ပြင်သစ် ဘာသာ လေ့လာစရာ (အပိုင်း ၅)
Lesson 45( Leçon 5 )
ပါရီမောင်၊ မတ် ၆၊ ၂၀၁၃
Lesson 5 ( Leçon 5 )
Les Verbes ( Verb ) ကြိယာများ
Verbe Conjugaison (သုံးစွဲသည့် ကတ္တားပုဒ် နှင့် ချိန်ညှိ ပေးခြင်း Verb Form အကြောင်း)
သက်ရှိ သို့ မဟုတ် သက်မဲ့ အရာဝထ္တု တခု၏ လုပ်ဆောင်မှု ၊ ဖြစ်တည်မှု ၊ တည်နေရာ စသဖြင့် ပြဆို ခြင်းများ ကို Verbe များကဖေါ်ပြ ကြပါသည်။ တနည်းအားဖြင့် ကတ္တား ပုဒ်တခု၏ လုပ်ဆောင်မှု ကို ကြိယာ ပုဒ် Verbe များက ဖေါ်ပြနေပါသည်။ ကြိယာများသည် လှုပ်ရှားမှု သဘောပါသော ကြိယာများ (ဥပမာ -ပြေးသည်၊ တက်သည်၊ လာသည်၊ ခုန်သည် ) နှင့် လှုပ်ရှားမှု မပါဝင်သော ကြိယာများ (ဥပမာ - တွေးတောသည်၊ ဖြစ်သည်၊ ထင်ရသည်၊ ကြံစည် သည် ) ဟူ၍ အနေနှင့် သဘာဝ ၂ မျိုးတွေ့ရှိရသည်။
ပုံမှန်ဝါကျများ သုံးစွဲရာတွင် ကြိယာ Verbes များသည် ကတ္တားပုဒ် Sujets များ၏ အနောက်တွင်သာ ရှိနေရပါမည်။
( ဥပမာ - Je regarde un film. ) စာကြောင်းတွင် Je သည် ကတ္တားပုဒ် ခေါ် Sujet , regarde သည် ကြည့်သည် ဆိုသော ကြိယာ Verbe ဖြစ်သည် ။
ရှေ့က သင်ခန်းစာတွင် ရေးခဲ့သလို Verbe တခုကို အဘိဓါန် တွင် တွေ့သည့်အတိုင်း တိုက်ရိုက် သုံး၍ မရပါ။ သက်ဆိုင်ရာ ကတ္တားပုဒ် အလိုက် Conjugaison ဥပဒေသများ အတိုင်း ချိန်ညှိပေးပြီး စာကြောင်း တည်ဆောက်ရပါမည်။
ဥပမာ - ကြည့်သည် ဆိုသော look , watch ကို Dictionary တွင်ကြည့်သောအခါ "regarder" ဟုတွေ့ပါမည်။ မူရင်း အတိုင်းဖြစ်နေသော Verbe Infinitif ကိုသာတွေ့ရပါမည် ။
Verbe များကို Verbe Transitif နှင့် Verbe Intransitif ဟူ၍ ခွဲခြားနိုင်ပါသည် ။
Verbe များ၏ အဆုံးသတ် စာလုံးကို ကြည့်ပြီး အုပ်စု (၃) စု ခွဲ ခြားထားပါသည် ။
Verbe Conjugaison မှန်ကန်စွာ လုပ်နိုင်ရန် အတွက် မည်သည့် အုပ်စုတွင်ပါ ဝင် သည် ဆိုသည်ကို သိထား ရမည့်အပြင် ပုံမှန်မဟုတ်သော Verbe အချို့ ၏ Conjugaison ပုံစံများကိုတော့ အသေ မှတ်ထားရပါမည်။ ပြင်သစ်ဘာသာ စကားကို ပြော ဆို၊ ရေးသား၊ သင်ယူ လေ့လာနေသမျှ မှန်ကန်စွာ သုံးစွဲ သွားရမည်ဖြစ်ပါသည်။
၁ ။ " ...er " ဖြင့် အဆုံး သတ် သော Verbe ကြိယာများ သည် Conjugaison လုပ်ရန် အလွယ်ဆုံး ဖြစ်ပြီး အုပ်စု (၁) ဟုသတ်မှတ်ထားပါသည်။
