ကိုဃကြီး ကောင်းရာသုဂတိလားပါစေ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၃
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၃
မြန်မာဂီတ ရော့ခ်အဆိုတော် ဟယ်ရီလင်း (ခ) ဦးထွန်းမြင့်ဦး အသက် (၅၂) နှစ်သည် ၅.၂.၂ဝ၁၃ ရက်နေ့ ညနေ (၄းဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျောက်မြောင်းနေအိမ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့ သည်။ တေးသံရှင် ဟယ်ရီလင်း၏ ကြွင်းကျန်ရစ်သည့် ရုပ်ခန္ဓာအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နေအိမ်သို့ သွားရောက်သယ်ယူပြီး ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ကူညီ ပံ့ပိုးပေးခဲ့သည်။
တေးသံရှင် ဟယ်ရီလင်းသည် ၁၉၈၆ ခုနှစ်တွင်
ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး တန်ဖိုးများနဲ့ ပေးဆပ်ခြင်း၊ ဟယ်ရီလင်းရဲ့
ဟယ်ရီလင်း၊ နောက်လူမြည်းရင်ချိုပါစေ၊ ကျောက်ခေတ်၏နောက်ဆုံးနေ့၊
ဂြိုလ်သားတစ်ယောက် အစရှိသည့် တေးစီးရီး အယ်လ်ဘမ်များ ထွက်ရှိခဲ့ပြီး
အခြားစီးရီးခွေများလည်း ပါဝင် သီဆိုခဲ့သူတစ်ဦးဖြစ်သည်။ ဂီတအမျိုးအစားများ
မည်မျှပင်ပေါ်ပေါက်စေကာမူ ရော့ခ်ဂီတ (သီချင်း) မဟုတ်ရင်
မသီဆိုချင်ခဲ့သူလည်းဖြစ်သည်။ ဟန်ဆောင်လောကကြီးထဲမှ ရိုးသားပွင့်လင်းသည့်
ရော့ခ်ဂီတ (သီးသန့်)တစ်ယောက် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခြင်းသည်
ဂီတလောကကြီးအတွက် အစားထိုးမရ သလို နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း
ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိပါသည်။
၇.၂.၂ဝ၁၃ ရက်နေ့ ညနေ (၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်တွင် တေးသံရှင် ဟယ်ရီလင်း ၏ ဈာပနအခမ်းအနားအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ စီစဉ်ဆောင်ရွက် ကူညီပေးခဲ့ပြီး တေးသံရှင် ဟယ်ရီလင်း၏ နောက်ဆုံးခရီးအား လိုက်ပါပို့ဆောင်ခဲ့ကြသော မိသားစုဝင်များ၊ အနုပညာလုပ်ဖော် ကိုင်ဖက်များ၊ တေးချစ်ပရိသတ်များအား ထာဝရ ခွဲခွာသွားပြီဖြစ်သော်လည်း သူသီဆိုခဲ့သည့် တေးသီချင်း များသည် တေးချစ်ပရိသတ်များတို့၏ ရင်ထဲတွင် အစဉ်ထာဝရ တည်ရှိနေမည် အမှန်ပင်ဖြစ်တော့သည်။
တေးသံရှင် ဟယ်ရီလင်း (ခ) ဦးထွန်းမြင့်ဦး (ခ) ကိုဃကြီး ကောင်းရာသုဂတိလားပါစေ။
Comments