Maung Paris - Learn to speak French 3 - 2


ပြင်သစ် ဘာသာ လေ့လာစရာ  (အပိုင်း ၃၊ ဒုတိယပိုင်း)
ပါရီမောင်၊ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)
Lesson 3 ( Leçon 3 )    အပိုင်း (၂ )

Noun , Accents & Vocabulary ( Nom,Accents et Vocabulaire )
နာမ်များ ၊အသံထွက် သင်္ကေတများ နှင့် ဝေါဟာရများ

နာမ်များ ရဲ့ရှေ့မှာအမြဲလိုလိုတွဲ သုံးရတဲ့ Article တွေကိုပါ ထဲ့ပြောနေရတော့ ဒါတွေကို ဘယ်လို အသံထွက် ရမလဲဆိုတာ မဖြစ်မနေ သိဖို့ လိုလာပါပြီ။ ကိုယ်လေ့လာထားပြီး တတ်ထားတဲ့ ပြင်သစ်စာ ကို တလုံးပဲဖြစ်နေပါစေ အသံထွက် မှန်မှန်ထွက်ပြီး ပိုင်ပိုင်နိုင်နိုင်ရေး တတ်ရင်အကောင်းဆုံးမဟုတ်ပါလား။

ဝေါဟာရတိုးပွါးရန် ဆက်လက်လေ့လာဖို့ လင့်တွေပေးလိုက်ပါတယ်
အဲဒီလင့်တွေကနေ ဆက်စပ်ပြီး တခြားပြင်သစ်စာ ဗီဒီယို ကလစ်တွေကို ကြိုးစား ကျက်မှတ်တဲ့သူတွေ ရှိရင်လဲ ပါရီမောင် စိတ်မဆိုးဘူးနော်။ အသံထွက်ကောင်းတဲ့ သင်ခန်းစာဖြစ်ပြီး စာလုံး ရေးပြထားတာကို ရွေးစေချင်တယ်။ နားထောင်ရင်း တလက်စထဲ ဝေါဟာရတွေကို ရေးမှတ်ထားပါ။  အင်တာနက် ကိုးနတ်ရှင် မရှိတဲ့ အခါတွေမှာပါ လေ့လာနိုင်အောင်လို့ပါ။ ဗီဒီယိုကလစ်ကို ဒေါင်းလုပ် လုပ်ထားပြီး လေ့လာနိုင်ရင် အကောင်းဆုံးပေါ့။

အမျိုးသမီး အသုံးအဆောင်နှင့် အဝတ်အထည်များ
Les vêtements et et accessoires pour femme


 သတိထားကြည့်ရင် "e" နဲ့ အဆုံးသတ်ပေမဲ့ အဖိုနာမ်  Masculin ဖြစ်နေတာကို တွေ့ရပါမယ်။
ပစ္စည်းတွေရဲ့ အခေါ်အဝေါ် နဲ့ပါတ်သက်လို့ကတော့ ဦးထုပ်၊ အင်္ကျီ၊ လက်ကိုင်အိတ် တွေမှာ ပုံစံအလိုက် ကွဲပြားတဲ့ အခေါ်အဝေါ်တွေကို လည်း ခွဲခြား မှတ်သားနိုင်ရင် အကောင်းဆုံးပဲပေါ့ ။

အမျိုးသား အသုံးအဆောင်နှင့် အဝတ်အထည်များ
Les vêtements et et accessoires pour homme
http://www.youtube.com/watch?v=mlfZT7DO9yk


ဒီမှာလဲ အသေးစိတ်ခွဲခြားပြောတာတွေကို တွေ့ရပါတယ်။
un pull  အန် ပြူးလ်    ဆိုတာကို  ဆွယ်တာ လက်ရှည် လို့ပဲ မှတ်ရင်ရပါတယ်။ နောက်ဆက်တွဲ သုံးတဲ့ အသေးစိတ်ဖေါ်ပြတာကို များသောအားဖြင့် မပြောကြပါဘူး
une chemise   အယူးန် ရှမီးဇ်    အင်္ကျီ ၊ လို့ပြောပါမယ်။ -ette နှင့် အဆုံးသတ် လျှင် ပိုသေးငယ်သော အဓိပ္ပါယ် ဖြစ်သွားပါသည်။ une chemisette  အယူးန်း ရှမီးဇက်ထ်         အင်္ကျီသေး
ဥပမာ  une fillette            အယူးန်းဖီးယက်ထ်  အမျိုးသမီးငယ်လေး      
                            
