Mudita ShweKyaung - Htamane Pwe



ဆန်ဖရန်ဘေးဧရိယာ၊ မုဒိတာရွှေကျောင်း ထမနဲအလှူ စည်ကား
မိုးမခဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃
ဖေဖော်ဝါရီ ၁၇ နေ့ခင်းက ဆန်ဖရန်ဘေးဧရိယာ၊ ဟေးဝဒ်မြို့၊ အရှင်ဥာဏိကာဘိဝံသ ကျောင်းထိုင်သော မုဒိတာရွှေကျောင်းမှာ စုပေါင်းထမနဲအလှူနဲ့ မြန်မာမိသားစုများရဲ့ စားသောက်ဖွယ်ရာ အလှူပွဲတော် ကျင်းပခဲ့သည်။ ဘေးဧရိယာတ၀ိုက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းများက ဆရာတော် သံဃာတော်များ ကြွရောက်ပြီး တရားချီးမြှင့်ခဲ့ကြပြီး ဧည့်ပရိသတ်များကို မြန်မာမိသားစုများက မြန်မာစားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံခဲ့ကြသည်။









   ဆရာတော်ဦးဥာဏိကာဘိဝံသက သူ၏ မွေးနေ့အလှူအဖြစ် ရာသီစာ ထမနဲများကို ဧည့်သည်များအား အိမ်ပြန်လက်ဆောက် ထုပ်ပိုးဝေငှခဲ့ကြသည်။ San Francisco Burmese Community Organizers & Friends က ကြက်သားဆာတေး အဟာရဒါနပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ မုန့်ဟင်းခါး၊ ကောက်ညင်းပေါင်း၊ ခေါက်ဆွဲသုတ်၊ နန်းပြားသုတ်၊ ဖွာလှူဒါ၊ သောက်ရေ၊ စသည် မုန့်အလှူရှင်များစွာဖြင့် စည်ကားသည်။









Comments