ရေးခဲ့မိသော မှတ်တမ်းများ - (၁၉)
အုန်းနိုင်
မတ်လ ၁၀၊ ၂၀၁၃
● ဦးဝင်းတင်ကို မတရားထောင်ချပြီ
အဲဒီနေ့ (၂၈.၆.၈၉) သတင်းစာမှာပဲ သတင်းစာရှင်းလင်းပွဲ သတင်းပါလာပြန်ပါတယ်။ အဖွဲ့ ချုပ်လူငယ်တာဝန်ခံဟောင်း စိုးသိန်းတို့ သူ့ အမျိုးသမီး မသူဇာတို့ကို ကိုယ်ဝန်ဖျက်ချမှု ပုဒ်မ (၃၁၅) နဲ့ တရားရုံးတင် တရားစွဲဆိုလိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဝင်းတင်တို့ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင် ဦးငွေလှိုင်တို့နှစ်ယောက်ကိုတော့ တရားခံ စိုးသိန်း ကိုဖမ်းဆီးရာတွင် ကာကွယ်ရန် လျှို့ ဝှက်ကူညီပံ့ပိုးမှုပုဒ်မ (၂၁၆) တို့ တရားစွဲဆိုလိုက်ပါတယ်။ ဇူလိုင်လ (၄) ရက်နေ့မှာ အမှုကြားနာဖို့ ချိန်းဆိုလိုက်ပါတယ်။ အမှုစွဲတင်တဲ့နေ့မှာပဲ ဦးငွေလှိုင်ကို ဖမ်းဆီးချုပ်နှောင်လိုက်ပါတယ်။ ဒီလိုပဲ ဇူလိုင်လ (၄) ရက်နေ့မှာ အမှုရင်ဆိုင် ရအောင်လာတဲ့ ဦးဝင်းတင်ကိုလည်း ဖမ်းဆီးချုပ်နှောင်လိုက်ပါတယ်။ ဦးဝင်းတင် တို့ဦးငွေလှိုင်တို့ကိုစွဲဆိုထားတဲ့ ပုဒ်မ (၂၁၆) ဆိုတာ အာမခံပေးရမယ့် ပုဒ်မပါ။ ဒါကြောင့် အာမခံလျှောက်ထားတော့ နောက်ထပ် ဇူလိုင် (၆) ရက်နေ့ကို ထပ်ချိန်းပြီး ချုပ်ထားလိုက်ပါတယ်။ ဇူလိုင်လ (၆) ရက်နေ့ရောက်တော့လည်း တရားသူကြီးက ဦးဝင်းတင်တို့ ဦးငွေလှိုင်တို့ကို စွဲထားတဲ့ ပုဒ်မ (၂၁၆) ဟာ အာမခံပေးကို ပေး ရမယ့်အမှုဖြစ်ပေမယ့် အမှုကို လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမှာ ဖော်ပြပါရှိခဲ့လို့  အများပြည်သူ စိတ်ဝင်စားနေတဲ့ အမှုဖြစ်တဲ့  အတွက် အာမခံပေးလိုက်ရင် ဥိးဝင်းတင် တို့ဦးငွေလှိုင်တို့ရဲ့  လုံခြုံ ရေးအတွက် စိုးရိမ်ဖွယ် ရှိနိုင်လို့ အာမခံမပေးနိုင်ပါလို့  ဆုံးဖြတ်လိုက်ပါတယ်..။
ဒါဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို အသရေဖျက်တဲ့ အပြင် ဦးဝင်းတင် တို့ဦးငွေလှိုင်တို့ကို တမင် မတရားဖမ်းဆီးတာပါ..။ဒီအမှုမှာ ဦးဝင်းတင် ဘယ်လောက် များ နက်ရှိုင်း ပတ်သက်မိသလဲ ဆိုတာစာဖတ်တဲ့ သူတွေ သိရအောင် သူတို့ အစိုးရဘက်က သတင်းထုတ်ပြန်ချက်ကို ပဲ ဒီနေရာမှာ တိုက်ရိုက်ဖော်ပြလိုက်ပါတယ်..။