၂ ။ " ...ir " ဖြင့် အဆုံး သတ် သော Verbe ကြိယာများ ထဲမှ အချို့ သည် အုပ်စု (၂ ) တွင် ပါဝင်ပါသည်။
၃ ။ " ...ir " ဖြင့် အဆုံး သတ် သော Verbe ကြိယာ အချို့၊ "..re" " ...yer" "...oir " ဖြင့် အဆုံးသတ်သော ကျန်ရှိ ကြိယာများသည် အုပ်စု (၃) တွင် ပါဝင်ပါသည်။
အလွယ်ဆုံးဖြစ်သော အုပ်စု ၁ ၏ ကြိယာများကို ဥပမာပေးရလျှင် ( ရှေ့ သင်ခန်းစာမှ regarder ဆိုသော ကြည့်သည် ဆိုသော ကြိယာကို သက်ဆိုင်ရာ လူပုဂ္ဂိုလ် နာမ်စားများ နှင့်တွဲပြီး
Conjugaison လုပ်ကြည့်ရအောင် .......( ပစ္စုပ္ပန် ကာလအချိန်ပြပုဒ် အတွက်သာ ) Présent
Regarder ( verbe Infinitif " watch, look ") ကြည့်သည်
Je regarde Nous regardons
ကျနော်၊ကျမ ကြည့်သည် ကျနော်တို့၊ကျမ တို့ကြည့်ကြသည်
Tu regardes Vous regardez
မင်း၊ခင်ဗျား၊ရှင် ကြည့်သည် မင်းတို့၊ခင်ဗျားတို့၊ရှင်တို့ ကြည့်ကြသည်
Il/ Elle regarde Ils/ Elles regardent
သူ ၊ သူမ ကြည့်သည် သူတို့ ၊ သူမတို့ ကြည့်ကြသည်
အထက်ပါ ပုံစံ ( Verbe Conjugaison ) ကိုကြည့်လျှင် သက်ဆိုင်ရာ ကတ္တားပုဒ် များအတွက် သုံးထားသော ကြိယာများ ၏ အဆုံးသတ်များသည် "e , es, e " တို့သည် အနည်းကိန်း ဖြစ်သော ပထမ၊ဒုတိယ၊တတိယလူ များအတွက် ဖြစ်ပြီး " ons, ez, ent " တို့သည် အများကိန်း ဖြစ်သော ကတ္တားပုဒ် များ အတွက်ဖြစ်သည်။ အဆုံးသတ် စာလုံးများကို ပုံသေမှတ်ယူရပါမည်။
ထို့ကြောင့် Je သည် ပထမလူ၊ အနည်းကိန်း Nous သည် ပထမလူ၊ အများကိန်း
Tu သည် ဒုတိယလူ၊ အနည်းကိန်း Vous သည် ဒုတိယလူ၊ အများကိန်း
ll/ Elle သည် တတိယလူ၊ အနည်းကိန်း Ils/ Elles သည်တတိယယလူ၊ အများကိန်း
နောက်ထပ်နမူနာ သီချင်းဆိုသည် ကြိယာ "Chanter" ကို အောက်ကလင့်မှာကြည့်ပါ။ မူရင်းကြိယာဖြစ်တဲ့ Verbe Infinitif ကို Chanter ရှော့န်တေ လို့ အသံထွက်ပါတယ်။
အသုံးများ တဲ့ကြိယာတွေ ဖြစ်ပြီးအလွယ်ဆုံးဖြစ်တဲ့ အုပ်စု (၁) ဝင် အောက်ကပေးထားတဲ့ Verbes တွေကို လေ့ကျင့်ခန်းအနေနဲ့ ကိုယ်တိုင် ချရေးကြည့်ပါ။ Verbe Conjugaison လုပ်ပါ ။ အားလုံး သည် verbe infinitif ဖြစ်သည်။ အသံထွက် အမှန်နှင့် အဖြေ ကို သိရှိရန် Youtube တွင် ပြန်ကြည့်ပါ ။
ဥပမာ " verbe parler conjugaison " ဆိုပြီးရိုက်ရင် http://www.youtube.com/watch?v=b42hXdt6V1E