Noun ( Noms )အနည်းငယ် နဲ့ သူတို့ရဲ့ အသံထွက်ကို ထပ်မံ ဖေါ်ပြရရင်  
Une voiture (a car) အယူးန်း  ဗွါးကျူး      ကားတစ်စီး       La voiture (the car)  လာ ဗွါးကျူး  ထိုကား
Une rose ( a rose) အယူးန်း  ရို့ စ်၊ နှင်းဆီပန်းတစ်ပွင့်   La rose ( the rose ) လာ ရို့ စ်    ထို နှင်းဆီပန်း  
Un avion (an aeroplane ) အန် နာဗီယွန်၊ လေယာဉ်တစ်စီး  L’ avion ( the aeroplane ) လာဗီယွန် ထိုလေယာဉ်
Un colier ( a necklace ) အန် ကိုလီယေ   ဆွဲကြိုးတစ်ကုံး      Le colier( the necklace ) ကိုလီယေ ထိုဆွဲကြိုး

( တကယ် အတိ အကျ ပြောရရင် La voiture ဆိုတာ အင်္ဂလိပ်စာနဲ့ ပြောရရင် the car  ကား လို့ပဲ အဓိပါယ်ရပါတယ်။
ထိုကား၊ ဒီကား၊ ဟိုက ကားဆိုရင် သပ်သပ် အတိအကျသုံးရတာတွေ ရှိပါတယ်။)
 အထက်ပါ နာမ်များကို ကြည့်ရင်  ရှေ့မှာ သုံးထားတဲ့ Article အရ   "ကား"  " နှင်းဆီပန်းဆိုတာ  အမနာမ် တွေဖြစ်မှန်း၊ "လေယာဉ်ပျံ"  "ဆွဲကြိုး"  ဆိုတာတွေက အထီးနာမ် တွေဖြစ်မှန်း  သိကြပါပြီ။ အဲဒီ နာမ်တွေရဲ့ အထီး၊အမ ဖြစ်မှုကို ဘယ်သောအခါမှ မည်သည့် အကြောင်းကြောင့် ပြောင်းလဲ၍ မရပါ။  ပုံသေမှတ်ထားပြီးသားမို့ အသေမှတ်ထားရမှာပါ။

နာမ်များကို အနည်း ကိန်းမှ အများကိန်း သို့ပြောင်းရန်

ပုံမှန် အားဖြင့် နာမ်များသည် သက်ရှိ သို့မဟုတ် သက်မဲ့နာမ် များဖြစ်ကြပြီး အနည်းကိန်းမှ အများကိန်းသို့ ပြောင်းရာတွင်
၁။ သာမန်နာမ်များ အတွက် နာမ်စာလုံးအဆုံးတွင်  "s" ထဲ့ပေးရသည်။
အထက်ပါပုံတွင်ကြည့်ပါ။
un ennui  အန် နော်န်နွီ  ၊ စိတ်ပူပန်ခြင်း တခ (သို့) ငြီးခွေ့ခြင်း တခု (ennui  အော်န်နွီ )
un lit  အန်လီး  ကုတင် တလုံး

  ခြွင်းချက် အနေနှင့်  " s "    " x "    " z "  နှင့် ဆုံးသောနာမ်များ အများကိန်း ဖြစ်စေရန်
 "s"  ကို မပေါင်းရတော့ပါ ။
ဥပမာ un bois သစ်သားတခု   --  des bois  သစ်သားများ
          une noix    အစေ့တစေ့   -- des noix  အစေ့များ
          un nez      နှာခေါင်းတခု  -- des nez  နှာခေါင်းများ


၂။  " -al "  နှင့် အဆုံးသတ်လျှင် "-aux"  သို့ပြောင်းရမည်။
သို့သော် bal, canaval, cérémonial, chacal, choral, festival, pal, récital, régal, santal ....
တို့ ကို မပြောင်းရပါ။
un cheval အန်ရှဗါးလ် မြင်းတကောင်      ---     des chevaux  ဒေရှဗိုး ၊ မြင်းများ
un chacal အန်ရှကားလ် ၊ ခွေးအ  တကောင် ---   des chacals   ဒေ ရှ ကားလ် ၊ ခွေးအ များ



၃။ "eau"   "au"   "eu"  "oeu"  နှင့် အဆုံးသတ်သောစာလုံးများကို " x " ပေါင်းထဲ့ပေးရပါသည်။
un veau  အန်ဗိုး၊ နွားပေါက်စကလေးတကောင်      - des veaux  ဒေဗိုး ၊  နွားကလေးများ
un feu  အန် ဖှား  မီးတခု  - des feux ဒေ ဖှား ၊ မီးများ( feu ကိုအသံထွက်အမှန်ရေးပြ၍ မရပါ။ )
un pneu အန်ပနား ၊ ကားဘီးတလုံး-des pneus ဒေပနား ၊ ကားဘီးများ ( pneu လည်းရေးပြရန် ခက်ပါသည်)


