88 Generation Leaders arrive SFO, to meet with Burmese Community on 1st June 2013


 ၈၈ မျိုးဆက် ခေါင်းဆောင် ၂ ဦး ဆန်ဖရန်လေဆိပ်ကို ဆိုက်ရောက်၊ ဇွန် ၁ မှာ လူထုနဲ့တွေ့မည်
SF Burmese Community Organizers & Friends ။ မိုးမခဓာတ်ပုံသတင်း၊ မေ ၃၀၊ ၂၀၁၃
မေလ ၂၉ ၊ ညနေ ၅ နာရီ ခွဲမှာ ဆန်ဖရန်စစ္စကိုလေဆိပ်ကို ၈၈ မျိုးဆက် ခေါင်းဆောင် ၂ဦး ဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်တို့ရဲ့ မိတ်ဆွေများ ရဲဘော်များက တစုတဝေး စောင့်မျှော်ပြီး ကြိုဆိုကြတာကိုတွေ့ရပါတယ်။ ဒေသခံတို့က ပန်းစည်းများနဲ့ ကြိုဆိုကြတာအပြင် တန်းစီပြီး စောင့်ကြိုနေကြတဲ့ ဒေသခံ မြန်မာမိသားစုတွေကို ကွန်မြူနီတီဆော်သြသူများဖြစ်ကြတဲ့ ကိုထွန်းမြတ်ဦးနဲ့ ကိုတိုးလွင်တို့က တဦးချင်းစီ လိုက်လံ မိတ်ဆက်ပေးပါတယ်။


အဲသည်နောက်မှာ လေဆိပ်အနီးက မြန်မာစားသောက်ဆိုင်တခုမှာ အားလုံး သွားရောက်ပြီး ဧည့်သည်တော်များကို ဒေသခံများက ဧည့်ခံကျွေးမွေးကြပါတယ်။ ခရီးပမ်းပြီး နွမ်းနယ်နေပုံရတဲ့ ကိုမင်းကိုနိုင်ဟာ ဒေသခံတို့ရဲ့ ကြိုဆိုမှုတွေနဲ့ ပြန်လည် လန်းဆန်းလာပါတယ်။ ကိုကိုကြီးကတော့ ပင်ပန်းနေသော်လည်း တက်တက်ကြွကြွနဲ့ နှုတ်ဆက်စကားများ ပြောဆိုနေတာကို တွေ့ရပါတယ်။

ဇွန်လ ၁ ရက်၊ စနေနေ့၊ ဒေလီစီးတီးက Little Theater မှာ နေ့ခင်း ၂ နာရီကနေ ၆ နာရီအထိ ဘေးဧရိယာမြန်မာတိုင်းရင်းသားမိသားစုများနဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ၈၈ မျိုးဆက် ခေါင်းဆောင်များနဲ့ တွေ့ဆုံပွဲဟာ အခမဲ့ဖြစ်ပါတယ်။ စေတနာရှင်များ တယောက်တလက် ၀ိုင်းဝန်း လှူဒါန်းတဲ့ စားသောက်ဖွယ်ရာများနဲ့ တည်ခင်း ဧည့်ခံမှာ ဖြစ်ပါတယ်။


နေ့ခင်း ၂ နာရီကနေ ၃ နာရီအထိ ဒေသခံ ပရိသတ်အားလုံးနဲ့ ဧည့်သည်တော်များ လွတ်လပ်စွာ စားသောက်ရင်း တွေ့ဆုံ စကားလက်ဆုံကျနိုင်ဖို့ Open Reception ဖြစ်ပါတယ်။ ပရိသတ်များအနေနဲ့ Reception counter မှာ ဧည့်စာရင်းသွင်းတာ၊ စေတနာရှိသလောက် တွေ့ဆုံပွဲအတွက် အလှူငွေထည့်ဝင်ပေးတာတွေ လုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ အမှတ်တရ အမည်ကဒ်ပြားများဖြင့် ပရိသတ်ကို ပေးအပ်မှာဖြစ်ပါတယ်။ ခန်းမမှာ ဧည့်သည် ၃၀၀ ခန့် ဆန့်တဲ့အတွက် အမည်ကဒ်ပြားအရေအတွက်နဲ့ အခမ်းအနားကို ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။

