မဟာချိုင်မှာ မြန်မာများ လုယက်ခံရမှု များပြားလာ

မဟာချိုင်မှာ မြန်မာများ လုယက်ခံရမှု များပြားလာ
ချမ်းမြ၊ ဇွန် ၁၄၊ ၂၀၁၃
           ထိုင်းနိုင်ငံ မဟာချိုင်တွင် ယခုတလော ခိုးယူလုယက်မှုတွေ များပြားတိုးပွါးလျက်ရှိသည်။ ဓါးထောက်၊ သေနပ် ပြ လုယက်မှုတွေနဲ့ လူရှေ့ ပြောင်ဝင်လုတာ၊ လူအလစ်ဝင်ခိုးတာ၊ အခန်းဖျက်ဝင်ပြီး ခိုးတာတွေ နည်းမျိုးစုံဖြစ်ပေါ်နေသည်။ တွေ့ မြင်သူတွေက အခန်းရှင်၊ အလုပ်ရှင်ကို ဖုံးဆက်ခေါ်ပေမယ့် အချိန်မီလာတာမျိုးမရှိဘူး၊ ရဲခေါ်တော့လည်း ပြဿနာတွေ ပိုရှည် ပိုရှုပ်သွားသည်။ ပတ်စပို့ တွေပါသွားရင်လည်း လွှင့်ပစ်ခဲ့တာ ... အနီးတဝိုက်ပြန်ရောင်းတာ၊ တစ်နေရာချိန်းပြီး ပြန်ရွေးခိုင်းတာတွေ လုပ်လာသည်။ ရက်အနည်းငယ်ကလည်း ထိုင်းတဦး ပတ်စပို့  လိုက်ရောင်းနေသည်ကိုတွေ့ ၍ ရွှေတွံတေးဆရာတော်က မုံ့ ဖိုးပေးပြီး  အလှူခံခဲ့သည်။ ထိုင်းက " ကောက်ရသည် ..." ဟု ဆို၏။ ပိုင်ရှင်ကို စုံစမ်းပြီး ပြန်ပေးခဲ့သည်။
 ရွှေတွံတေးဆရာတော်က
"အားလုံး စည်းစည်းလုံးလုံးနေမှ။ သတိဝီရိယရှိမှရမယ်။ သွားတာလာတာ ဆင်ခြင်ကြပါ။ အသားထဲက လောက်မထွက်ကြနဲ့ ။ မဟုတ်တာတွေနဲ့ ပေါင်းပြီးရှာမစား ကြပါနဲ့ "
စသဖြင့် သတိပေးခဲ့သည်။

Comments