သက်ရှိနှင့် သက်မဲ့
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မတ်လ ၂၆၊ ၂၀၁၃
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း များအား ဆထပ်တန်ဘိုး တွင်ကျယ်စွာဖြင့် အများပြည်သူတို့အား ပံ့ပိုးကူညီနိုင်ရန်အတွက် ၂၄.၃.၂ဝ၁၃ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် အရေးပေါ်လူနာတင် ယာဉ်တစ်စီးအား ကွယ်လွန်သူ ဒေါ်ခင်ဝင်းရွှေ (အ.လ.ပြ)၊ အ.မ.က(၁၉) တာမွေ အားရည်စူး၍ ဒေါ်ခင်စန်းရီ၊ ဦးသိန်းသန်း + ဒေါ်ခင်စန်းစန်း (မိသားစု) တို့မှ ပေးအပ်လှူဒါန်းခဲ့သည်။ အခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခခန်းမဆောင်ကြီး တွင် ကျင်းပပြုလုပ်ခဲ့ရာ အလှူရှင် ဦးသိန်းသန်းမှ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ ဥက္ကဋ္ဌ ဦးကျော်သူမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ချီးမြှင့်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်း အနားအား အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အရေးပေါ်လူနာတင်ယာဉ်ဖြင့် အရေးပေါ်လူနာများဖြစ်ကြသည့် နာတာရှည်ဝေဒနာသည်များ (သို့) ဆေးရုံ/ဆေးခန်းများသို့ သွားရောက်ရန်ခက်ခဲသော ဝေဒနာသည်များ တို့အား နေအိမ်မှ သက်ဆိုင်ရာဆေးရုံများသို့၎င်း၊ ဆေးရုံများမှ နေအိမ်များသို့၎င်း၊ မီးဘေးသင့်နေရာများ သို့၎င်း ရှေးဦးသူနာပြုစုနည်း (အရေးပေါ်အသက်ကယ်နည်း)သင်တန်းများ သင်ယူလေ့ကျင့်ထား သော အသင်းသား/သူများတို့မှ လူနာတင်ယာဉ်ဖြင့် “သက်ရှိ” ကြက်ခြေနီစွမ်းအား၊ “သက်မဲ့” လူနာတင်ယာဉ်တို့ ပူးပေါင်း၍ အမွန်မြတ်ဆုံး အထိရောက်ဆုံး အများပြည်သူတို့အား ကူညီပေးဆပ်နိုင်မည်ဖြစ်သည်။ ယခု ကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အရေးပေါ်လူနာ တင်ယာဉ် လှူဒါန်းခဲ့ကြသော အလှူရှင်များတို့အား လှူဒါန်းမှုအစုစုတို့အတွက် ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် သာဓု .. သာဓု .. သာဓု ခေါ်ဆိုအပ်ပါသည်။
Comments