ပွဲတော်ကို မတည်ကြသူများရဲ့ အလှူငွေများမှ ဧည့်သည်တော်များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်မှာ ဖြစ်ပါတယ်။ မေးမြန်းလိုတဲ့ မေးခွန်းများကို reception မှာ ကြိုတင်ပေးအပ်ထားနိုင်ပါတယ်။ ဧည့်ပရိသတ်များကို ဧည့်သည်တော်များနဲ့ လွတ်လပ်စွာတွေ့ဆုံခွင့်ပေးထားတဲ့အတွက် မိမိတို့ တွေ့ဆုံ ပြောဆိုလိုတာ၊ ပေးချင်တာကို တားဆီးတာတွေ ကန့်သတ်တာတွေ လုပ်မှာ မဟုတ်ပါဘူး။
            နေ့ခင်း ၃ နာရီကနေ ၆ နာရီအထိ တွေ့ဆုံပွဲနဲ့ မေးခွန်းအဖြေကဏ္ဍကို ကျင်းပမှာ ဖြစ်ပါတယ်။ ဒေသခံများနဲ့ မိတ်ဆက်ခြင်း၊ ၈၈ မျိုးဆက်ခေါင်းဆောင်များနဲ့ မိတ်ဆက်ခြင်း နှုတ်ဆက်စကား ပြောဆိုခြင်းတို့ ပဏာမပြုလုပ်ပြီးနောက်မှာ ဟောပြောပွဲနဲ့ မေးခွန်းအဖြေ အစီအစဉ်များ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အခမ်းအနားမှူးကတဆင့် မေးခွန်းများကို စတင်မေးမြန်းပြီး ဧည့်သည်တော်များက တိုက်ရိုက်ဖြေဆိုမှာ ဖြစ်ပါတယ်။ အခမ်းအနားကို ညနေ ၆ နာရီမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

            လက်ရှိ ၀ိုင်းဝန်းမတည်ပေးကြတဲ့ စေတနာရှင်များ၊ အလှူရှင်များကို သည်နေရာကနေပြီး ကျေးဇူးတင်ကြောင်း မှတ်တမ်းပြုလိုက်ပါတယ်။ ဆက်လက်ပြီး ကောက်ခံရရှိသမျှကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

Sponsors


No.
Name
Items
1
Ko Myo Nyunt Family
Sound Systems
2




3
SF Myanmar Taxi Group
Mho Hin Gar Food (200 serving)
4
U Myo Tint Swe Family
Pha Loo Da Drink (50 serving)
5
Ko Kyaw Minn Lay Family
Burmese Milk-Tea & Sticky Rice (50 serving)
6
Tri Color Group
Drinking Water
7
Daw Kyin Kyin Sein Family
Shan Noodle (Breakfast Host)
8
Dr. Thaw’s Family Home
Burmese Dinner
9
SF Burmese Community Organizers
Stationery, Posters and Papers, General Support and Accessories
10
Ma Mee & Family
Fried Rice
11
Ma Nwe Oo & Oakland Friends (update soon)
Noodle Salad
12
Ma Nwe Oo & Oakland Friends (update soon)
Fruits Variety
13
Ma Nwe Oo & Oakland Friends (update soon)
Thai Fried Noodle
14
Maung Maung Moe Zaw, Myat Myat Moe Family
Snacks



Donors



No
Name
Amount
1
Dr. Maung Maung Thaw, Ma Ni Ni Thaw Family
1000.00
2
Dr. Thynn Thynn Family
1000.00
3
Coban Tun and Ma Yu Family
400.00
4
Friends of Dr. Thynn Thynn
200.00
5
Ko Zarni ML Family
50.00
6
Ko Maung Yit Family
50.00
7
Ko Toe Lwin
50.00
8
Ko Kyaw Naing Family
50.00
9
Ko Nyein Chan Family
25.00
10
Ko Maung Maung Moe Zaw Family
100.00
11
Ko Aung Zarni Family
50.00
12
Little Yangon Restaurant
200.00
13
Ko Kyaw Than & Ma Cherry Family
200.00
14
Many more … update soon ...





Comments