ငါးမိနစ်
ဆလိုင်းရွှေလင်း၊ မေ ၄၊ ၂၀၁၃
ငါးမိနစ်နောက်ကျ သေဆုံးရဟု
ပြောကြသံကို ကြားလိုက်သော် … …
လူနာရှင်များ နောက်ကျသွားတော့
အမှားပေါ့ဆ သုံးမကျဟု
နှုတ်မှ ပြစ်တင်လိုက်မိရာ … …
အပြစ်တင်စော လာမပြောနဲ့
စောကြောနာအုံး သုံးသပ်အုံးဗျ
ဒါကဒီလို … …
ပါရဂူအထူးကု အချိန်လု၍
သူ့ဆေးခန်းများ စုံအောင်သွားသတဲ့
အမှားဖွေရှာ လမ်းမှာကြာခဲ့
လူနာနောက်ကျ မဟုတ်ရပေ
နောက်ကျသူမှာ ဆရာဝန်ပါတဲ့
ကဗျာတောင် ကာရန် မဲ့သွားရော။ ။
(Illustation Credit - Master of colour... detail from Cy Twombly's Camino Real. The exhibition at Tate Liverpool ought to be an incendiary nocturne of sensuality. Photograph: Cy Twombly Foundation/Tate Liverpool)
Comments