ပြင်သစ် ဘာသာ လေ့လာစရာ (အပိုင်း ၁၀)
ပါရီမောင်၊ မေ ၉ ၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)
Leçon 10 (Lesson 10 )
အရောင်များ Les couleurs ၊ နေ့များ Les jours
အရောင်များ ကိုပြောဆိုရာတွင် " အရောင် " La couleur (n/f) လာကူးလား ၊အမနာမ် ဖြစ်နေသဖြင့် အရောင်တခုကို အပြည့်အစုံပြောဆို ရန်အတွက်
ဥပမာ အနက်ရောင် ဆိုလျှင် La couleur noire ဟူ၍ ရှေ့မှ အမနာမ်ဖြစ်သော La couleur စာလုံးကို ထိန်းညှိပေးရန်အတွက် noire တွင် e ပေါင်းထည့်ပေးရပါသည်။
Le ciel bleu. လယ်စီးရဲလ် ဘလား(Le နှင့် bleu ကို အသံထွက်အတိအကျရေး ၍မရပါ) အပြာရောင်ကောင်းကင်
Une chemise rose. အယူးန် ရှမီးစ် ရို့စ် ။ ပန်းရောင် အင်္ကျီ (rose သည် e နှင့် အဆုံးသတ်ထားပြီး၍ အင်္ကျီ သည် အမနာမ်ဖြစ်သော်လည်း e ထပ်မထည့်ရပါ)
Un tableau noir. အန် တာဘလို နွား ။ ကျောက်သင်ပုန်း အမဲရောင်
မိမိပြောလိုသော အရာဝထ္တုများ ၏ အခေါ်အဝေါ်များကို အရောင် များဖြည့်စွက်ခေါ်ဝေါ်ခြင်းဖြင့် လေ့ကျင့်ပါ။
နမ်တခုနှင့် အရောင်ကို တွဲဖက်သုံးသည့်အခါတွင် အရောင်စာလုံးများသည် နာမဝိသေသန အဖြစ် လုပ်ဆောင်သည်။
Clair အရောင်ဖျော့ ဖြစ်ပြီး Foncé အရောင်ရင့်ဟု ခေါ်ဝေါ်သုံးစွဲပါသည်။
အရောင်များကို ခေါ်ဝေါ်သုံးစွဲ ရန်အောက်ပါလင့်ကို နားထောင်လေ့ကျင့်ပါရန် ။
[youtube=http://www.youtube.com/watch?v=BDa6uXq8AN0]
အပြန်အလှန် စကားပြော သင်ခန်းစာများ မပေးခင်မှာ ကြိယာများ ကို နည်းနည်း ပြန်ပြောလိုပါတယ်။ ပြီးခဲ့တဲ့ သင်ခန်းစာ ၄ ၊ ၅ တွေမှာ ပထမအုပ်စုဝင် အလွယ်ဆုံးဖြစ်တဲ့ er နဲ့ အဆုံးသတ်တဲ့ ကြိယာတော်တော် များများကို ပေးထားပြီးဖြစ်ပါတယ်။ စာအုပ် သီးသန့်တအုပ် မှာ ကြိယာတွေရဲ့ Conjugaison ကိုပဲချရေး ပြီး သပ်သပ်ထားသင့်ပါတယ်။ ဝယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ သင်ခန်းစာ ၆ မှာဖေါ်ပြထားတဲ့ ဓါတ်ပုံ လိုမျိုး Conjugaison စာအုပ်ဟာ Dictionaire အဘိဓ္ဓါန် စာအုပ် တအုပ်လို အရေးကြီးလှပါတယ်။ ကြိယာတွေရဲ့ အဘိဓ္ဓါန် စာအုပ်တအုပ် ဆိုရင် မမှားပါဘူး။ သင်ခန်းစာ ၅ မှာ အရေးကြီးဆုံး ကြိယာ ၂ခုဖြစ်တဲ့ " être " နှင့် " avoir " တို့ကိုလည်းကြေညက်နေအောင် လေ့ကျင့်ဖို့ ထပ်ပြောပါရစေ။
ရှေ့မှာဖေါ်ပြပြီးခဲ့တဲ့ ကြိယာတွေ အပြင် ဒုတိယ အုပ်စုနဲ့ တတိယ အုပ်စု ကြိယာတွေ မလာခင်မှာ အရေးကြီးတဲ့ နောက်ထပ် ကြိယာတခုပေးချင်ပါတယ်။ အသုံးလဲ ဝင်လှပါတယ်။
