Kyaw Home - Poem

လွန်ဆွဲပွဲများ
ကျော်ဟုန်း
မေ ၂၃၊ ၂၀၁၃


ကြိုးတစ်ချောင်း ပစ်ချလိုက်
အဲ့ဒီကြိုးလဲ အတ္တကြိုး။

စည်းသုံးတန် တားတယ်
အဲ့ဒီစည်းလဲ အတ္တစည်း။

တူသူ-မတူသူ ဟိုဘက်ဒီဘက် ခွဲ
အဲ့ဒီအုပ်စုတွေလဲ အတ္တအုပ်စုကွဲ။

ပြိုင်ပြီ ဆိုင်ပြီ
အားနည်းသူ ခံလိုက်
အားသာသူ စံလိုက်
နိုင်ရာညှဉ်း ဆွဲစားဝါဒ
အားကြီးသူ နိုင်တမ်းစံမှတ်
ကမ္ဘာဦးက စခဲ့တဲ့ ပဋိဥာဉ်
ဘယ်လိုပြန်ပြင်ဆင်နိုင်ခွင့်ရှိဦးမလဲ။

ခုတော့
ပြိုင်ပွဲဝင် ကြိုးတချောင်းဟာ

ဒုက္ခသစ္စာကို ဝါးစားနေတယ်။

Comments