နေ့စဉ်မပြတ် ဆင်ခြင်အပ်
နာရေးကူညီမှုအသင်း - ရန်ကုန်
ဇွန် ၂၄၊ ၂၀၁၃
၂၃.၆.၂ဝ၁၃ ရက် (နယုန်လပြည့်နေ့) သည် ရောဟဏီအမည်ရှိသော မြစ်အားအကြောင်းပြု၍ ကပိလဝတ်ပြည်နှင့် ကောလိယနှစ်ပြည်ထောင် တို့ ပဋိပက္ခဖြစ်ပွားနေချိန်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် နှစ်ပြည်ထောင်သားတို့အား ငြိမ်းချမ်းရေးတရား ဟောတော်မူသောနေ့ (မဟာသမယ) အခါတော်နေ့လည်း ဖြစ်ပေသည်။ ယခုကဲ့သို့ ငြိမ်းချမ်ရေးအခါတော်နေ့တွင် ပြည်ထောင်စုမြန်နိုင်ငံသား/သူများနှင့်တကွ ကမ္ဘာ သူ/သားအပေါင်းတို့သည်လည်း ငြိမ်းချမ်းကြပါစေဟု နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဆုမွန်ခြွေ လိုက်ရ ပါသည်။ ထို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ငြိမ်းချမ်ရေးအခါတော်နေ့ (မဟာသမယ) နေ့တွင် လူ့လောကတွင် ရှေးအတိတ်ကုသိုလ်ကံ၊ ယခုပစ္စုပ္ပန်ကုသိုလ်ကောင်းမှုတို့ကြောင့် ဤဘဝတွင် အသက်ရှည်၊ အနာကင်းစွာဖြင့် သက်တမ်းစေ့နေထိုင်သွားနိုင်ခဲ့ပြီး ၂၁.၆.၂ဝ၁၃ (သောကြာနေ့)တွင် ကွယ်လွန်သွားခဲ့သော ဘုရား၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရဟန်း ဒါယိကာမကြီး ဒေါ်သိန်းတင် အသက် (၉၄) နှစ်၏ ဈာပနအခမ်းအနား သယ်ယူပို့ဆောင် ကူညီသင်္ဂြိုဟ်ပေးခွင့်ကုသိုလ်ထူးအား ရရှိခဲ့ပါတော့သည်။
၂၃.၆.၂ဝ၁၃ ရက်နေ့ နံနက် (၈းဝဝ) အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း + ဒေါ်ခင်အေးမြင့်တို့၏ မိခင်ကြီး ဒေါ်သိန်းတင်(ဇီးကုန်း) အသက် (၉၄) နှစ်၏ ဈာပနအား အမှတ် (၂) တပ်မတော်စစ်ဆေးရုံကြီးမှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် အတူ အသင်းသားများတို့မှသွားရာက်၍ အထူးနိဗ္ဗာန်ယာဉ်ဖြင့်ရေဝေးသုဿန်သို့ ကူညီဖေးမ သယ်ဆောင် ခဲ့သည်။ မိခင်ကြီး ဒေါ်သိန်းတင် ၏ ရုပ်ခန္ဓာအား ရေဝေးသုသာန်သို့ ပို့ဆောင်ရာတွင် ကောင်းမှုကုသိုလ် များပြုလုပ်၍ အသက်ရှည်ကျန်းမာစွာဖြင့် လူလောကကြီးအတွင်း ရှင်သန်ခဲ့သည့်အတွက် ကွယ်လွန်ချိန်၌ ပြုခဲ့သမျှသော ကောင်းမှုကုသိုလ်ကံတရားတို့ကြောင့် မိခင်ကြီး ဒေါ်သိန်းတင်၏ မျက်နှာသည် ပကတိ အေးငြိမ်းသကဲ့သို့ ရာသီဥတုသည် ပကတိ တည်ငြိမ်လျှက်ရှိသည်။
ထိုကြောင့် ဗုဒ္ဓမြတ်စွာဘုရားသည် “အဘိဏှသုတ်တော်” ၌ အောက်ပါအတိုင်း ဟောကြားတော်မူခဲ့သည်။
ငါသည် အိုခြင်းသဘောရှိ၏။ အိုခြင်းသဘောကို မလွန်ဆန်နိုင်။
ငါသည် နာခြင်းသဘောရှိ၏။ နာခြင်းသဘောကို မလွန်ဆန်နိုင်။
ငါသည် သေခြင်းသဘောရှိ၏။ သေခြင်းသဘောကို မလွန်ဆန်နိုင်။
ငါ့အား ချစ်နှစ်သက်အပ်သော ဆွေမျိုး၊ အဆွေခင်ပွန်းတို့နှင့် အရပ်တစ်ပါးသို့ပြောင်းသွားသဖြင့်၊ ဘဝ တစ်ပါးသို့ပြောင်းသွားသဖြင့် ရှင်ကွဲ၊ သေကွဲ၊ ကွဲကွာရ၏။
ငါသည် ကံသာလျှင် မိမိဥစ္စာ၊ အမွေခံ၊ အကြောင်းအရင်း၊ ဆွေမျိုး ကိုးကွယ်ရာဖြစ်၏။
ကောင်းသော / မကောင်းသောကံကို ပြု၏။ ထိုကောင်းမှု / မကောင်းမှု အမွေခံသည် ရ၏။
ထို အိုခြင်း၊ နာခြင်း၊ သေခြင်း သဘောတရားတို့အား အမြဲမပြတ် ဆင်ခြင်အပ်၏ဟု ဟောတော်မူခဲ့တော့ သည်။
Comments