aller အာလေ ဆိုတဲ့ သွားသည် လို့ အဓိပ္ပါယ် ရတဲ့ ကြိယာပါ။ er နဲ့အဆုံးသတ်ပေမဲ့ ပုံမှန်မဟုတ်သော ကြိယာ exceptionnel ဖြစ်ပါတယ်။
Aller (verbe infinitif ) Conjugaison အာလေ၊ သွားသည်
Je vais ရဗေး၊ ကျနော်သွားသည် Nous allons နူဇာလွန် ၊ ကျနော်တို့ သွားကြသည်
Tu vas ကျူဗား၊ မင်း၊ခင်ဗျားသွားသည် Vous allez ဗူဇာလေမင်းတို့၊ခင်ဗျားတို့ သွားကြသည်
il/elle vaအီလ်ဗား၊ အယ်လ်ဗား သူ၊သူမ သွားသည် Ils/Elles vont အီလ်ဗွန့်၊ အယ်လ်ဗွန့်သူတို့၊သူမ
တို့သွားကြသည်
Nous နင့် Vous တို့တွင် အသံဆက်သည်ကို သတိပြုပါ။ s တလုံးထည့်း ဖြစ်၍ z အသံ ကိုထွက်ရပါမည်။
သွားသည် ဆိုတဲ့ ကြိယာကို ပြောမှတော့ တွဲလျက်ဖြစ်တဲ့ လာသည် ဆိုတာကိုလည်း တလက်စထဲ လေ့ကျင့်လိုက်ပါဦး။ လက်တွေ့ ပြောဆိုနေတာတွေအတွက် အသုံးဝင်ပါတယ်။ Venir ဗနီး ၊ဆိုတာက verbe infinitif ဖြစ်ပြီး ir နဲ့အဆုံးသတ်တဲ့ တတိယအုပ်စုဝင် ကြိယာဖြစ်ပါတယ်။ လာသည် ဟု အဓ္ဓိပါယ်ရပါသည်။
Venir (verbe infinitif ) Conjugaison ဗနီး၊ လာသည်
Je viens ရဗျန့်၊ ကျနော်လာသည် Nous venons နူဗနွန် ၊ ကျနော်တို့ လာကြသည်
Tu viens ကျူဗျန့်၊ မင်း၊ခင်ဗျားလာသည် Vous venez ဗူဗနေမင်းတို့၊ခင်ဗျားတို့ သွားကြသည်
il/elle vient အီလ်ဗျန့်၊ အယ်လ်ဗျန့် သူ၊သူမ လာသည် Ils/Elles viennent အီလ်ဗျန့်၊
အယ်လ်ဗျန့်သူတို့၊သူမတို့လာကြသည်
ကြိယာ များကို စာကြောင်းတခုပြုလုပ်ရာတွင် ပြုလုပ်သူ ကတ္တားပုဒ် တခု အတွက် ကြိယာ တခုထက်ပို၍ သုံးနိုင်ပါသည်။
ပထမဆုံး ကြိယာတခုကိုသာ Conjugaison ပြုလုပ်ပြီး ကျန်ကြိယာများကို မူရင်းအတိုင်း verbe infinitif အနေနှင့်သာ သုံးစွဲရပါမည်။
ဥပမာ ။ ကျနော် အခန်းကိုတက်သွာပြီး စာအုပ် သွားရှာကြည့်မယ် ။
Je vais monter chercher le livre dans la chambre.
ရ ဗေး မောန့်တေး ရှက်ရှေး လ လိဗ် ဒေါန်း လာ ရွှန့် ဘ်ရ်
ဒီစာကြောင်းကိုကြည့်ရင် ကြိယာ ၃ခုဖြစ်တဲ့ vais(aller) monter chercher သွားသည်၊ တက်သည်၊ရှာသည် တို့ကို တွေ့ရပါမည်။ ပထမဆုံးကြိယာဖြစ်တဲ့ သွားသည်ကိုသာ Conjugaison လုပ်ပြီး ကျန် ကြိယာများကိုတော့ မူလအတိုင်း verbe infinitif အနေနဲ့သာ သုံးရပါမည်။
အထက်ပါစာကြောင်းမှာပင်
Je cherche le livre dans la chambre. ကျနော်အခန်းထဲမှာ စာအုပ်ရှာသည်။
( ကြိယာ ၁ ခုတည်း ကိုသာသုံးသည်ဖြစ်၍ Conjugaison လုပ်ပေးရပါသည်)
သင်ခန်းစာ ၅ တုံးက ပေးထားတဲ့ ကြိယာတွေ၊ သင်ခန်းစာ ၉ က Prépositions ဝိဘတ် တွေ၊ ယခုသင်ခန်းစာမှာပါတဲ့ အရောင်တွေကို အသုံးပြုပြီး အောက်ပါလေ့ကျင့်ခန်းများ ကို လုပ်ပါ။ မှားသည်၊မှန် သည်က အရေးမကြီးပါ။ လုပ်ရင်း ဖြင့် တိုးတက်သွားမည် ဖြစ်ပါသည်။
