News and Media

 ၃၇ ကြိမ်မြောက် ကာတွန်းဆရာကြီးများအား ကန်တော့ပွဲ ကျင်းပမည်
မိုးမခ
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၃

 

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ (စနေ) နေ့မှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ ကာတွန်းဆရာကြီးများအား ကန်တော့ပွဲအား နံနက် (၉) နာရီမှာ (၁၁) နာရီထိ ကျင်းပပြုလုပ်ကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ အခမ်းအနားအား ၃၅ လမ်း၊ အလယ်ဘလောက်ရှိ ပေါ်ပြူလာဂျာနယ်တိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ကာတွန်းဆရာတွေကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ ထို့အပြင် ကာတွန်းဆရတွေတင်မဟုတ်ပဲ၊ မီဒီယာသမားများနှင့် ကာတွန်းကို ချစ်မြတ်နိုးသူ ၊ စိတ်ဝင်စားသူ မည်သူမဆိုလာရောက်နိုင်ကြောင်း သိရပါတယ်။
 

Comments