ရေးခဲ့မိသော မှတ်တမ်းများ (၂၀)
အုန်းနိုင်
မတ်လ ၁၂၊ ၂၀၁၃
● သူခိုး ဓါးရိုးကမ်းသလား
၁၉၈၉ ဇူလိုင်လ ပထမပတ်ထဲမှာပဲ (၂၇.၆.၈၉ )နေ့ စွဲ နဲ့ ဦးအောင်ရွှေဦးဆောင်တဲ့  မျိုးချစ်ရဲဘော်ဟောင်းအဖွဲ့ ရဲ့  “ဒီမိုကရေစီ တိုက်ပွဲ အောင်မြင်ရေး အတွက်အကြံပေးတင်ပြချက် “ ဆိုတဲ့  စာတမ်းတခု ထွက်လာပါတယ်..။ဒီစာတမ်းက ဘယ်သူ့ကို အကြံပေးတာလဲ..။အတွင်းလှည့်ပြီးရစ်တာလား..။ဒီထက်ပိုပြီးမထင်ကောင်း ထင်ကောင်း ထင်ရရင် သူခိုးဓါးရိုးကမ်း တာလား....လို့တောင် ထင်ရလောက်တဲ့  သံသယဖြစ်စရာ စာတမ်းကြီးပါဘဲ..။ဒါဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ အတွင်းမှာအရေးပါလှတဲ့  မဖုံးနိုင် မကွယ်နိုင်သူ့ လူ ကိုယ့်ဘက်သား လုပ်လိုက်တာကြီးပါ..။”လက်ရှိ အခြေအနေနှင့် ရွေးကောက်ပွဲ အလားအလာ”လို့ ခေါင်းစဉ်ငယ် တပ်ပြီး စာပိုဒ်ပေါင်း (၂၉)ပိုဒ် ခွဲလို့ ဖော်ပြထားပါတယ်..။(အကျယ်ကို စာအုပ်(၂၀)စာမျက်နှာ(၇၉၃) နောက်ဆက်တွဲ(က)တွင် ဖော်ပြထားပါတယ်)
အပိုဒ်(၁) နဲ့ (၂)မှာ လူထုက ရွေးကောက်ပွဲ ကျင်းပမပေးမှာကိုသာစိုးရိမ်နေပြီး ..အခု န၀တ ကရွေးကောက်ပွဲကျင်းပပေးမယ် လို့ ကတိပြုပြီး အနိုင်ရတဲ့  အဖွဲ့ ကိုအာဏာလွှဲပေးမယ်လို့  အသေအချာကတိပေးထားပြီမို့  ဒီလို ကာလအတွင်းမှာ န၀တကိုထိပ် တိုက်ရင်ဆိုင်မိစေမယ့်  တင်းမာတဲ့  ဆက်ဆံရေးမျိုးကို ဒီမိုကရေစီ လိုလားသူများ ဘက်မှ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလို့တော့  ထဲ့ မပြောပါ)မပြုသင့် တော့ဘူးလို့  ပါရှိပါတယ်..။
အပိုဒ်(၃) နဲ့ (၄)မှာတော့ ၁၉၈၈ခုနှစ် ဒီမိုကရေစီအုံကြွမှုကြီးမှာ မဆလ လက်အောက်မှာ မျှော်လင့်ချက် ကင်းမဲ့ ပြီး မှောင်အတိကျေ နလို့  အသက်ပေါင်းများစွာအသေအကြေခံပြီး စွန့် လွှတ်စွန့် စားပြုလုပ်ခဲ့ ရတာ ဖြစ်ပေမယ့်  လက်ရှိ အခြေအနေမှာတော့ အလင်းရောင်
ပေါ်ပေါက်လာပြီ ဖြစ်လို့  ယခင်တိုက်ပွဲ ပုံစံမျိုး မဖော်သင့် တော့ဘူး..။
အပိုဒ်(၅)ကတော့ ရွေးကောက်ပွဲ အချိန်ဇယား ထုတ်ပြန်ထားပြီဖြစ်လို့  အချိန်ချုံ့ ပေးဖို့  လောက်သာပြောသင့် တယ်..။ရွေးကောက်ပွဲ ကျင်းပပေးပါမလားလို့  စိုးရိမ်ဖို့ မလိုတော့ဘူး..။လူထုကလည်း ဒီစိုးရိမ်စိတ်မျိုး လျော့ပါးလာပြီ ဖြစ်တယ်..။
အပိုဒ်(၆)နဲ့ (၇)ကတော့ (၄၄)နှစ်မြောက် တပ်မတော်နေ့ မှာပြောကြားခဲ့ တဲ့  ဗိုလ်ချုပ်ကြီးစောမောင်ရဲ့  ကတိစကား ကို ယုံကြည်ပါလို့  အဓိပါယ်ရပါတယ်..။
