ရွှေတွံတေးဆရာတော် ကမ္ဘာငြိမ်းချမ်းရေး ခေါင်းလောင်းကြီးလှူဒါန်းပွဲ ကြွရောက်
မိုးမခအထောက်တော်
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၃
မိုးမခအထောက်တော်
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၃
ဘုန်းတော်ကြီး တာ့ဟန်တပ်ကူက ရွှေတိဂုံဘုရားသို
့ကမ္ဘာ့ငြိမ်းချမ်းရေးခေါင်းလောင်းကြီးကို ၉. ၂. ၂၀၁၃ နေ့တွင်
လှူဒါန်းခဲ့သည်။ အလှူပွဲကို ရွှေတိဂုံအနောက်ဘက်မုခ်တွင်ကျင်းပရာ နိုင်ငံတော်
သြ၀ါဒါစရိယ ဆရာတော်ကြီးများ - နိုင်ငံတော် ဥက္ကဌ ဗန်းမော် ဆရာ
တော်ကြီးနှင့် ဆရာတော်များကြွရောက်ခဲ့ကြသည်။
ကမ္ဘာ့ ငြိမ်းချမ်းရေးခေါင်းလောင်းတော်ကြီးသည် တန်ဘိုးငွေ ကျပ်သိန်း ၂,၀၀၀ ကျော်ရှိပြီး ကမ္ဘာအနှံ့နေရာ ၄၀ ကျော်တွင်အသီးသီး လှူ ဒါန်းပြီးဖြစ်သည်။ နိုင်ငံခြားတွင် သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး ၁ ခါတီးခတ်လျှင် ၄-၅ မိနစ်ခန့် အသံသာသာ ဆက်တိုက်မြည်နေတတ်သဖြင့် ထူးခြား ကြည်ညိုဖွယ်ဖြစ်၏။
ရွှေတွံတေးဆရာတော်က “အခုလို ကမ္ဘာ့ငြိမ်းချမ်းရေးခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရားကြီးမှာ လှူဒါန်းတာအလွန်ကောင်းပါတယ်။ ငြိမ်း ချမ်းရေးခေါင်းလောင်းသံတွေ မပြတ်မြည်နေနိုင်ပါစေ။ မြန်မာပြည်ကြီးလည်း ငြိမ်းချမ်းပါစေ။ ကမ္ဘာကြီးလည်းငြိမ်းချမ်းပါစေလို့ ဆန္ဒပြုပါ တယ်” ဟုပြောကြားခဲ့သည်။

Comments