ဖခင်များနေ့ နယူးယောက်မဟာအောင်မြေကျောင်းမှာ ကုသိုလ်ပြုကြ
မိုးမခအထောက်တော် (နယူးယောက်)၊ ဇွန် ၁၇။ ၂၀၁၃
ဇွန် ၁၆၊ နိုင်ငံတကာဖခင်များနေ့ကို ကမ္ဘာနိုင်ငံအသီးသီး၊ အင်တာနက်စာမျက်နှာများသာမက မြန်မာပြည်သားများကလည်း ကျင်းပကြသည်။ နယူးယောက်မြို့တော်၊ မဟာအောင်မြေကျောင်းတိုက်၊ ပဌာန်းဝတ်ရွတ်အသင်းက ဖခင်များနေ့အထိမ်းအမှတ် ကောင်းမှုကုသိုလ် စုပေါင်းပြုလုပ်ခဲ့ကြသည်။ ကျောင်းထိုင်ဆရာတော် ဦ၀ိလာသကို ဆွမ်းကပ်ခြင်း၊ ဧည့်သည်များကို နေ့လည်စာကျွေးမွေးခြင်း၊ သက်ကြီး ဖခင် ၄ ဦးအား ကန်တော့ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ နေ့ခင်းပိုင်းတွင် ပဌာန်းတရား ရွတ်ဆို ပူဇော်ခြင်း၊ ဆရာတော်က တရားဟောပြောခြင်းတို့နောက် ညနေ ၃ နာရီတွင် ဆီချက်ခေါက်င်္ဆဲ ကျွေးမွေးပြီး ဖခင်များနေ့ ကုသိုလ်ပြုအစီအစဉ်ကို ရုတ်သိမ်းခဲ့သည်။
Comments