Coca-Cola မြန်မာပြည်မှာ ပုလင်းသွပ်၊ ဝန်ကြီးဟောင်း ကြော်ငြာပေး
ဓာတ်ပုံသတင်း
ဇွန် ၄၊ ၂ဝ၁၃

ကိုကာကိုလာ ဖျော်ရည်များ မြန်မာပြည်အတွင်း ပုလင်းသွပ် ဖြန့်ဝေခြင်းကို ယနေ့စတင်လိုက်ကြောင်း သတင်းများတွင် ဖော်ပြထားပြီး မရှေးမနှောင်းမှာပင် ရန်ကုန်မြို့တွင် ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မယ်ဒလင်းအောဘရိုက် ကိုကာကိုလာ သုံးဆောင်နေသည့် ဓာတ်ပုံကို AP သတင်းဌာနက ရိုက်ကူး ဖြန့်ချိလိုက်သည်။
အဆိုပါ ဓာတ်ပုံကို AP သတင်းဌာန သတင်းထောက် ဦးခင်မောင်ဝင်းက ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန် နိုင်ငံရေးသမားကြီးတစ်ဦးက အမေရိကန်ပစ္စည်းကို မြန်မာပြည်တွင် လာရောက် ကြော်ငြာပေးသည့်သဖွယ် ဖြစ်နေသော ထိုဓာတ်ပုံကို နိုင်ငံတကာ မီဒီယာအများအပြားတွင် ကူးယူ အသုံးပြုနေကြသည်ကို တွေ့ရှိရသည်။

Comments