Kyaw Home - News

မိဘမဲ့ တိုင်းရင်းသားလူငယ်များအတွက် ဂီတပညာရှင်များနဲ့ သြစတြေးလျ မြန်မာမိသားစုများရဲ့ ကောင်းမှုဒါန
ကျော်ဟုန်း
မေ ၂၉ ၊ ၂၀၁၃


နိုင်ငံကျော်ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီချိုပြုံး၊ တေးသံရှင် ဖိုးကာ၊ မြန်မာသံနဲ့ နာမည်ကျော်ကြားနေသူ ဗညားဟန်၊ ဂီတမှူး စန္ဒရားတင်ကိုကို တို့ (၄)ဦးဟာ  သြစတြေးလျနိုင်ငံကို မတ်၊ တတိယပတ်လောက်မှာ ရောက်ရှိလာ ပြီး  Melbourme (မတ်၊၊ ၂၃၊ ၂၀၁၃)၊ Sydney (မတ်၊ ၃၀၊ ၂၀၁၃)၊ Brisbane (ဧပြီ၊ ၆၊၂၀၁၃) နေ့ တွေမှာ  ဂီတဖြေဖျော်ပွဲများပြုလုပ်ခဲ့ကြပါတယ်။


ဂီတပွဲ (၃)ပွဲထဲက ဆစ်ဒနီမှာလုပ်တဲ့ပွဲဟာ မြန်မာပြည်က  မိဘမဲ့ တိုင်းရင်းသားလူငယ်ဖွံဖြိုးရေးကျောင်းအတွက်ရည်စူးပြီး လုပ်တဲ့ပွဲလို့ သိရပါတယ်။ အဲ့ဒီမိဘမဲ့ တိုင်းရင်းသားလူငယ်ဖွံ့ ဖြိုးရေးကျောင်းအတွက် ရံပုံငွေဂီတပွဲကိုUkrainian Hall , 59 – 63  Joseph st, Lidcombe NSW 2144 ,Sydney မှာ မတ် ၃၀၊ ၂၀၁၃ နေ့ က ပြုလုပ်ခဲ့ကြတာပါ။ ဒီပွဲဖြစ်မြောက်အောင် ကမကထလုပ်သူတွေကတော့ စိုင်းထင်လင်းသောင်း၊ မဝင်းဝင်း၊ မသီတာနွယ်၊    မဝင်းဝင်းမူ၊ မစန်းစန်းအေးနဲ့  သူငယ်ချင်းတစုပဲဖြစ်ပါတယ်။

ဆစ်ဒနီဂီတပွဲမှာ သြစတြေးလျရောက် မြန်မာမိသားစုများမှ ကောက်ခံရရှိငွေ ဒေါ်လာ(၁၈၅၀)နဲ့ အတူ ဒေါက်တာ ဦးကျော်မြင့်မိသားစုမှလဲ ဒေါ်လာ(၁၀၀၀) ထည့်ဝင်လှူဒါန်းခဲ့တာမို့  စုစုပေါင်း ဒေါ်လာ(၂၈၅၀) ပေးပို့ လှူဒါန်းနိုင်ခဲ့ကြောင်း ပွဲစီစဉ်သူတဦးဖြစ်သူ မဝင်းဝင်းမူက ပြောပါတယ်။


 

ဂီတနဲ့ အလှူပြုခဲ့ကြတဲ့ တေးသံရှင် ချိုပြုံး၊ ဖိုးကာ၊ ဗညားဟန်၊ စန္ဒရားတင်ကိုကိုတို့ ဟာ သြစတြေးလျနိုင်ငံကနေ မြန်မာပြည်ကို မေလလယ်မှာ ပြန်ရောက်ခဲ့တာဖြစ်ပါတယ်။ မေ၊ ၂၇၊၂၀၁၃ နေ့ မှာ ဗညားဟန်၊ စန္ဒရားတင်ကိုကိုတို့ အဖွဲ့ ဟာ သံလျှင်မြို့ ရှိ “ ဆုတောင်းပြည့် တိုင်းရင်းသားလူငယ်ဖွံ့ ဖြိုးရေး ပရဟိတကျောင်း” ကို ရောက်ရှိကာသြစတြေးလျ၊ ဆစ်ဒနီမှ မြန်မာမိသားစုများ အပ်နှံလိုက်တဲ့ အလှူငွေများကို “ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဓ န္တနန္ဒဝံသ ဆရာတော် “ ထံ   ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။  အလှူငွေ မြန်မာကျပ်ငွေ (၂၇)သိန်း လှူနိုင်ခဲ့ပြီး  ဦးစီးဆရာတော်မှ အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် အပ်နှင်းချီးမြှင့်ပေးပါတယ်။




ဆရာတော် ဘဒ္ဓ န္တ နန္ဒဝံသ ဦးစီးတည်ထောင်တဲ့ မိဘမဲ့ တိုင်းရင်းသားလူငယ်ဖွံ့ ဖြိုးရေးကျောင်းဟာ သက်တမ်း(၂၅)နှစ်ရှိခဲ့ပါပြီ။ သူငယ်တန်းမှ တက္ကသိုလ်ထိအောင် ပညာသင်ထောက်ပံ့ပေးနေပြီး လက်ရှိ ကျောင်းသား/သူပေါင်း (၁၃၅၀)ဦးကို တာဝန်ယူနေရကြောင်း၊ ကျောင်းသားကလေးငယ်များအတွက် စာသင်ခန်း၊ နေထိုင်ခန်းများနဲ့ ရေအိမ်သာများလဲ မလုံလောက်ဘဲ လိုအပ်လျှက်ရှိနေသေးတာမို့  အလှူရှင်များကို ဖိတ်ခေါ်ပါကြောင်း အဆိုတော် ဗညားဟန်က လှု့ံ့ဆော်ထားပါသေးတယ်။ အလှူရှင်များအနေနဲ့  ဒါနပြုလိုရင်   (ဆုတောင်းပြည့်တိုင်းရင်းသားလူငယ်ဖွံ့ ဖြိုးရေး ပရဟိတကျောင်း၊ ဘုရားကုန်းအုပ်စု၊ ကျောက်ရေတွင်းကျေးရွာ၊ သန်လျှင်မြို့ )  ဖုံး (၀၉ - ၅၆၄ - ၀၅၈၄) (၀၅၆ - ၂၂ - ၆၀၉) ဆရာတော် ဦးနန္ဒဝံသ ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။


စ်ဒနီဲမြို့ က မြန်မာမိသားစုများက ဒီလိုလှူဒါန်းနိုင်တာအတွက် ဝမ်းသာပီတိဖြစ်နေပြီး နောက်ထပ်လှူနိုင်ရန်စက်တင်ဘာ၊ ၂၈၊ ၂၀၁၃ မှာ ပွဲထပ်မံစီစဉ်ဦးမယ့်အကြောင်း ကြိုတင်သတင်းပေးထားပါသေးတယ်။    ။

Comments