88 Generation Leaders and Florida Burmese Community Event


၈၈ မျိုးဆက် မင်းကိုနိုင်၊ ကိုကိုကြီး ဖလော်ရီဒါပြည်နယ်၊ မြန်မာမိသားစုများနှင့် တွေ့ဆုံ
မိုးမခဓာတ်ပုံသတင်းကောက်နုတ်ချက်၊ မေ ၂၇၊ ၂၀၁၃
       ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင် နှင့် ကိုကိုကြီး တို့သည် မေလ(၂၆)ရက် နေ့လည် (၁၁)နာရီ (၄၉) မိနစ်တွင် ဖလော်ရီဒါပြည်နယ်၏ Tampa လေဆိပ်သို့ရောက်ရှိပါသည်။ ဖလော်ရီဒါမြန်မာမိသားစုများက လေဆိပ်တွင်ကြိုဆိုကြပြီး တွေ့ဆုံပွဲကို ည (၆) နာရီမှ ည (၉ )နာရီ အထိ ရင်းရင်းနှီးနှီး ကျင်းပခဲ့ပါသည်။



     အခမ်းအနားသို့ ဖလော်ရီဒါပြည်နယ်ရှိ မြို့အသီးသီးမှ တိုင်းရင်းသားမိသားစုများ ပရိသတ်ဦးရေ (၁၅၀) ကျော် တက်ရောက်ခဲ့ကြပါသည်။ မနက်ဖြန် မေလ (၂၇) မနက် (၆) နာရီတွင်  Tampa လေဆိပ်မှ တဆင့် အင်ဒီးယားနားပြည်နယ်၊ ဖို့ဝန်းမြို့မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲသို့ ဆက်လက်ထွက်ခွါကြမည်ဖြစ်ပါသည်။

Comments