အသံထွက်နည်းများ
ပြင်သစ်ဘာသာမှာ အသံထွက်နဲ့ပါတ်သက်လို့ပြောရရင်
Un avion ဆိုတဲ့  အသံထွက် ကိုကြည့်ပါ ။  အန် အာဗီယွန်  လို့ မထွက်ပဲ ဘာလို့  အန် နာဗီယွန် ဆိုပြီး ဖြစ်ရပါတယ် ။ ပြင်သစ် အသံထွက် Phonetic သဘောအရ  နာမ်တခု ရဲ့ ရှေ့ဆုံး စာလုံးဟာ
  a,e,i,o,u,h  ဆိုတဲ့  သရ (Voyel ) တွေနဲ့ စရင်  သူ့ရဲ့ ရှေ့ကစာလုံးရဲ့ အသံကဆက် သွားရပါတယ်။  ပြင်သစ်တွေက အသံထွက် လှဖို့ ဦးစားပေးပါတယ်။ စာဖတ်သူ အန် အာဗီယွန် ကို အမြန် ရွတ်ဆိုကြည့်ပါ။ အသံထွက် ထောက်နေရာမှ  တဆက်တည်း  အန် နာဗီယွန်   လို့ဆိုသောအခါ မှ အဆင်ပြေ တာကို တွေ့ပါမယ်။
နောက်စာလုံးတခု ဖြစ်တဲ့  L’ avion လာဗီယွန် ကိုကြည့်ပါ အာဗီယွန် လို့အသံထွက်ရင် မလှပါဘူး၊ လာဗီယွန် ဆိုမှ အသံထွက် ချောမွတ်တာကို သတိပြုမိကြမှာပါ။
ပြင်သစ်စာရဲ့ ထုံးစံဖြစ်တဲ့  ရှေ့ပြစ်၊ နောက်ပြစ်၊ အပေါ်က အစက်တွေ " C "  စာလုံးရဲ့ အောက်မှာဟထိုး လိုမျိုးထဲ့တာ ဒါတွေကို ACCENT( ACCENTS ) လို့ခေါ်ပါတယ်။ Graphic Sign လို့လဲခေါ်နိုင်ပြီး   a,e,i,o,u,h  ဆိုတဲ့  သရ (Voyel ) စာလုံးတွေပေါ်မှာ အသံထွက် အတွက် ထဲ့ပေးရတာတွေပါ။  
( é,è,à,ç,ô,ê,ë,ö,û,ï  )  အသံထွက်ပုံ သင်ခန်းစာတွင် ဆက်လက်ဖေါ်ပြပါမည်။
(ပြင်သစ်စာလုံးရိုက်ရန် ကွန်ပြူတာတွင် ပြင်သစ်စာ font နှင့် ပြင်သစ် keyboard ရှိလျှင်  အဆင်ပြေနိုင်ပါမည်။)

Le avion  စာလုံးမှ  L’avion  ဖြစ်လာပုံ ကို ရှင်းပါမည်။
Avion  သည် အထီး နာမ်ဖြစ်သောကြောင့်  သူ့အတွက် Masculin  Article ဖြစ်သော  “ le ”  ကို ရွေးချယ်ရပါသည်။
သို့သော်  article နှင့် noun ကို ရေးလိုက်သောအခါတွင် သရ လုံးဖြစ်သော  "e" နှင့်  "a" တို့ ထပ်နေသည့်အတွက်
Article တွင် ရှိနေသော သရ " e "  ကို ဖျက်၍  ဖျက်လိုက်သောနေရာတွင်  “  ’  ” ကို ထည့်ပေးရပါသည်။
အလားတူပင်  l’ami  ( the friend ) ထိုသူငယ်ချင်း ဆိုသောစာလုံးတွင် le နှင့် ami တို့ပေါင်းသွားပြီး l'ami  လာသည်ကို သိနိုင်ပါသည်။
မမေ့ရန် မှာ ami ဆိုသောနာမ်သည်  အထီး ကိန်း ဖြစ်၍  ယောကျာ်းလေး သူငယ် ချင်းဟု အဓ္ဓိပါယ် ရပြီး ထိုစာကြောင်းတခုလုံးကို ချိန်ညှိခြင်း (Agreement) လုပ်သော အခါတွင် အထီးကိန်းများဖြင့် သာလုပ်ရန်။
(အလျင်းသင့်၍ ပြောလိုသည်မှာ  နာမ် noun များကို သက်ရှိ များအတွက် အဖိုနာမ်မှ  အမ နာမ် သို့ ပြောင်းရာတွင် အကြမ်းအားဖြင့် နာမ်၏နောက်တွင်  ( e )  ထဲ့ပေးရင် ရနိုင်ပါသည်။ အားလုံးအတွက် မဆိုလိုပါ။)
ထို့ကြောင့် amie  ဆိုလျှင် အမကိန်းဖြစ်သွားပြီး မိန်းကလေး သူငယ်ချင်း ဟု အဓ္ဓိပါယ် ရသွားပါမည်။ ထို့ကြောင့်
Une amie ဆိုလျင် Article Indéfini အနေနှင့်  မိန်းကလေး သူငယ်ချင်းတယောက်ဟု ဆိုနိုင်ပြီး သူ့အကြောင်းဆက်ပြောလျင် Article Défini ဖြစ်သော la ကိုသုံး၍ l’amie ဟု သုံးစွဲ ပြောဆိုရပြီး စာကြောင်းကို အမကိန်းအနေနှင့် ချိန်ညှိခြင်း ( Accord ) လုပ်သွားရပါမည်။
ယခု သိထားတဲ့ အထိ  Article  နဲ့ Noun တွေကို တွဲဖက်ပြီး အရိုးရှင်းဆုံး ဝါကျတကြောင်း  လုပ်ကြည့်ရအောင်

