Letter to MoeMaKa (4) - Min Ko Naing by Aung Din
မိုးမခသို့ပေးစာများ အပိုင်း(၄) - အောင်ဒင်
(မိုးမခရေဒီယို အောက်တိုဘာ ၁၉ရက် ၂၀၀၃။ အစီအစဉ်တွင် ထုတ်လွှင့်သည့်ပေးစာ။)
“လူငယ်တစ်ယောက်အကြောင်း” နေ့စွဲ၊ အောက်တိုဘာ ၁၅၊ ၂၀၀၃ (နယူးယောက်)
(၁)
သမီးလေးမိုးမခရေ …
ဒီစာကို ဖေဖေရေးနေတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်ကျောင်းသားတွေဟာ မကြာခင်ဖြေဆိုကြ ရတော့မယ့်နှစ်လည်စာမေးပွဲအတွက် အသည်းအသန်ကြိုးစားကျက်မှတ်နေကြလေရဲ့။ အဲ့ဒီလိုကြိုးစားနေကြရတဲ့ ကြားက တက္ကသိုလ်၊ ကောလိပ်ပေါင်း(၄၇)ခုက ကျောင်းသားတွေဟာ ဖေဖေတို့မြန်မာနိုင်ငံက အကျဉ်းကျနေတဲ့ ကျောင်း သားခေါင်းဆောင် မင်းကိုနိုင်ရဲ့ မွေးနေ့ဖြစ်တဲ့ အောက်တိုဘာ ၁၈ရက်နေ့မှာ ၂၄နာရီ အစာငတ်ခံပြီး မင်းကိုနိုင်ကို ဂုဏ်ပြုကြမတဲ့။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးအကြောင်း မှတ်တမ်းတင် သတင်းရုပ်ရှင်ကား တွေကို သူတို့ရဲ့ ကျောင်းတွေမှာ ပြသပြီး မင်းကိုနိုင်နဲ့တကွ နိုင်ငံသားအကျဉ်းသားများလွတ်မြောက်ရေးအတွက် တောင်းဆိုကြမတဲ့။ လေးစားချစ်ခင်ဖို့သိပ်ကောင်းတဲ့ ကျောင်းသားကလေးတွေပါသမီးရယ်။ သူတို့နဲ့ မိုင်ပေါင်း ထောင်ပေါင်းများစွာဝေးတဲ့ ကမBာ့တဘက်ခြမ်းနိုင်ငံတခုက အဖိနှိပ်ခံပြည်သူတွေအတွက်၊ သူတို့စိုးရိမ်ပူပန်နေကြ တယ်။ စာနာထောက်ထားကြတယ်။ သွေးစည်းချစ်ကြည်ကြတယ်။ အနိဌာရုံတွေများလှတဲ့ ဟော့ဒီကမBာကြီး မပျက် မစီးပဲ တည်တံ့ခိုင်မြဲနေတာ ဒီလိုသာမန်ပြည်သူတွေရဲ့ အပြန်အလှန်နားလည်ချစ်ခင်မှုကြောင့်ပေါ့။
(၂)
၁၉၆၂ခုနှစ်၊ အောက်တိုဘာ(၁၈)နေ့မှာ ဖခင်ကြီး ဦးသက်ညွန့်၊ မိခင်ကြီးဒေါ်လှကြည်တို့က ဖွားမြင်ခဲ့တဲ့ တတိယ မြောက်ရင်သွေး ပေါ်ဦးထွန်းဆိုတာ ဖေဖေတို့ရဲ့မင်းကိုနိုင်ပေါ့ကွယ်။ သူကိုမွေးတော့ ငလျှင်ကြီးတွေ မလှုပ်ခတ်ခဲ့ပါ ဘူး။ ဥက္ကာပျံတွေလည်း မေºကကျခဲ့ပါဘူး။ သူ့ရဲ့ငယ်ဘ၀ဟာလည်း မြန်မာတနိုင်ငံလုံးက လူငယ်ထုတရပ်လုံးနဲ့ ထပ် တူထပ်မျှပါပဲ။ ကျောင်းတက်တယ်။ ကျောင်းပြေးတယ်။ စာသင်ခန်းထဲမှာ ၀တ္ထုစာအုပ်ခိုးဖတ်တယ်။ ရုပ်ရှင်ကြည့် တယ်။ ဂစ်တာတီးတယ်။ ကဗျာစပ်တယ်။ သီးချင်းဆိုတယ်။ ရန်ဖြစ်တယ်။ အဖေါ်ကောင်းရင် ခရီးသွားတယ်။ ကျောင်းစာထက် ပြင်ပဗဟုသုတကိုပိုပြီး စိတ်ဝင်စားတယ်။ ပြဌာန်းစာအုပ်ထဲမှာမပါတဲ့ သမိုင်းအစစ်အမှန်တွေကို ပတ်ဝန်းကျင်မှာသင်ယူတယ်။
သမီးရေ၊ ၁၉၈၀ခုနှစ်များအတွင်းက ဖေဖေတို့ ရန်ကုန်သင်္ကြန်ပွဲတော်မှာ အင်မတန်ရေပန်းစားတဲ့သံချပ်အဖွဲ့ တဖွဲ့ ရှိခဲ့တယ်။ “ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ”တဲ့။ အခြားအဖွဲ့များလို အလှအပနဲ့ဝတ်စားဆင်ယင်မှုကို အဓိက မထားပဲ ခေတ်ရဲ့ ကမောက်ကမဖြစ်မှုတွေကို ကွက်ကွက်ကွင်းကွင်းလှောင်ပြောင်ဝေဖန်တဲ့ သံချပ်တွေနဲ့ ပရိသတ်ကို ဆွဲဆောင် နိုင်ခဲ့တယ်။ ပေါ်ဦးထွန်းဟာ အဲ့ဒီ “ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ”သံချပ်အဖွဲ့ရဲ့ အတိုင်ခေါင်းဆောင်တယောက် ဖြစ်ခဲ့ တာပေါ့။
အဲ့ဒီလိုပြင်ပလှုပ်ရှားမှုတွေများလွန်းလို့လည်း ၁၀တန်းစာမေးပွဲကို တဘုန်းဘုန်းကျပြီး၊ ၁၉၈၅ခုနှစ်ကျမှပဲ အောင်မြင် တော့တယ်။ ၁၉၈၆၊ ၁၉၈၇ခုနှစ်တွေမှာ ရန်ကုန်တက္ကသိုလ်၊ ဗိုလ်တထောင်နယ်မြေမှာ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းများကို တက်ရောက်အောင်မြင်ပြီး ၁၉၈၈ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်ပင်မမှာ၊ တတိယနှစ်၊ သတ္တဗေဒ အဓိက ကျောင်းသားတယောက်ဖြစ်လာခဲ့တယ်။ အဲ့ဒီ ၁၉၈၈ခုနှစ်ဟာလည်း ပေါ်ဦးထွန်းအပါအ၀င် ဖေဖေတို့ အားလုံးရဲ့ ဘ၀တွေကို အကြီးအကျယ်ပြောင်းလဲပစ်လိုက်တဲ့ နှစ်ပေါ့။
(၃)
၁၉၈၈ခုနှစ်၊ မတ်လ ၁၃ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေဟာ မဆလအစိုးရရဲ့ လုံထိန်းတပ် သားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကိုခံရပြီး ကိုဘုန်းမော်၊ ကိုစိုးနိုင်စတဲ့ ကျောင်းသားတခိျု့ သေနတ်ဒဏ်ရာနဲ့ကျ ဆုံးခဲ့ရတယ်။ အဲ့ဒီအနိဌာရုံအဖြစ်အပျက်ဟာ ရန်ကုန်တက္ကသိုလ်ကိုပါ ကူးစက်ပံျ့နှံ့ပြီး စက်မှုတက္ကသိုလ်ကျောင်းသား တွေကို အားပေးရိုင်းပင်းဖို့ချီတက်လာတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ပြည်လမ်းမကြီးအပေါ်၊ အင်းလျား ကန်ကြီးရဲ့အရှေ့၊ တံတားဖြူလို့ခေါ်တဲ့နေရာမှာ လုံထိန်းတပ်သားတွေရဲ့ အကြမ်းဖက်ဖြိုခွဲခြင်းခံရတယ်။ စစ်ပုလိပ် တွေရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ရိုက်နှက်မှုတွေအောက်မှာ ကျောင်းသားများစွာ အသတ်ခံခဲ့ရတယ်။ အဲ့ဒီ လူသတ်ပွဲ ကြီးကနေ အသက်မသေပဲ လွတ်မြောက်လာတဲ့ပေါ်ဦးထွန်းအဖို့ သွေးစွန်းနေတဲ့ပြည်လမ်းမကြီးနဲ့ အနီရောင်ဖြစ်သွား တဲ့တံတားဖြူကို ဘယ်တော့မှ မေ့မရနိုင်တော့ဘူး။ အဲ့ဒီကစလို့ ပေါ်ဦးထွန်းနဲ့ ကျောင်းသားသူငယ်ချင်းများရဲ့ မဆလ အစိုးရ ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုကြီးပေါ်ပေါက်ခဲ့ပြီး ဇွန်လအရေးအခင်း၊ အဲ့ဒီနောက် ၁၉၈၈ သြဂုတ်လ ၈ရက်နေ့မှာ တတိုင်းပြည်းလုံး အုံºကပါဝင်တော်လှန်ကြတဲ့ ဒီမိုကရေစီအရေးတော်ပုံကြီး ရှင်သန်ထမြောက်ခဲ့တာ ပေါ့။ ပေါ်ဦးထွန်းဟာလည်း မင်းကိုနိုင်အဖြစ်ကို ရောက်ရှိခဲ့တာပေါ့။
၁၉၈၈၊ သြဂုတ်လ ၂၈ရက်နေ့၊ ရန်ကုန်တက္ကသိုလ် သမဂ္ဂမြက်ခင်းပြင်မှာ ကျင်းပတဲ့ ကျောင်းသားထုညီလာခံကြီး ကနေ မင်းကိုနိုင်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဥက္ကဌအဖြစ်ရွေးချယ်တာဝန်ပေးလိုက်ကြ တယ်။ ခွပ်ဒေါင်းတွေ တောင်ပံပြင်းပြင်းခတ်ပြီး မုန်တိုင်းကိုထွင်းဖောက်နေကြချိန်ပေါ့။
စစ်အုပ်စုရဲ့ သွေးရူးသွေးတမ်းအကြမ်းဖက်တုန့်ပြန်မှုအောက်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ အပြစ်မဲ့ ပြည်သူထောင် ပေါင်းများစွာ ကျဆုံးခဲ့ကြရတယ်။ မြောက်များလှစွာသော ကျောင်းသားပြည်သူတွေနယ်စပ်ဒေသကို ထွက်ပြေးတိမ်း ရှောင်ကြချိန်မှာ မင်းကိုနိုင်ကတော့ လိုက်ပါမသွားခဲ့ဘူး။ ကျောင်းသားထုနဲ့ ကျောင်းသားသမဂ္ဂရှိရာ၊ ပြည်သူလူထု ကြီးရှိရာ ပြည်တွင်းမှာပဲ ငါနေမယ်လို့ေºကးကြော်ပြီး နယ်စပ်ဒေသကို ရှောင်တိမ်းဖို့ ငြင်းဆန်ခဲ့တယ်။ ဒီလိုနဲ့ ၁၉၈၉၊ မတ်လ၂၃ရက်နေ့မှာတော့ မင်းကိုနိုင်ဟာစစ်ထောက် လှန်းရေးများရဲ့ ဖမ်းဆီးခြင်းကိုခံရတော့တယ်။