လေ့ကျင့်ခန်း (၂)
၁။ ကျနော် အလုပ် စလုပ်ပါသည်။ ( စ သည် နှင့် လုပ် သည် ကြိယာ ၂ ခု ပါရပါမည်။)
၂။ ကျနော် စာအုပ်များကို သိမ်းဆည်းပါသည်။
၃။ သူမ သီချင်းးနားထောင်သည်။ ( သူမ အင်္ဂလိပ်သီချင်းနားထောင်သည်။ ကျနော်ညတိုင်း ရေဒီယိုနားထောင်သည်။ စသည်ဖြင့် ချဲ့ထွင် ပြောဆိုနိုင်ပါသည်။)
၎။သူတို့ မန္တလေးတွင် နေထိုင်ကြသည်။
၅။ကျနော် တံခါးကိုပိတ်သည်။
၆။ ခင်ဗျား ကားကိုဆေးကြောသည်။
၇။ ကျနော်တို့ ဈေးထဲမှာ လှည့်ပါတ်နေသည်။
၈။ သူလှလှကို ဆက်သွယ်သည်။
၉။ကလေးများ ပုံဆွဲကြသည်။
၁၀။သူမ အပြာရောင်ကောင်းကင်ကို ကြိုက်သည်။( ချစ်သည်)
၁၁။ ကျနော် ရော့ခ် သီချင်း နားထောင်ရတာ ကြိုက်တယ်။( နားထောင် ၊ ကြိုက်)
၁၂။ အမေ ဈေးသို့ သွားသည်။ ( maman အမေ)
၁၃။ မြမြသည် ကိုမောင်အား ဖုံးဆက်သည်။
၁၄။ ကျနော် ခရီးမှပြန်လာသည်။
၁၅။ သူမတို့ အိမ်ထဲသို့ ဝင်သွားသည်။
( အဖြေများ ကို ရှေ့တပါတ်မှာ ဖေါ်ပြပါမယ်။ ကြိုးစားပြီးရေးကြည့်ပါ)
တကယ်တော့ ပြင်သစ်ဘာသာနဲ့ပြောဆို ၊ရေးသားရာမှာ လှုပ်ရှားမှု ၊ လုပ်ဆောင်မှု တွေကို ဖေါ်ပြရာမှာ ပစ္စုပ္ပန်ကာလ တခုထဲနဲ့ သုံးနှုံး ရေးသားတာ၊ ပြောဆိုရတာတွေဟာ မလွယ်ကူလှပါဘူး။ အတိတ်ကာလပြဆိုသော Past Tense ကို မလွဲမသွေ ထည့်သွင်းသုံးစွဲမှ အဆင်ပြေပါတယ်။ ဒီကနေ့ခေတ်ပေါ် သင်ခန်းစာတွေမှာ ပြင်သစ်စာကို ဘာမှ မတတ်သေးလို့၊မသင်ဘူးလို့ ဆိုပြီး ကြည့်လိုက်ရင် Past Tense နဲ့ မကင်းပါဘူး။ ကြုံကြိုက်ရင် ပြင်သစ် ကလေးတွေရဲ့ ဒုတိယတန်း၊ တတိယတန်း ဖတ်စာတွေ ထည့်သွင်းဖေါ်ပြပေးသွားပါမယ်။
စကားပြော လေ့ကျင့်ခန်း သင်ခန်းစာ ( ၁ )
မြို့ထဲသွားခြင်း En ville
ဒီသင်ခန်းစာမှာ မိသားစု တခုရဲ့
ဖခင် Gil ဂျီးလ်
မိခင် Stéphanie စတေဖနီ ရယ် ကလေးတွေဖြစ်တဲ့
ရိုမန် Romain , လီဆာ Lisa , လီလူ Lilou တို့ပါဝင်ကြပါတယ်
အသံဖိုင် ၀၀၁
ကောင်းမွန် ပီသပြီး ပြင်သစ်စာ လေ့လာသင်ကြားနေသူများအတွက် ထုတ်တဲ့ သင်ခန်းစာဖြစ်လို့ ဒီသင်ခန်းစာမှာပါတဲ့စာကြောင်းတွေ အတိုင်း လေ့လာသူတို့ အလျင်းသင့်ပါက ပြောဆိုသုံးစွဲခြင်း၊ ဝေါဟာရတွေကို မှတ်သား ခြင်းများပြုလုပ်ပါက အချိန်တိုအတွင်း ကောင်းမွန်သော အသံထွက်ဖြင့် တတ်မြောက်ပါမည်။ စားသားများနှင့် သဒ္ဒါရင်းလင်းချက်များကို လာမည့်အပါတ်တွင် ဖေါ်ပြပါမည်။ ပြင်သစ်အသံနှင့် ကျွမ်းဝင်မှုရှိစေရန်နားထောင်ပေးပါ။
Comments