Saung Luu - Poem


သိုးမည်း
ဆောင်းလူ
မေ ၂၁၊ ၂၀၁၃
...........


သေရာပါ အမာရွတ်လို
စိတ်နဲ့ ..
စုတ်ထိုးထားတဲ့ အရပ် ..
...
...
သန်းခေါင်ထက် ညဥ့်မနက်ပေမယ့်
အခေါက်ပေါင်းများစွာနဲ့
နေ၀င်ရာအရပ်ဆီ
ဦးလှည့်ရင်း ...

ဘုံစနစ်တွေ
ဝါဒတွေ
ခုဖြန့် ... ခုကျဲ ...
ဓာတ်ရှင်ထဲကအတိုင်း
ဇာတ်သိမ်းခန်းရောက်မှ
အမြီးကလည်း မတည့်
အမောက်ကလည်း မတည့် ...။

လာလိုသူတွေ
သွားလိုသူတွေ
တွေ့တုန်းခဏ
ဆေးပေး မီးယူ
သူ့အရပ်နဲ့ သူ ... သူ့ဇတ်နဲ့ သူ ...။

လွမ်းပေမယ့်
နွေဦးဟာ
ပိတောက်တွေနဲ့အတူ
မနေ့တနေ့ကတည်းက လက်ပြသွားပြီ။
........
သိုးမည်းတွေ ကြီးစိုးရာအရပ်မှာ
ဖြူလာလေမလားစိတ်နဲ့
မိုးတွေကညို့လို့ ...။

Comments