C’est ” …  စေ  ဆိုသည့် စာလုံးကို  အသေးစိတ် သရုပ်မခွဲခင်မှာဤအရာ သည် ”….( This is …) လို့သာ လောလောဆယ် ပုံသေမှတ်ထားလိုက်ပါတော့။   (အနည်းကိန်းတွင်သာသုံးရန်)

C’est une pomme. ဒါ ပန်းသီးတလုံး ဖြစ် သည်။  (စေ တျူး န်း ပေါင်းမ် ) ( စေ အယူးန်း ….. ဟုမထွက်ရပါ )
C’est une voiture. ဒါ ကားတစီး ဖြစ်သည်။       (စေ တျူး န်းဗွား ကျူး )  ( စေ အယူးန်း ….. ဟုမထွက်ရပါ )
C’est un avion. ဒါ လေယာဉ် တစီး ဖြစ်သည်။   (စေ တန် နာဗီယွန် )      ( စေ  အန်  အာဗီယွန်  ဟုမထွက်ရပါ)
C’est une tomate.  စေ တျူန်း တိုမတ် ၊    ဒီဟာ ခရမ်းချဉ်သီး တလုံး ဖြစ်တယ်။
 C’est un sac.    စေ တန် စပ်ခ် ၊             ဒီဟာ အိတ်တလုံး ဖြစ်တယ်။

သရ (Voyel ) စာလုံးများရဲ့ ရှေ့ က အသံ ဆက်သွားတာကို သတိထားလေ့ကျင့်ပါ။
ဒါဆိုရင် သိသလောက်စာလုံးတွေနဲ့ (သင်ခန်းစာ ၂ ကစာလုံးတွေနဲ့) တွဲပြီးသုံးရင်ပြင်သစ်လိုပြောတတ်ပြီလို့ ပြောနိုင်ပြီပေါ့ လူရှိန်တာပေါ့ နော်။
တွဲဖက်ပြီး လေ့ကျင့်ပါ။
         

အနီရောင်ဖြင့် အသံဆက်ပုံ ကို ပြထားပါသည်။ စာဖတ်ရာတွင် အသံထွက်၊အသံဆက် မှန်အောင် လေ့ကျင့်ရန် ကိုယ်တိုင် အမှတ်အသားပြုကြပါရန်။
 (ပုံမှန်မဟုတ်သော အနည်းငယ်မျှသော နာမ် အချို့ကိုသာ မှတ်ရန်သာ)
Exception : အဆုံးသတ် ပုံမှန်မဟုတ်သော စာလုံး တချို့
un arbre  သစ်ပင်တစ်ပင် ,un timbre တံဆိပ်ခေါင်းတခု,un livre စာအုပ်တအုပ်(အင်္ဂလိပ်ငွေ pound sterling ကိုလည်း livre ဟုသုံးသည်le paysage ရှုခင်း, le passage လမ်းကြောင်း un verre  ဖန်ခွက်တခွက်
la saison ရာသီဥတု  , la moto ဆိုင်ကယ် ,une part အစိတ်အပိုင်း( အသုံးပြုပုံကိုလိုက်၍ အဓိပ္ပါယ်များလှပါသည်)
ဒီတပါတ် သင်ခန်းစာမှာ ဝေါဟာရတွေ၊  နာမ်ကိုအများကိန်းပြောင်းနည်း  အသံထွက်နည်း အနည်းငယ်ပါဝင်လို့  စာများသွားရပါတယ်။ မကြာခင်မှာ လူပဂ္ဂိုလ် နာမ်စား၊ ကြိယာတွေပြီးရင် စာကြောင်းတည်ဆောက်ပြီး စကားပြောနိုင်ကြတော့မှာပါ။

       နောက်တတ်မှာ ပုဂ္ဂိုလ်ဆိုင်ရာနာမ်စား Pronom Personnel ဆက်ပါမယ်

Comments