ဗဲင်းဆင့်ဗဲန်ဂိုးလ်နှင့် မကြားတကြား ..အင်တာဗျူးခြင်း
ဆောင်းလူ
မေ ၂၉၊ ၂၀၁၃
ညက
မိုက်ခရိုဖုန်းလေး
ရင်ဘတ်ထောက်ပြီး ...
ဗဲင်းဆင့်ဗဲန်ဂိုးလ်နဲ့
မကြားတကြား ... အင်တာဗျူးမိတယ် ...
ဗားရှင်းတွေအမျိုးမျိုးခွဲရင်း
အခိုးခံလိုက်ရတဲ့
နူနွင်မြို့ကလေးရဲ့
အစောဆုံး အာလူးစားသူများအကြောင်း ...
သင်္ကြန်ကာလကြီး
ဓားပြတိုက်ခံလိုက်ရတဲ့
အမ်စတာဒမ်မြို့တော်ပေါ်က
နောက်ဆုံး အာလူးစားသူများအကြောင်း ...
မပြောမဆို ...
ကျုပ်တို့မြို့က အာလူးဖုတ်သူများအကြောင်း ရောက်သွားတယ် ...။
ဗဲန်ဂိုးလ်ရဲ့ ..
အာလူးစားသူများကတော့ စားရင်း ၀ါးရင်း
ကမ္ဘာကျော်သွားခဲ့တယ် ...။
ကျုပ်တို့မြို့ရဲ့
အာလူးဖုတ်သူများအကြောင်းကတော့ ဖုတ်ရင်း လှုပ်ရင်း
နှစ် (၆၀) ကျော် ကြာသွားတယ် ...။
Comments