ကိုတွေ့ရပါမယ်။
parler : ပါ့ခ်လေ ( ပြောသည် )
commencer : ကွန် မွန် စေ ( စသည်. စတင်ပြုလုပ်သည် )
ranger : ရောန့်ဂျေ ( သိမ်းဆည်း သည် )
habiter : အာဘိတေ ( နေထိုင် သည် ) h အသံသည် ထုံးစံအတိုင်း ဖျောက်ထားပါသည်။
travailler : ထရာဗိုင်ယေ ( အလုပ် လုပ် သည် )
écouter : အေးကူတေ ( နားထောင် သည် ) သရများ၏အပေါ် မှ သင်္ကေံတများကို သတိထားပါ
fermer : ဖဲ့ခ်မေ ( ပိတ် သည် )
laver : လာ ဗေ ( ဆေးကြော သည် )
lever : လက်ဗေ ( ထူမ သည် )
marcher : မာ့ခ်ရှေ ( လမ်းလျှောက်သည၊် ကြိတ်ဝါးသည်၊ အလုပ်ဖြစ်သည် ) သုံးနှုံးပုံ များကွဲသည်
tourner : တူးန်ခ်နေ ( လှည့် ပါတ် သည် )
retourner : ရ တူးန်ခ်နေ ( တနေရာမှ ပြန်သည် ၊ပြန်လည် လှည့် ပါတ် သည် )
rentrer : ရောန့် ထရေ ( အိမ်သို့ ပြန် သည် )
brancher : ဘရောန့်ရှေ ( တပ်ဆင် သည် ) မီးကြိုး၊ တယ်လီဖုံး ကြိုးကိုပလပ်ခေါင်းတွင်တပ် ခြင်းမျိုး
débrancher : ဒေဘရောန့်ရှေ (ဖြုတ် သည် ) မီးကြိုး၊ တယ်လီဖုံး ကြိုးကိုပလပ်ခေါင်းမှ ဖြုတ် ခြင်းမျိုး
assembler :အ စွန် ဘလေ (တပ်ဆင်သည်) monter လဲသုံးသည်။ အစိတ်အပိုင်းပစ္စည်းများ ကို တပ်ဆင်သည်
connecter : ကွန်နက်တေ ( ဆက်သွယ်သည်၊ တပ်ဆင်သည် ) မီးကြိုး၊ တယ်လီဖုံး ကြိုးကိုပလပ်ခေါင်းတွင်တပ် ခြင်းမျိုး ၊ အင်တာနက် ဆက်သွယ်သည်။ ( la connection : အင်တာနက်ကွန်နက်ရှင်)
déconnecter : ဒေကွန်နက်တေ ( ဆက်သွယ်၊ တပ်ဆင်မှု ကိုဖြတ်တောက်သည် ) ဆန့်ကျင်ဘက်
contacter : ကွန်တပ်တေ ( ဆက်သွယ်သည်) လူချင်းဆက်သွယ်မှု
téléphoner : တေလေဖိုနေ ( ဖုံးဆက်သည်)
préparer : ပရေ ပါရေ ( ကြိုတင် ပြင်ဆင်သည်)
imaginer : အီမာဂျီနေ ( စိတ်ကူး သည် ၊မှန်းဆသည် )
dessiner : ဒေစီနေ ( ပုံဆွဲ သည်) "s" ၂ လုံးဖြစ်လျင် "s"သံထွက်သည်ဟု ယေဘူယျမှတ်ပါ
cuisiner : ကွီ ဇီ နေ (ချက်ပြုတ်သည်) "s" ၁ လုံးဖြစ်သောကြောင့် "z" သံထွက်ရပါမည်။
( ကြုံသလို ကြိယာများ ထပ်ပေးသွားပါမည် ။ ကြိယာတိုင်းကို ဖြစ်နိုင်လျှင် Youtube တွင်အသံ ထွက် မှန်အောင် လေ့ကျင့်ပါ ။ ကြိယာတိုင်းကို ပုံစံ အဖြစ် အထက်က အတိုင်း Regarder verbe ကဲ့သို့ ကိုယ်တိုင် ချရေးပါ ။
ကြိယာ အုပ်စု ၃ ခုတွင် မပါဝင်ပဲ သီးခြားဖြစ်သော အရေးကြီးသည့် ကြိယာ ၂ ခုကို ခေါ်ပြလိုပါသည်။