အပိုဒ်(၈)နဲ့ (၉)မှာတော့ န၀တဘက်က လောလောဆည်ဖိနှိပ်မှု၊ဖမ်းဆီးမှုများ ရှိနေပေမယ့်  သူတို့ မှာလည်း ရွေးကောက်ပွဲကျင်းပပေးဖို့  နဲ့  အရွေးခံရသူတွေကိုအာဏာလွှဲပြောင်းပေးဖို့  ဆိုတဲ့ လမ်းကြောင်းကို လွှဲရှောင်နိုင်မှာ မဟုတ်လို့  ဒါလောက်တော့ သီးခံပါ(ဒီအတောအတွင်း ကြိတ်ခံပါ) ဆိုတဲ့  သဘောပါ။
အပိုဒ်(၁၀)မှာ ရှစ်လေးလုံး လှုပ်ရှားမှု ရဲ့  အလံကိုင်အဖွဲ့ဖြစ်တဲ့  ကျောင်းသားထု အတွင်းမှာ ခေါင်းဆောင်မှု ကွဲပြားနေခြင်း၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းမှာလည်း ဂိုဏ်းဂန အုပ်စုတိုက်ပွဲတွေ ရှိနေခြင်း၊ဒီမိုကရေစီ အင်အားစုကြီး တခုလုံးလည်း တပ်ပေါင်းစု မဖွဲ့နိုင်ခြင်း၊တိုင်းရင်းသား လူမျိုးစုများနဲ့ လည်းကျစ်လစ်ခိုင်မာ တဲ့  စည်းရုံးမှု မတည်ဆောက်နိုင်သေးခြင်း ဆိုတဲ့ အချက်တွေကို မြင်နေရတဲ့  ပြည်သူလူထုက စိတ်ဓါတ်ပျက်ပြားကာ တွေဝေနေတယ် လို့  ဆိုပါတယ်..။
အပိုဒ်(၁၁)(၁၂) နဲ့ (၁၃) တွေမှာတော့  အခြေအနေအရ ကိုယ့်ဘက်ကအားနဲနေလို့  စစ်တပ်နဲ့  စေ့စပ်အပေးအယူ လုပ်သွားရမယ် ဆိုတဲ့  အဓိပါယ်ပါ..။
အပိုဒ်(၁၄)(၁၅)(၁၆) နဲ့ (၁၇) တို့ ကတော့ အစပိုင်းက ဖော်ပြခဲ့တဲ့  မဆလ အမှောင်ခေတ်က ဒီမိုကရေစီ အုံကြွတိုက်ပွဲဝင်မှုမျိုး မလိုတော့ဘူး..။ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့  အချိန်မျိုးမှာ အထွေထွေသပိတ်တိုက်ပွဲကို ဘယ်အလုပ်သမား လူထုလူတန်းစားကမှ ထောက်ခံမှာမဟုတ်ဘူး..။အဖမ်းခံ ၊အသေခံ ၊အနစ်နာခံ စွန့် စားကြတော့ မှာ မဟုတ်ဘူး။ဒါကို ဇွတ်တိုး လုပ်ရင်အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ဦးဆောင်မှု ကျဆုံး သွားမယ်..။ရွေးကောက်ပွဲ အပေါ် သံသယရှိပေမယ့် ရွေးကောက်ပွဲ လုပ်ရင်အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို တခဲတနက် ထောက်ခံကြမှာမို့ (၁၀)လလောက်ကို အောင့် အီးသီးခံပြီးအဖွဲ့ ချုပ်က ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရေးကိုသာ ဦးဆောင်သွားရမယ် လို့  ဆိုပါတယ်..။
အပိုဒ် (၁၈) နဲ့ (၁၉) ကတော့ လက်နက်ကိုင် တော်လှန်ရေးနည်းတို့ ၊ကြားဖြတ် အစိုးရတောင်းဆိုတာတို့ ဟာ မိမိ ဘက်က အင်အားကို န၀တ ဘက်က ပိုပြီး ဖိနှိပ်ခွင့်၇အောင် လမ်းဖွင့် ပေးတဲ့  သဘောမျိုးဖြစ်နေလို့  အရေးနိမ့် မယ်..။အထွေထွေ သပိတ် တိုက်ပွဲနည်းထက်
ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်တဲ့  နည်းက ပိုပြီး လက်တွေ့ ကျတယ် လို့  ဆိုပါတယ်..။
ဒါပေမယ့်  အပိုဒ် (၂၀)မှာတော့ န၀တ က ဒိမိုကရေစီပေးအောင် နဲ့  လူထုက ရွေးချယ် တဲ့ ကိုယ်စားလှယ်များကို အာဏာလွှဲပေးအောင်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး ဦးဆောင်မှု နဲ့  တိုက်ပွဲဝင်ဖို့  တာဝန်ရှိတယ် လို့  ဆိုပြန်ပါတယ်..။
အပိုဒ်(၂၁) နဲ့  (၂၂) တို့ ရဲ့  အဓိက အချက်ကတော့အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အနေနဲ့  တခြားနည်းလမ်းတွေကို သို့ လော သို့ လော ဖြစ်မနေတော့ပဲရွေးကောက်ပွဲဝင်မယ် ဆိုတဲ့  လမ်းကိုသာ ပီပီပြင်ပြင် လူထုကို ချပြပြီး စည်းရုံးပါလို့  ဆိုပါတယ်..။
အပိုဒ်(၂၃)ကတော့ အုပ်ချုပ်ရေး ယန္တရားအသစ် (ကြားဖြတ် အစိုးရ)တခု တောင်းဆိုတာဟာရွေးကောက်ပွဲကို ဟန့် တား နှောင့် ယှက်ရာ ရောက်တယ်..။
အပိုဒ် (၂၄) နဲ့  (၂၅) မှာတော့ စစိတပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းဖွဲ့ စည်းပေးခဲ့ တဲ့  တပ်၊ဖက်ဆစ်ကိုတော်လှန်ခဲ့ တဲ့  တပ်၊ တရုပ်ဖြူ ကျူးကျော် မှုကို ခုခံတိုက်ခိုက်ခဲ့တဲ့ တပ် ။ဒါကြောင့်  ဒီတပ်က တပ်ဗိုလ်တပ်သားတွေဟာ တပ်မတော်ရဲ့ ဘခင် ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားကြည်ညိုလျှက်ရှိသေးတယ်..။ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးမှု မပြိုကွဲရေး၊အချုပ်အာဏာတည်မြဲရေးကို စောင့် ထိမ်းမယ်လို့ ကြွေးကြော်ထားတဲ့  တပ်ကို ယုံပါလို့  တိုက်တွန်းပါတယ်..။
အပိုဒ်(၂၆)ကတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က ဒီမိုကရေစီ ကျကျ ပွင့် လင်းပြတ်သားတဲ့  စည်းရုံးရေး မူကိုချမှတ်ထားရမယ်..။(ရွေးကောက်ပွဲဝင်မလိုလို၊မ၀င်ဘူးလိုလို မပြောနဲ့ ) လို့  ဆိုပါတယ်..။တဆက်တည်း မှာပဲ.... အပိုဒ်(၂၇)မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  တပ်က အချို့အစိတ်အပိုင်းများရဲ့  လုပ်ဆောင်ချက်များကို သာ ကောက်ချက်ချပြီး..၊အပြစ်မပြောပဲ တပ်ကို အပြန်အလှန်နားလည်မှု ရရန် မိမိကိုယ်တိုင်ဟောတာ ပြောတာ လုပ်ကိုင်တာအပြင် မိမိအဖွဲ့ သားတွေပါ လိုက်နာအောင်လုပ်ပါ..။ပုဂိုလ်ရေး တိုက်ခိုက် မှု တွေကို မလုပ်ပါနဲ့  ရှောင်ပါ..။(ဦးနေ၀င်းကို တိုက်ခိုက်ပြောဆိုတာတွေ မလုပ်ပါနဲ့ ..ဆိုတဲ့ သဘောပါ)
