  နှင့်တူပြီး « ၏, မှ » ဟု ပြောချင်ပါသည်။   အသုံးပြုမှုပေါ်တွင်မှတ်သားခြင်းဖြင့် သဘောပေါက်လာပါမည်။

ဥပမာ   -
- à la          မှ           à la ( မပြောင်းပါ )
- à le          မှ           au  
          - à les        မှ           aux
        - de la         မှ           de la ( မပြောင်းပါ )
         - de le         မှ           du
         - de les       မှ            des

သို့ပြောင်းသည်ကို မှတ်ရပါမည်။ သတိထားကြည့်ပါက အနည်းကိန်း ၊အမ အာတီကယ်လ်များ ဆိုလျှင် မပြောင်းသည်ကို တွေ့မည်။
ဥပမာ - à la   ,     de la    တို့သည် မပြောင်းကြပါ။


စာကြောင်းအနေနှင့် တွေ့ရမည်မှာ……

« သူမ ဈေးသို့ သွားသည်။ »   ဆိုသောစာကြောင်းတွင်

Elle va au marché.    အယ်လ  ဗား  အို   မားခ် ရှေး ( Elle va à le marché ဟု မရေးရပါ )
          Elle va - သူမ  သွားသည်  She goes
          au - သို့ ( à le )          to the
          marché  -  ဈေး              market

( ဈေး ဆိုသောနေရာတွင် မိမိတို့ သိထားပြီးဖြစ်သော  ကျောင်း၊ စားသောက်ဆိုင်၊ စူပါမားကက်  စသဖြင့် အစားထိုးသုံးစွဲ သွားခြင်းဖြင့် ပြောလိုသော အကြောင်းအရာ၊ စာကြောင်းများကို တည်ဆောက် နိုင်ပါလိမ့်မည်။)
         
Article အာတီကယ် သက်သက်များကိုသာ ဖေါ်ပြရန် မဖြစ်နိုင်၍ နာမ်များဖြင့်ရောရေးနေရပါသည်။
အကြမ်းအားဖြင့် မှတ်ရန်မှာ  Noun အများစုသည် e ဖြင့် အဆုံးသတ်လျှင်  အမနာမ် feminine ဖြစ်၍ အစပြောသော အခါ “une”  သုံးရပြီး  ထပ်မံပြောသော အခါ “ la ” ကိုသုံးရပြီး  အများကိန်းဖြစ်လျှင် “des” ဖြင့် သုံးရပါမည် ၊၊ 
exceptional ထူးခြားဖြစ်စဉ် များအနေနှင့် 
la moto ,la prison, le téléphone  ကဲ့သို့ စာလုံး အနည်းစု ကိုသာ မှတ်ရပါ မည် နာမ်များ၏ အခန်းတွင် ထပ်မံရှင်းလင်းသွားပါမည်။

ပေးထားသော ဗီဒီိယို သင်ခန်းစာကိုကြည့် ပြီး ကြေညက်အောင် လေ့ကျင့်ပါ အလားတူ တခြား ဝေါဟာရများကို လည်း ရေးသားလေ့ကျင့်ရင်း ဖြင့် အကြောင်းအရာတူ ဝေါဟာရများကို မှတ်ပြီးသား ဖြစ်ပါမည်  

နောက်ပိုင်း အခန်းများတွင် ဗီဒီယို ကလစ် သာ ပေး ထားပါက ဆက်လက် လေ့ ကျင့် သွား နိုင်မည်ဟု ထင် ပါသည်။  ပါရီမောင် အနေနှင့် ရှင်းလင်းချက်များကို အဓိကထား ရေးသားပြီး စာဖတ်သူ အနေနှင့် Youtube Link
များအတိုင်း လေ့ကျင့်ပါလျှင် မြန်ဆန်စွာ တတ်မြောက်နိုင်ပါမည်။  
(အကြံပေးလိုသည်မှာ စာဖတ်သူစိတ်ကြိုက် အခြားလင့်များ ရှာဖွေလေ့လာပါက အသံထွက် ကောင်းမွန်သော ပြင်သစ် အသံမှန် Native Speaker အသံကို ရွေးချယ် စေလိုပါသည်။)

(အာတီကယ်လ် ကို နာမ်များ၏ ရှေ့တွင် အမြဲထည့်ပြီး ပြောဆို ရေးသား ရသော်လည်း ချွင်းချက် အနေဖြင့် မထည့်ရသည့် အကြောင်းများကို ဆက်လက်ဖေါ်ပြပါမည်)

ယခုအထိ သင်ယူပြီးဖြစ်သော
Alphabet 
Article Indéfini   (  un, une, des )
Article Défini     (  le , la ,   les   )  သင်ခန်းစာများကို ပိုင်နိုင်အောင် လေ့ကျင့်ပါ။

စိတ်ဓါတ်မကျအောင် ကြိုပြောထားပါမယ်။ နောက်ပိုင်းသင်ခန်းစာ ရှုပ်တာတွေမလာခင် အခုကတဲက ကျေညက်နေမှလျှင်မြန်လွယ်ကူစွာတတ်မြောက်မှာပါ။ ရှေ့မှာ တက်သွားမဲ့ အခန်းတွေမှာလဲ နောက်ကို ပြန်ပြီးဖေါ်ပြ ညွှန်းဆိုမှာပါ။  မကြာခင် ကြိယာသုံးစွဲပုံ Verb Form (Conjugaison)  နဲ့ ကတ္တားပုဒ် Personal Pronoun (Pronom Personnel) သင်ခန်းစာတွေပြီးရင် စာကြောင်းတွေ    ကိုယ်တိုင် တည်ဆောက်ပြီး ပါရီမောင်နဲ့ ပြင်သစ်လို « ချတ် » ကြတာပေါ့နော်။

ပြင်သစ်လိုချက် တာကတော့ ပါရီမောင် မကျွမ်းကျင်ပါ။  နှုတ်ဆက် စကားများ နဲ့ နေ့စဉ်သုံး ဝေါဟာရများ တိုးပွားရအောင်လေ။ ဘာသာရပ်ဆိုင်ရာ ဝေါဟာရ တွေ ကတော့ ကိုယ်တိုင် လေ့လာဖို့ပဲပေါ့နော်၊ စကားမစပ်ရေးရဦးမယ်။

ဒီရက်ပိုင်း ပါရီမှာ မကြုံစဘူး ခါတိုင်းထက် နှင်းပိုကျလို့ ပါရီရဲ့ အဘိဓ္ဓါန် လို့ခေါ်ရမဲ့ မောင်ရင် ငတေ နဲ့ ပေါင်းပြီး ဓါတ်ပုံရိုက်ထွက်တာ -၃ လောက်ရှိတဲ့ အပြင်က အအေးဒါဏ် တော်တော် ခံလိုက်ရတယ်။ ပြင်သစ်ဘာသာအသံထွက်၊ အဓိပါယ် နဲ့ပါတ်သက်လို့ ကိုယ်တွေ့ရော ကြားဘူးတာပါ နောင်ကြုံမှ ရယ်စရာပြောကြတာပေါ့နော်။

     ( လာမဲ့ သင်ခန်းစာမှာ နာမ်များ (Les Noms ) အကြောင်း ဆက်လက်ဖေါ်ပြပါမယ်)


Comments