CCSF Burmese Students in SF marked Burma's Union Day & Bogyoke Aung San Day



ဆန်ဖရန်စစ္စကိုဒေသကောလိပ် မြန်မာကျောင်းသူကျောင်းသားများ ဗိုလ်ချုပ်မွေးနေ့ ကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃
ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဆန်ဖရန်စစ္စကိုမြို့တော်၊ စီးတီးကောလိပ်ရှိ Burmese Student Club (CCSF)မှ ဦးဆောင်၍ မြန်မာကျောင်းသား၊ ကျောင်းသူများက ၆၆ နှစ်မြောက် မြန်မာပြည် - ပြည်ထောင်စုနေ့ နှင့် ၉၈နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနားကို ၎င်းတို့၏အောင်ဆန်း စာကြည့်တိုက် တနှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ ကျင်းပသည်။ အခမ်းအနားတွင် စာအုပ်လှုဒါန်းပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပညာပေးစာတမ်းများ၊ ကဗျာများရွတ်ဆိုကျင်းပခဲ့ကြသည်ဟု သိရသည်။
အခမ်းအနာ၏ ဦးတည်ချက်အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမှန်တကယ်ညီညွှတ်မှု ဖော်ဆောင်ရေးကို ဦးတည်၍ တိုင်းရင်းသားအရေး၊ မြန်မာ့နိုင်ငံရေးနှင့ိုလ်ချုပ်အောင်ဆန်းအကြောင်း သိမှတ်ဖွယ်ရာများကို ဒေသခံမြန်မာပြည်ဖွား ပြည်သူများနှင့် ကျောင်းသူကျောင်းသားများ အယောက် ၃၀ ခန့်က တက်ရောက်၍ ပြောဆို ဆွေးနွေး အမြင်ဖလှယ်ခဲ့ကြသည်။
(ဓာတ်ပုံများ - အခမ်းအနားတွင် မြင်တွေ့ရသည့် တိုင်းရင်းသားလူငယ်များ၊ ကျောင်းသူ ကျောင်းသားများနှင့် ဒေသခံပြည်သူများ )

Comments