2013 - Year of Snake for Chinese New Year

 ၂၀၁၃ တရုတ်နှစ်ကူး မြွေနှစ်အဖြစ် ပွဲတော်ဆင်နွှဲ
မိုးမခ၊ ဖေဖော်ဝါရီ ၂၀၁၃
တရုတ်ပြည်တင်သာမက နိုင်ငံတကာရှိ တရုတ်အမျိုးသားများ၏ တရုတ်နှစ်သစ်ကူးပွဲတော်ကို လာမည့် တနင်္ဂနွေနေ့တွင် ဆင်နွဲကြမည် ဖြစ်သည်။ ယခုနှစ်မှာ မြွေနှစ်ဖြစ်ပြီး အမျိုးသမီးများအတွက် ဖြစ်သည်ဟု ဆိုသည်။
 မြွေနှစ်သည် သြဇာအာဏာနှင့် ဓနဥစ္စာကိုလည်း ကိုယ်စားပြုသည်ဟု ဆိုသည်။ မြွေနှစ်မွေးသူများအနက် အမေရိကန်ငွေကြေးရန်ပုံငွေ ဥက္ကဌ ဘင်နာကီ၊ ကိုရီးယားအဆိုတော် ဂဏန်းစတိုင် ပီအက်စ်ဝိုင် တို့ဖြစ်သည်။ ကိုယ့်မွေးနှစ်တွင် မြွေသမားများ သတိထားပြီး နေဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့ လိုသည်ဟု ဆိုသည်။ ၀က်နှစ်တွင် မွေးသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟယ်လရီကလင်တန်အတွက်မူ လာမည့်မြွေနှစ်တွင် နားနားနေနေ နေရန် ဗေဒင်က ဟောထားသည်။
ယမန်နှစ်က နဂါးနှစ်တွင် တရုတ်အမျိုးသားများက မင်္ဂလာဆောင်ဖို့ အားတက်သရောကြိုးစားခဲ့ကြသော်လည်း မြွေနှစ်တွင်တော့ သွေးအေးကြမည့် ပုံရှိသည်ဟု ဆိုသည်။ ကလေးသူငယ်များအတွက် မြွေရုပ်လှလှလေးများ အာရှအရုပ်ဆိုင်များတွင် ခေတ်စားသည်ဟု ဆိုသည်။
(သတင်းအညွှန်း - Wall Street Journal Online)

Comments