အမေရိကန်နိုင်ငံမှ မြန်မာအဖွား အသက် ၁၀၀ ကျော်ပြီ
ဓမ္မဗိမာန်သတင်းအဖွဲ့၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃
မြန်မာနိုင်ငံသူ အမျိုးသ္မီးကြီး (အဖွား) ဒေါ်လှခင်သည် သ္မီးနှင့် သားမက်ဖြစ်သူတို့  နှင့်အတူ အမေရိကန်နိုင်ငံ၊ နော့သ်ကာရိုလိုင်းနားပြည်နယ်၊ ဖဲရားဗီးမြို့ တွင် နေထိုင်လျှက်ရှိပြီး ဖေဖော်ဝါရီလ (၅)ရက်၊ ၂ဝ၁၃ နေ့ က အသက်(၁ဝဝ)ပြည့်ခဲ့ပါသည်။ အသက် (၁ဝဝ) ပြည့်မွေးနေ့ ပွဲကို ဖေဖော်ဝါရီလ (၉)ရက်၊၂ဝ၁၃ နေ့ က သားသ္မီးမြေးတစ်စု၊ မိတ်ဆွေ များတို့ နှင့်အတူ နေအိမ်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။
ထေရဝါဒဗုဒ္ဓဘာသာဝင် အမျိုသ္မီး ကြီးဖြစ်ပြီး ဘာသာရေးအလွန်ကိုင်းရှိုင်းပါသည်၊၊ နှစ်ဆယ်ရာစု ခေတ်ဦး ပညာတတ်အရာရှိ မွန်တိုင်းရင်းသားမိသားစုမှ ဆင်းသက်မွေးဖွားလာကာ အဆင့်မြင့် ပညာတတ်သူလည်း ဖြစ်ပါသည်။ သားသ္မီးများမှာလည်း ခေတ်ပညာတတ်များ၊ ဘာသာရေးကိုင်းရှိုင်းသူ များဖြစ်ကြပါသည်။ ယနေ့ ထိတိုင် ကျန်းမာရေးကောင်းမွန်ပြီး၊ သတိမေ့ခြင်းများလည်း မရှိ သေးပါ။ အဖွားက စားစရာအနေနဲ့ ဆန်ပြုတ်ကို အဓိကထားသောက်ကြောင်း၊ ဘာသာရေး အလုပ်အနေနဲ့တော့ ဒါန၊ သီလ၊ ဘာဝနာအစုံပြုလုပ်ကြောင်း၊ အဓိဋ္ဌာန်အနေနဲ့  ကတော့ ဘုရားဂုဏ်တော်များ ပွားများကြောင်း ပြောပြပါသည်။
ကမ္ဘာ့လူဦးရေ (၇)ဘီလီယံခန့် ထဲမှ ကမ္ဘာ့အသက်ရာကျော် လူဦးရေ (၃၁၆,၆ဝဝ) (၃ သိန်း) ကျော်၊ အမေရိကန်နိုင်ငံ အသက်ရာကျော် လူဦးရေ (၅၃,၃၆၄) (၅ သောင်း) ကျော်တို့ တွင် အဖွားတစ်ဦးပါဝင် သွားခဲ့ပါသည်။ အမေရိကန်သမ္မတ အိုဘားမားနှင့် ဇနီးဖြစ်သူ မစ်ချယ်အိုဘားမားတို့ကလည်း နှစ်(၁ဝဝ) မွေးနေ့ ဆုတောင်းလွှာကဒ်ပေးပို့ ခဲ့ကြပါသည်။
မွေးနေ့မင်္ဂလာ ဘာသာရေးအခမ်းအနားကို နော့သ်ကာရိုလိုင်းနား၊ ဓမ္မဗိမာန် ဆရာတော်အား ဆွမ်းကပ်လှူဒါန်းခြင်း၊ လှူဘွယ်ဝတ္ထုတို့ကိုလှူဒါန်းခြင်း၊ မွေးနေ့မင်္ဂလာ တရား၊ ပရိတ်တရားတို့ကို နာယူခြင်း၊ ကြွရောက်လာကြသောမိတ်ဆွေများကို စားသောက်ဖွယ်ရာ တို့ ဖြင့် ကျွေးမွေးခြင်းစသည့် ကုသိုလ်တို့ ကို ပြုလုပ်ခဲ့ပါသည်။