“တရားခံစိုးသိန်းအား ဖမ်းဆီးနိုင်ရန်အတွက် သက်ဆိုင်ရာပြည်သူ့ ရဲတပ်ဖွဲ့  က ၄င်းဧ။် ဇာတိဖြစ်သော ဧရာဝတီတိုင်း ငပုတောမြို့ နယ် ဟိုင်းကြီးကျွန်းကျေးရွာရှိစိုးသိန်းဧ။် မိဘဖြစ်သူ ဦးစိုးမြင့် တို့ ဒေါ်ခင်သိန်းမြင့်  တို့ထံ သွားရောက်ပြီး ဖမ်းဆီးဝရမ်းကိုအတည်ပြုဆောင် ရွက်ခဲ့ကြသည်..။ထိုသို့  ဆောင်ရွက်ခဲ့ရာ တွင် စိုးသိမ်းဧ။် ဘခင် ဦးစိုးမြင့်  သည် ၄င်းဧ။် သားစိုးသိန်း ပြစ်မှု ဖြစ်ပွါးသဖြင့်  ၀ရမ်း ထုတ်ထားခြင်းအား မေးမြန်းစုံစမ်း ရန် (၁.၅.၈၉) ရက်တွင် ပုသိမ်မြို့ ရှိအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးသို့  သွားရောက်ခဲ့ပါသည်..။
ထို ရုံးမှ တဆင့်  ရန်ကုန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး သို့  ဖုန်းဆက်မေးမြန်းရာ တဖက်ဖုန်းမှ ဦးဝင်းတင် ဆိုသူက စိုးသိမ်း တနေရာတွင် ရှိကြောင်း၊စိုးသိန်းနှင့် ပတ်သက်ပြီး စိတ်အေး လက်အေးထားရန်နှင့်  ဘာမျှ မပူရန် ၊စိုးသိန်းနှင့်  ပတ်သက်ပြီး အဖွဲ့ ချုပ်ဧ။်
တာဝန်သာဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်..။
ထို့ ကြောင့်  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှဦးဝင်းတင်သည် ပြစ်မှုဆိုင်ရာ ပုဒ်မ၃၁၅ ဖြင့်  ပြစ်မှုကျူးလွန်သဖြင့်  ဖမ်းဝရမ်းထုတ် ထားခြင်းခံရသူ စိုးသိန်းအားဖမ်းဆီးရမိနိုင်ခြင်း မရှိစေရန် အတွက် သိလျှက်နှင့်  ထိုသူအား ဖမ်းဆီးခြင်းမှ ကာကွယ်ရန် အကြံဖြင့် လက်ခံထိန်းထားကြောင်း။ ၄င်းဧ။် ပြောဆိုချက်အရပေါ်ပေါက် ခဲ့သဖြင့်  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၁၆) အရ အရေးယူရန်
တရားစွဲဆို တင်ပို့ ခြင်း ဖြစ်သည်” ဟု သတင်းစာမှာ ပါပါတယ်..။
ဒီ စာပိုဒ် သုံးပုဒ်မှာ ဒုတိယ စာပိုဒ် အဆုံးကိုပြန်ကြည့်ပါ..။ပြောဆိုခဲ့သည်ဟု သိရသည် ...လို့ ဆိုတော့ ဒါဟာ စိုးသိန်းရဲ့  အဖေ ဦးစိုးမြင့်က ပြောလို့ သိရတယ်..လို့ အဓိပါယ်ရပါတယ်..။ဒီတော့ ဦးစိုးမြင့်က ပြောတာသာဖြစ်ပြီး တဖက်က ဦးဝင်းတင်က ပြောတာ ဟုတ်မဟုတ်မသေချာပါ..။ နောက်တချက်ကတဖက်က တယ်လီဖုန်းဖြေကြားသူဟာ ဦးဝင်းတင် ဟုတ်သလား၊မဟုတ်သလား..ဘယ်လို
