စပါးခွံဖြင့်စက်ရုံများလည်ပတ်ခြင်း Biomass Power Plant



စပါးခွံဖြင့်စက်ရုံများလည်ပတ်ခြင်း  Biomass Power Plant
ဇော်အောင် (မုံရွာ)၊ မေ ၁၈၊ ၂၀၁၃

မြန်မာနိုင်ငံသည် စပါးအလွန်ထွက်သောကြောင့် ဆန်၊ဆီစက်အများသည် စပါးခွံကိုမီးဖြင့် ဘွိုင်လာရေနွေးငွေ့စွမ်းအင်ကို သုံးကြသည်။
လယ်ယာ ဘေးထွက်ကုန်များ ဥပမာ ဆီ၊ပဲ ကြိတ်စက်များမှ ကျန်သောအခွံ၊ကြိတ်ဖတ်များမှာ တရိစ္ဆာန်အစာအဖြစ် ပြန်လည်အသုံးချရန် တရုပ်ပြည်သို့တင်ပို့ကြသည်။ တရုပ်ပြည်မှ ကြက်စာများအဖြစ် မြန်မာနိုင်ငံသို့ ပြန်ရောင်းချသည်။ ကောက်ရိုး၊ ပြောင်းရိုး၊ အသီးနှံအကြွင်းကျန် စသည့်အရာများကိုလည်း ကျွဲနွားအစာအဖြစ်၎င်း၊ ယခုအခါ compost ဓါတ်မြေသြဇာအဖြစ်၎င်း၊ အခြားမြေသြဇာများအဖြစ်၎င်း ပြန်လည်အသုံးပြုလျှက်ရှိသည်။ Recycle ပြုပြင်အသုံးချနိုင်မှုမှာ အလွန်တိုးတက်လာသည်။

တရုပ်ပြည်မှစပါးခွံလျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ခြင်း ပစ္စည်းရောင်းကြော်ငြာ်။
http://haiqimachine.en.alibaba.com/

ယခု စပါးခွံကိုပင် ဘွိုင်လာမီးထိုးဖို့ ၀ယ်ရခက်လာသည်ဟု ဆိုသည်။ စပါးခွံ 
Rice hulls (or rice husksု ကို အခြားပိုအသုံးကျသော လုပ်ငန်းများအတွက်သုံးလာသောကြောင့် ဧရာဝတီတိုင်းမှ ဆန်စက်၊ဆီစက် ဘွိုင်လာများအတွက် တခြားလောင်စာဆီများသုံးရပါက စရိတ်ကုန်ကျမှု ပိုမိုများလာမည်။ နိုင်ငံတကာတွင် လျှပ်စစ် (သို့မဟုတ်) ဒီဇယ်၊ဓါတ်ဆီသုံး စက်ပစ္စည်းများဖြင့် ထုတ်လုပ်နေချိန်တွင် မြန်မာပြည် လျှပ်စစ်ထုတ်လုပ်မှု အခက်အခဲအတွက် လက်ရှိဖြေရှင်းနည်း (Solar Power Plant $275 million) များ စီးပွားရေးသမားများက ဖန်တီးလာကြသည်။

