Fire broke out in Min Hla village, middle of Burma




မင်းလှ၊ ရေနံမ မှာ မီးလောင်
မင်းလှမောင်၊ မေ ၄၊ ၂၀၁၃
မကွေးတိုင်းဒေသကြိး၊သရက်ခရိုင်၊မင်းလှမြို့နယ်၊ ရေနံမအုပ်စု၊  သပြေမြောင်ရွာ၊ဦးစိုးနေအိမ်မှ စတင်၍ မေလ(၃)ရက်နေ့ နံနက် (၄)နာရီ ၃၀ မိနစ်အချိန်တွင် အိမ်ဝိုင်းအတွင်းရှိ လက်ယက်တွင်းမှ ရေနံခပ်စဉ် မီး စတင်လောင်ကျွမ်းခဲသည်။ အိမ်ခြေ (၁၀၉) အိမ် လောင်ကျွမ်းခံရသည်ဟု ဆိုသည်။ သပြေမြောင်ကျေးရွာသည် အိမ်ခြေ (၁၂၀) ကျော်ရှိပြီး၊  ရွာနီးစပ်သော ရေနံမတောင်ရွာမှ အိုးအိမ် (၂၀) ကျော် ပါကူးစက် လောင်ကျွမ်းခဲ့သည်။
“အိမ်တိုင်းစေ့မှာ ရေနံနဲ့ ဆက် စပ်တဲ့ပစ္စည်းတွေ၊ ရေနံပီပါတွေ ရှိနေတယ်၊ နောက်ပြီး ထွက်တဲ့ရေနစိမ်းက ဂက်(စ) ပါတော့ မီးလောင် လွယ်တယ်။ ရေနံခပ်တဲ့ သံထည်ပစ္စည်းတွေ ခပ်မိတာနဲ့ မီးလောင်တော့တာပေါ့”
“ဟု မျက်မြင်တဦးက ဆိုသည်။
ထိခိုက်ဒဏ်ရာနှင့် လူအသေအပျောက်မသိသေးသော်လည်း မီး စတင်လောင်ကျွမ်းရာ ဦးစိုး၏ အိမ်မှ ရေနံခပ်အလုပ်သမား အောင်လွင်ဦးအား ပ-၃၆/ ၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

Comments