အတည်ပြုသလဲ..။
ဒီလို မရေမရာ တို့ ဦးဝင်းတင်ကို အမှုထဲပါအောင် ရဲက ဆွဲထဲ့လိုက်တာပါ..။ဒါမှ မဟုတ် ဦးဝင်းတင်ကို အမှုထဲ ပါအောင် ရဲကို ဆွဲထဲ့ ခိုင်း လိုက်တာပါ..။
အဲဒီ ၁၉၈၉ ဇူလိုင်(၄)ရက်က စလို့  ဦးဝင်းတင်ရဲ့ သူမတူတဲ့  နှစ်ရှည် ထောင်သက် တမ်းစခဲ့တာပါဘဲ..။ဦးအောင်ကြီးက ထုတ်ပစ်ဖို့  ဒေါ်အောင်ဆန်းစုကြည်ထံတောင်းဆိုခဲ့တဲ့  လူရှစ်ဦး အနက်ဦးအောင်လွင်က ပထမ၊ ဦးဝင်းတင်က ဒုတိယ ပါသွားပါပြီ..။ဦးအောင်ကြီး ရဲ့စွပ်စွဲချက်ဟာ ထိရောက်ပါပေတယ်..။သူတို့ န၀တ တို့ တကြိတ်တည်း တဥာဏ်တည်း လား.။ဒီ့ အပြင် ဘယ်သူ့ပယောဂတွေ ပါသေးလဲဆိုတာ တော့ ရှေ့ လျှောက် တွေ့ လာရဦးမှာပါ..။
အဲဒီ ဇူလိုင် လဆန်းထဲမှာပဲ ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ ပြဌာန်းတာကိုကြေညာပါတယ်..။အခန်း(၁၅)ခန်း နည်းဥပဒေပေါင်း (၁၀၆)ခုပါဝင်ပါတယ်..။ရွေးကောက်ပွဲ ဥပဒေတို့နည်းဥပဒေတွေ ထွက်လာလို့ ရွေးကောက်ပွဲ တကယ်ကျင်းပဖို့  စိုင်း ပြင်းတယ် ဆိုရင်တောင်မှ တဘက်ကမတရားအမှုဆင် ဖမ်းဆီးထောင်ချ တာတွေ တို့ မို့ ရွေးကောက်ပွဲကျင်းပချိန်မှာ အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ်မှာ ရွေးကောက်ပွဲ ၀င်ဖို့  လူတောင် ကျန်ပါဦးမလား..။
ဒေါ်အောင်ဆန်းစုကြည်ကတော့ န၀တ ရဲ့  သဘောထားကိုယုံကြည် စိတ်ချပုံ မရပါ..။ဗိုလ်ချုပ်မှူးကြီး စောမောင်ကို လည်း ဦးနေ၀င်း လုပ်ရပ်တွေ ဆက်မလုပ်ပါနဲ့..။ဦးနေ၀င်း ရဲ့ သြဇာက လွတ်အောင်ကြိုးစားဖို့  ဒီရက်တွေ အတွင်းမှာ ပြောတဲ့  ဟောပြောပွဲတွေ သတင်းစာ ဆရာတွေ တို့တွေ့ ဆုံပွဲတွေမှာတိုက်တွန်းလာတယ်..။နောက်ဆုံးတော့ ပွင့်ပွင့် လင်းလင်းပဲ တပ်မတော်ရဲ့ဖခင်ဟာ ဗိုလ်ချုပ် အောင်ဆန်း လား။ ဗိုလ်ချုပ်နေ၀င်းလား..။တပ်မတော်ဟာ အောင်ဆန်းတပ်လား..။နေ၀င်း တပ်လား လို့  မေးခွန်းထုတ်ရတဲ့ အဆင့်  အထိ ရောက်လာ ပါတယ်..။
(ရေးခဲ့မိသော မှတ်တမ်းများ (၂၀) မှာ “သူခိုး ဓါးရိုးကမ်းသလား“ ကို တင်ဆက်ပါမယ်)
Comments