သာကေတ လျှပ်စစ်ဓါတ်အားပေးစက်ရုံမှာ $500 million usd ကုန်ကျသော်လည်း ၃နှစ်ကျော် တည်ဆောက်ရသည်။ တာပိန်ရေအားလျှပ်စစ်မှာ ဆယ်နှင့်ဓါတ်အားရုံ ၅နှစ်ခန့် တည်ဆောက်ရသည်။ ဆိုလာ (နေရောင်ခြင်) ဓါတ်အားစက်ရုံမှာ ၁နှစ်ကျော်အတွင် လျှပ်စစ်အမြန်ဆုံး ထုတ်လုပ်နိုင်သောကြောင့် လျှပ်စစ်အကြီးကျယ်လိုအပ်နေသော မြန်မာပြည်အဖို့ လက်ရှိမဂ္ဂာဝပ် ၂၄၀၀ မှ ၃၀၀၀ တစ်နှစ်အတွင်းတိုးရန် နည်းမျိုးစုံကြိုးစားနေရသည်။ တခြားနည်းမရှိလျှင့် တစ်ယူနစ် ကျပ်၄၀၀မက ကုန်ကျသော ကက်တစ်ပီလာ ဒီဇယ်ဓါတ်အားပေးစက်များစွာ အထပ်လိုက်စုပေါင်းပြီးထုတ်ရသည်။ ရေအားလျှပ်စစ်မှာ တစ်ယူနစ် ၅၀ကျပ်အောက် ကုန်ကျသဖြင့် အကောင်းဆုံးဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဗီယက်နမ်တို့မှာ ၈၅%လျှပ်စစ်ကို ရေအားလျှပ်စစ်ဓါတ်အားပေးရုံများ ၁၀နှစ်အတွင် အကြီးအကျယ်ဆောက်ထားပြီးဖြစ်သောကြောင့် အိုကေနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံမှာ လက်ရှိပြုပြင်ပြောင်းလဲမှုအတွက် ခါချဉ်ကောင်ကြီး ခါးမသန်ဘ၀ လျှပ်စစ်မရှိသောကြောင့် စက်မှုလုပ်ငန်းမလုပ်နိုင်။ သယံဇာတရောင်းစားမှု (more than 20 billions usd) ကိုလည်း လျှပ်စစ်မရှိသဖြင့် အစိမ်းလိုက်ရောင်းရခြင်း။ အရေးထဲ စီမံကိန်းအသစ်များစွာ (more than 10 billions usd projects) အရေးပေါ်လုပ်ကိုင်ခွင့်ပြုရာတွင် ခြစားမှုအကြီးစားများ ပေါ်လာခြင်း။ ပို့ဆောင်ဆက်သွယ်ရေး တိုးချဲ့မှုအတွက် ဓါတ်ဆီ၊ ဒီဇယ်များစွာ တရားဝင်၊တရားမ၀င် (2012, US$2.5 billions usd) တင်ပို့ခြင်းမှခြစားမှုများမှ.... အလွန်စိုးရိမ်ဘွယ်ကောင်းသောအခြေအနေ ဖြစ်လာနိုင်သည်။

လျှပ်စစ်ထုတ်ရန် ကျောက်မီးသွေး၊ သဘာဝဓါတ်ငွေ ထက် စပါးခွံကို သုံးခြင်းဖြင့် ပိုမိုဈေးချိုသာစွာ ထုတ်နိုင်မည်။  ရေရှည်အတွက်မူ ဦးပိုင်(သို့မဟုတ်)မြန်မာစူပါကုမ္ပဏီကြီးများကို ရေအားလျှပ်စစ်အတွက် ရင်းနှီးမြှတ်နှံခိုင်းရပေမည်။ အမြတ်ထွက်သော်လည်း ၁၀နှစ်စီမံကိန်းအတွက် ပြည်တွင်းကုမ္ပဏီကြီးများ မလုပ်ချင်။ တစ်နှစ်အတွင်း အမြတ်ရမည့် ဆောက်လုပ်ရေးလုပ်ငန်းသာ လုပ်ချင်ကြသည်။

လက်ရှိစပါးခွံများ ဘွိုင်လာမီးထိုးနိုင်ဦးမည်ဟု ယုံကြည်သည်။ လက်ရှိအခြေနေတွင် စပါးခွံဖြင့် ဘွိုင်လာမလည်နိုင်သေးလျှင်၊ လျှပ်စစ်ထုတ်ဖို့ ခက်ခဲနေလျှင် .. တရုပ်၊ ထိုင်းနိုင်ငံများမှ လျှပ်စစ်ကို ပြန်လည်ဝယ်ယူခြင်းသာ အဖြေဖြစ်ပါသည်။


Note:  စပါးခွံကဲ့သို့ Biomass Plant ဓါတ်အား 271,000 mWh တကမ္ဘာလုံးတွင်သုံးပါသည်။ မြန်မာအစိုးရ လျှပ်စစ်ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် Biomass Plant မဖေါ်ပြထားပါသောကြောင့် စာရင်းမရရှိသေးပါ။ 

Comments