ဆရာတော်က မွေးနေ့အနုမောဒနာတရားဟောကြားရာတွင် …
"ဘုန်းကြီးတို့ ဗုဒ္ဓဘာသာကျမ်းများအလိုအရ ကျန်းမာပြီး အသက်ရှည်တယ်ဆိုတာ အကြောင်း အရာကောင်းအစုံ ပေါင်းဆုံမှသာ ဖြစ်နိုင်ကြောင်း၊ အခြေခံအားဖြင့်တော့ အတိတ်ရော ပစ္စုပ္ပန်မှာပါ အလုပ်ကံကောင်းခြင်း၊ စိတ်ကောင်းခြင်း၊ ဥတုကောင်းခြင်း၊ အာဟာရကောင်း ခြင်းစသည်တို့ ဖြစ်ကြောင်း၊ မြတ်ဗုဒ္ဓက လောကမှာ အသက်ရှည်မှုကို ရခဲတဲ့ဒုလ္လဘ တစ်ခုဖြစ်တယ်လို့ ဟောထားတာရှိကြောင်း၊ အသက်ဘယ်လောက်ရှည်ရှည် ကောင်းသော အကျင့်၊ ကောင်းသောအားထုတ်မှု၊ ကောင်းသောသမာဓိ၊ ကောင်းသောအသိဉာဏ်ပညာ စသည်တို့ ရှိနေမှသာ ဘဝဟာမြင့်မြတ်ကြောင်း၊ အဖိုးထိုက်သော ရှင်သန်နေခြင်းဖြစ်ကြောင်း စသည့် ဗုဒ္ဓရဲ့ ဟောထားသောတရားတွေကို ထောက်ပြီး လောကမှာ များသောအရေအတွက် (quantity)ထက် အဖိုးထိုက်အရေအချင်း(quality)ကို ဗုဒ္ဓ ချီးမွမ်းခဲ့သည်ကိုလည်း သတိပြုသင့်ကြောင်း၊ ဒကာမကြီးဟာ နှစ် (၁ဝဝ)ကျော်သက် အရေအတွက်များစွာနှင့် လူ့ ဘဝ ကိုရှင်သန်နေရသလို ကောင်းသောသီလ၊ သမာဓိ၊ ပညာ၊ အရေအချင်းတွေနှင့်လည်း ပြည်စုံနေပြီး မျိုးဆက်သစ် သားသ္မီးမြေးကောင်းတွေကိုလည်း မွေးထုတ်ပေး၍ မြတ်ဗုဒ္ဓချီးမွမ်းတဲ့ လူသားတစ်ယောက်ဟု ဘုန်းကြီးယူဆမိပါကြောင်း၊ နိဂုံးအနေနဲ့ ဘဝဆိုတာ ဒုက္ခဆိုတဲ့ ၇န်သူနဲ့  စစ်ပွဲကို ဆင်နွှဲ နေရတာဖြစ်ကြောင်း၊ အဲဒီဒုက္ခတွေထဲမှာ မရဏဒုက္ခလည်းပါဝင်ကြောင်း၊ မြတ်ဗုဒ္ဓနိုင်ခဲ့တဲ့ ရန်သူတွေထဲမှာ သေခြင်းဆိုတဲ့ မစ္စုမာရ်ဆိုတာပါကြောင်း၊ မစ္စုမာရ်ဆိုတဲ့ရန်သူက လူအများစုကို နှစ်(၁ဝဝ)မရောက်ခင်မှာဘဲ နိုင်သွားတာများကြောင်း၊ ဒကာမကြီးက နှစ်(၁ဝဝ)ကျော် ဒီနေ့ ထိ သေခြင်းရန်ဆိုတဲ့ မစ္စုမာရ်ကို နိုင်နေသူ အမျိုးသ္မီးစစ်သူကြီး ဖြစ်နေသေးကြောင်း၊ ဆက်လက်၍လည်း မစ္စုမာရ်ဆိုတဲ့ သေခြင်းရန်သူကို နှစ်ပေါင်းများစွာ ဆက်လက်နိုင်နေပါစေ ဟု ဆုတောင်းကြောင်း …"
စသည်တို့ ဖြစ်ပါသည်။
Comments