(၄)
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကြီးထဲမှာ၊ ဖေဖေတို့ သူငယ်ချင်းနှစ်ယောက်ပြန်ဆုံတွေ့ရတဲ့နေ့တနေ့ကို ဖေဖေ အမြဲတမ်းသတိရမိတယ်။ ၁၉၈၉၊ ဒီဇင်ဘာလရဲ့နေ့ရက်တရက်မှာပေါ့။ ဖေဖေ့ကို ထောင်ဝန်ထမ်းတွေက အင်းစိန် ထောင်၊ ၁တိုက်၊ ၁ခန်းထဲကနေ လာခေါ်ထုတ်ကြတယ်။ ထုံးစံအတိုင်း တကိုယ်လုံးကို စောင်ကြီးနဲ့အုပ်ပြီး မမြင် မကန်းနဲ့ သူတို့ခေါ်ရာလိုက်သွားရတာပေါ့။ ၁၅မိနစ်လောက်ကြာပြီး စောင်ကြီးကို ခွာလိုက်တော့ ဖေဖေဟာ အင်းစိန်ထောင်၊ အကူးတိုက်ဝင်းထဲက စစ်ကြောရေးရုံးထဲရောက်နေတယ်။ အထဲမှာလည်း အခြားနိုင်ငံရေးအကျဉ်း သားတခိျု့လည်း ရောက်နှင့်နေတာတွေ့ရတယ်။ အဲ့ဒီအထဲမှာ မင်းကိုနိုင်လည်းပါတာပေါ့။
(၅)
လူ့ဘ၀မှာ ရှင်လျှက်နဲ့ ကျရတဲ့ ငရဲခန်းတွေရှိတယ်ဆိုရင် အဲ့ဒါဟာ မြန်မာစစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေးစ ခန်းတွေက လွဲလို့ တခြားမရှိနိုင်ဘူး။ စစ်ထောက်လှန်းရေး ငရဲသားတွေက ညှင်းပန်းနှိပ်စက်နည်းမျိုးစုံသုံးပြီး မင်း ကိုနိုင်ကို ဒဏ်ခတ်ခဲ့ပေမယ့် အဲ့ဒီညှင်းပန်းနှိပ်စက်မှုတွေက မင်းကိုနိုင်ရဲ့သံမဏိဦးခေါင်းကို မပြောင်းညွတ် စေခဲ့ပါဘူး။
ဒီမိုကရေစီလှုပ်ရှားမှုဟာ မှားယွင်းတယ်လို့ဝန်ခံရင်၊ စစ်အုပ်စုကချမှတ်ထားတဲ့ ဥပဒေတွေကိုလေးစား လိုက်နာမယ် လို့ ကတိပြုရင်၊ အကျဉ်းထောင်ကနေပြန်လွှတ်ပေးမယ်လို့ စစ်အုပ်စုကအကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် မင်းကိုနိုင်က လက်မခံခဲ့ပါဘူး။ သူ့ရဲ့လွတ်မြောက်ရေးနဲ့ ဂုဏ်သိက္ခာကို အလဲအလှယ်မလုပ်ခဲ့ဘူး။ ဒါကြောင့်လည်း စစ်အုပ်စုက မင်းကိုနိုင်ကိုပိုပြီး အညှိုးကြီးကြီးနဲ့ ဖိနှိပ်တော့တာပေါ့။