၎င်းတို့မှာ ဖြစ်ခြင်းပြကြိယာ " être " ( verb to be ) နှင့် ရှိခြင်းပြ ကြိယာ " avoir " ( verb to have ) ဖြစ်ကြပါတယ်။ ကျနော့်မှာ ညီတစ်ယောက် ညီမ နှစ်ယောက်ရှိတယ် ၊ သူမသည် ပြင်သစ်စာ ဆရာမဖြစ်တယ် ၊ သူသည် ကြင်နာတတ်သည် ... စသည်ဖြင့် ရှိခြင်း၊ ဖြစ်ခြင်းတို့ကို ပြဆိုသော ကြိယာအနေနှင့် သုံးရန်သာမကပဲ အတိတ်ကာလ အချိန်ပြပုဒ် Past Tense အပါအဝင် အခြား အချိန်ပြပုဒ်တွင် သုံး ရာတွင် အကူ ကြိယာ Verbe Auxiliaire အနေနှင့်သုံးရမည် ဖြစ်သောကြောင့် " être " နှင့် " avoir " တို့၏ Verbe Conjugaison ကို မပိုင်နိုင်ခဲ့လျင် အချိန်ကာလ ညွှန်ပြသော စာကြောင်းများတည်ဆောက်ရန် ခက်ခဲပါမည်။
être အက်ထ် ၊ ဖြစ်သည် Verb " be " ( အရေးကြီးပါသည်)
Je suis ရဆွီ Nous sommes နူ ဆွမ်း မ်
ကျနော်၊ ကျမသည် ...ဖြစ်သည် ကျနော်တို့၊ ကျမတို့ သည် ...ဖြစ်ကြသည်
Tu es ကျူ အေ Vous êtes ဗူ ဇက် ထ်
ခင်ဗျား၊မင်း၊ ရှင် သည် ...ဖြစ်သည် ခင်ဗျားတို့၊မင်းတို့၊ရှင်တို့သည် ...ဖြစ်ကြသည်
Il / Elle est အီလေ ၊ အယ်လ်လေ Ils / Elles sont အီဆွန်န့် ၊ အယ် ဆွန့်န်
သူ၊သူမ သည် ...ဖြစ်သည် သူတို့၊ သူမတို့ သည် ...ဖြစ်ကြသည်
(လင့်မှာ il est/ elle est အပြင် on est ဟု တွေ့ ရမည်။ ပုဂ္ဂိုလ် အတိအကျ မဖေါ်ပြပဲ သုံးသည်။ စာကြောင်းများ လုပ်ရင်း ရှင်းသွားပါမည်)
avoir အာ ဗွား ၊ ရှိသည် Verb " have " ( အရေးကြီးပါသည်)
J'ai ရေ Nous avons နူ ဇာ ဗွန်
ကျနော့်မှာ၊ ကျမမှာ ...ရှိသည် ကျနော်တို့၊ ကျမတို့မှာ ...ရှိကြသည်
Tu as ကျူ အာ Vous avez ဗူ ဇာဗေ
ခင်ဗျားမှာ၊မင်းမှာ ၊ ရှင့်မှာ ...ရှိသည် ခင်ဗျားတို့မှာ၊မင်းတို့မှာ ၊ရှင်တို့မှာ...ရှိကြသည်
Il / Elle a အီ လာ ၊ အယ်လ်လာ Ils / Elles ont အီဇွန်န့် ၊ အယ်ဇွန့်န်("ဆ"မဟုတ်)
သူ့မှာ၊သူမမှာ ...ရှိသည် သူတို့မှာ၊ သူမတို့မှာ ...ရှိကြသည်
နောက် သင်ခန်းစာတွေမှာ စာကြောင်း တည်ဆောက်နိုင်ရန် အတွက် ဂဏန်းရေတွက်ပုံတွေ ကိုအောက်ပါလင့်တွေ နဲ့ လေ့ကျင့်ပါ ။ ရေတွက်ပုံ ၁၁ မှ စပြီး ခက်ခဲ သဖြင့် ထပ်မံ ရှင်းပြသွားပါမည်။
ဂဏန်း ရေတွက်ပုံများ Les Chiffres ( လေ ရှိ ဖ် )
လိုက်ပြီး ရွတ်ဆိုပါ ၊ ချရေးပြီး အလွတ်ရအောင် လေ့ကျင့် ပါ
Comments