အစိုးရ၏ လက်ပံတောင်းတောင်အကြမ်းဖက်မှုများနှင့် ဥပဒေမဲ့ဆောင်ရွက်နေမှုများ ရပ်ဆိုင်းရန်
လူမှုအဖွဲ့အစည်းများနှင့် အတိုက်အခံများက တောင်းဆို
မိုးမခ၊ မေ ၃၊ ၂၀၁၃
လက်ခံရရှိသော သတင်းထုတ်ပြန်ချက်အရ လက်ပံတောင်းတောင်အရေးကို ဒေသခံပြည်သူများဖက်က ရပ်တည်ဆောင်ရွက်နေသော မြန်မာလူမှုအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ၊ အတိုက်အခံအဖွဲ့များ စုစုပေါင်း ၃၃ ဖွဲ့က လက်ရှိအစိုးရအနေဖြင့် အကြမ်းဖက်မှုများ ရပ်ဆိုင်းရန်၊ ဥပဒေမဲ့ နိုင်ထက်စီးနင်းလုပ်ဆောင်နေမှုများကို ရုတ်သိမ်းရန် စုပေါင်းတောင်းဆိုချက် တရပ်ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။
(၁) လျော်ကြေးငွေကို ငြင်းပယ်ထားသော ဒေသခံများ၏ လယ်မြေများ ပြန်လည် ရယူမှုကို အာဏာပိုင်များက အကြမ်းဖက် ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိမ်နင်းခငြ်း
(၂) လက်နက်ကိုင်ဆူပူလှုပ်ရှားမှု မပြုသော ပြည်သူများကို ပုဒ်မ ၁၄၄ ဖြင့် တားဆီးခြင်း
(၃) ဒေသခံပြည်သူများကို ၀န်းယံပေးသော မြန်မာပြည်တ၀ှမ်းက ကျောင်းသားများ၊ မြန်မာ့အရေးလှုပ်ရှားသူများကို အမှုများ စွဲဆိုပြီး ပိတ်ဆို့ခြင်း
စသည့် အစိုးရ၏ ကျုးလွန်နေမှုများသည် တရားမျှတမှု မရှိကြောင်း၊ ဒီမိုကရေစီရေ၊ ငြိမ်းချမ်းရေး နှင့် စည်းလုံးညီညွတ်ရေးကို ထိခိုက်စေကြောင်း အမြန်ဆုံး ဖြေရှင်းစေလိုကြောင်း သဘောထား ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
Comments