၁၉၉၇ ခုနှစ်မှာ သူ့ကိုရန်ကုန်အကျဉ်းထောင်က နေ မိုင်ပေါင်း ခုနှစ်ရာကျော်ဝေးတဲ့ ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်ကိုပြောင်းရွှေ့ပစ်လိုက်တယ်။ အင်းစိန် ထောင်မှာတုံးက သူ့ရဲ့မိသားစုဟာ တလကိုနှစ်ကြိမ်၊ တကြိမ်ကို ဆယ့်ငါးမိနစ်လောက် မင်းကိုနိုင်ကိုသွားရောက်တွေ့ ဆုံနိုင်ခဲ့ပေမယ့် စစ်တွေထောင်မှာတော့ တနှစ်မှ တခေါက်၊နှစ်ခေါက်သာ သွားရောက်တွေ့ဆုံနိုင်တော့တယ်။ ၂၀၀၀ခုနှစ်မှာ မင်းကိုနိုင်ရဲ့ ပြစ်ဒဏ်ကာလပြည့်သွားခဲ့တယ်။ ဒါပေမယ့် အညှိုးကြီးသလောက် ကြောက်တတ်တဲ့ စစ်အုပ်စုက မင်းကိုနိုင်ကို ပြန်လွှတ်မပေးပဲ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။
အခုဆိုရင် မင်းကိုနိုင်ဟာ အကျဉ်းထောင်ကြီးထဲမှာ အကျဉ်းကျနေတာ ဆယ့်လေးနှစ်နဲ့ ခုနှစ်လကျော်ခဲ့ပြီ။ ရှစ်ပေ၊ ဆယ့်နှစ်ပေ အခန်းကျဉ်းကလေးထဲမှာ တနေ့မှာ ၁၅မိနစ်သာ အပြင်ထွက်ခွင့်ရပြီး၊ ကျန်တဲ့ ၂၃နာရီ ၄၅မိနစ်ကို အလုံပိတ်အခန်းကျဉ်းကလေးထဲအထီးကျန်ဖြတ်သန်း ခဲ့ရတာ ရက်ပေါင်း ငါးထောင်သုံးရာကျော်ခဲ့ပြီ။ အခုအောက်တိုဘာလ ၁၈ရက်နေ့မှာလည်း ၁၄ကြိမ်မြောက် အကျဉ်းထောင်တွင်းမွေးနေ့ပွဲကို အထီးကျန်ဖြတ်သန်းနေလိမ့်မယ်။
ဘယ်တော့များမှသူ့ရဲ့တောင်ပံတွေ လွတ်လပ်ပျံသန်းခွင်းရမှာလဲ။
ဘယ်တော့များမှ နိုင်ငံတကာကျောင်းသားပြည်သူတွေရဲ့ ဂုဏ်ပြုမှုကို ကိုယ်တိုင်ကိုယ်ကျခံယူနိုင်မှာလဲ။
ဘယ်တော့များမှ သူချစ်တဲ့ ကျောင်းသားပြည်သူတွေနဲ့ ပြန်ဆုံတွေ့ခွင့်ရမှာလဲ။
အသစ်တိုးလာတဲ့ အင်မတန်ချစ်စရာကောင်းတဲ့ တူကလေးတယောက်၊ တူမလေးတယောက်အပါအ၀င် သူချစ်တဲ့ မိသားစုကို ဘယ်တော့များမှ ပြန်လည်ထွေးပွေ့နိုင်မှာလဲ။
နှင်းဆီပန်းတွေကတော့ ရဲရဲရိုင်းရိုင်းပွင့်လို့၊ သူရဲကောင်းရဲ့အပြန်လမ်းကို အကြိုထောက်နေကြလေရဲ့။ မနက်ဖြန်ကို မျှော်တွေးပြီး စိတ်ကူးမယဉ်တတ်တဲ့
ဖေဖေတို့ရဲ့သူရဲကောင်းကတော့
ဦးခေါင်းမတ်မတ်၊ ခြေစုံရပ်ပြီး၊ လတ်ဆတ်ရဲရင့်နေလေရဲ့။
ဂုဏ်ယူလိုက်စမ်းကြစို့ကွယ်။
(အောင်ဒင်)
Comments