အပိုဒ် (၂၈)နဲ့ (၂၉) မှာတော့ ဒိမိုကရေစီ အုံကြွမှုကြီးမှာတပ်နဲ့ ပြည်သူ နားလည်မှု ပျက်ခဲ့ တာကိုဒေါ်အောင်ဆန်းစုကြည်က နားလည်မှု ရအောင် လုပ်နိုင်မှာ ဖြစ်တယ်..။တပ်နဲ့ပြည်သူ နားလည်မှု ရဖို့ ဆိုတာကလည်း တကယ်လိုအပ်ချက် ဖြစ်တယ်..။ဒီ့ ပြင်လည်း ပါတီစုံဒီမိုကရေစီ စနစ်ထူထောင်ရေး ၊အောင်မြင်မှု ရရေး မရရေးဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ နိုင်ငံရေးလမ်း မှန်မမှန် ပေါ်မှာ မူတည်တယ်..။ဒါကြောင့်  ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေး လမ်းစဉ်အမှန်ပေါ် ရောက်အောင် ရွေးကောက်ပွဲ ၀င်မည် ဟူသော လမ်းစဉ်ကိုသာ ချမှတ်ကြေညာ ဦးဆောင်သွားပါလို့ ဆိုတာပဲ..။
မျိုးချစ် ရဲဘော် ဟောင်းကြီးများ အမည်ခံ တပ်မှူးကြီးများ ရဲ့ ဒီကြေညာချက်ဟာ အတော့်ကို ဖောက်ပြန်တဲ့  အနှစ်သာရတွေ ပါရှိပါတယ်..။န၀တ ဘက်က ဖိနှိပ်မှုတွေ တိုးတိုး လာလို့  ဒေါ်စုကဒီဖိနှိပ်မှုတွေကို ဆန့်ကျင်ဖို့  ဖော်ထုတ် တိုက်ခိုက် နေတာကိုပဲ နိုင်ငံရေးလမ်းကြောင်း မှားနေသယောင်ယောင် ။
ဒေါ်အောင်ဆန်းစုကြည် ရဲ့  ရွေးကောက်ပွဲကို ၀င်မလိုလိုမ၀င်ဘူး လိုလို သဘောထားကို တိုက်ခိုက်ပြီး သူတို့ မျိုးချစ်ကြီးများကတော့ ရွေးကောက်ပွဲ ၀င်ရေးပါဘဲလို့  န၀တ ကို မျက်စလှမ်းပြစ်လိုက်တာပါပဲ..။ထိပ်တိုက် ရင်ဆိုင် တိုးမှုများ ဖြစ်ရင်ဒေါ်အောင်ဆန်းစုကြည် တာဝန်။ သူတို့  (မျိုးချစ်)တွေ မပါဘူး...။
အရေးယူချင် ရင် ဒေါ်အောင်ဆန်းစုကြည် နဲ့  သူ့ လူတွေကို ယူ ..။သူတို့ (မျိုးချစ်)များကို တော့မယူပါနဲ့  ဆိုတဲ့  သဘောတွေ အများကြီးပါတယ်..။နောက် တခါ ရှစ်လေးလုံး အလံကိုင်ကျောင်းသားများ ရဲ့  အရှိန် နဲ့ ..နိုင်ငံရေး တိုက်ပွဲထဲ ၀င်လာပြီးရှစ်လေးလုံး အုံကြွမှု ကြီးကိုပဲ သူတို့ က ဦးဆောင်ခဲ့သလိုလို အသားယူပြီး ကျောင်းသားတွေ ရဲ့  မညီညွတ်မှုကို အတိအလင်း ရှုံ့ ချ တိုက်ခိုက်လိုက်တာပဲ။
သူတို့  ရဲ့  ကြေညာချက်ဟာ သူတို့  (မျိုးချစ်)တွေ ဆက်လက်ရပ်တည်ရေး အတွက်တော့ သိပ်မှန် တဲ့  သဘောထားပေါ့..။အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို အရှိန်ကောင်းကောင်း နဲ့ ဦးဆောင်မှုပေးနေတဲ့  ဒေါ်အောင်ဆန်းစုကြည် နဲ့  ဒီမိုကရေစီ လိုလားသူအားလုံးအတွက်တော့ သေသေချာချာကိုဖောက်ပြန်တဲ့  သူခိုးဓါး ရိုးကမ်းထားတဲ့  သဘောထား ကြေညာချက်တရပ်ဖြစ်ပါတယ်..။ ။
(ရေးခဲ့ မိသော မှတ်တမ်းများ (၂၁) ...ကွန်ဖရန် တေးရှင်း မလုပ်ပါ နဲ့ )
Comments