ပင်လယ်ကမ်း လမ်းလျှောက်ထွက်ရအောင်
မောင်စွမ်းရည်၊ မတ် ၂၃၊ ၂၀၁၃
ပင်လယ်ကမ်း လမ်းလျှောက်
ငါးတကောင် ကောက်မိ။
ပုလဲတလုံး တွေ့တော့
ငါးကို မေ့ပြီး ချခဲ့။
ငါးစိမ်းကို မေ့
ငါးကင် မတွေ့ရင်
ဒီနေ့ ငတ်ပေါက်
ကောက်လာတဲ့ ပုလဲ
ဈေးထဲ ရောင်းချ
ငါးကင် ၀ယ်လို့ရမယ်။
ဝယ်ခြမ်းပြီးမှ သတိရခဲ့
လုံမလည်ဆွဲ ပုလဲလက်ဆောင်
ပေးရအောင် - လို့။
နှင်းဆီပန်းလေး ၀ယ်ပေးလိုက်ပါ
ကျေနပ်မှာပေါ့။
ဟုတ်ကဲ့ ဟုတ်ကဲ့
ကျေနပ်လေမလား
မကျေနပ်လေမလား
စဉ်းစားနေဆဲ … …
ထမင်းပွဲက စားပွဲရှေ့ရောက်
ကောက်ကာ ငင်ကာ စားလိုက်ပါပြီ၊
နှင်းဆီရောင်းသူ၊ ဈေးခေါင်းတောင်းရွက်
ဈေးနှုတ်ဆက်
ဖုတ်ဖက်ခါလို့ ပြန်ပါပြီ။
ပင်လယ်ကမ်း လမ်းလျှောက်ထွက်ပါလေ။
(မောင်စွမ်းရည်၊ ၂၀ ဖေဖော်ဝါရီ ၂၀၁၃)
Comments