ပြင်သစ် ဘာသာ လေ့လာစရာ (အပိုင်း ၁၂)
ပါရီမောင်၊ ဇွန် ၂၂ ၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)
(မိုးမခ၏ ချို့ယွင်းမှုကြောင့် အပတ်စဉ်ပြတ်တောက်ခြင်းကို
ခွင့်လွှတ်ပါ)
Leçon
12 (Lesson 12 )
စကားပြော လေ့ကျင့်ခန်း သင်ခန်းစာ ( ၂ )
( အသံဖိုင် )
ဒီတပါတ်မှာတော့
လီဇာ တယောက် ပေါင်မုန့်ဆိုင်ကို ဝယ်ဖို့ရောက်လာပါတယ်။ ဈေးရောင်းသူ အမျိုးသမီးနဲ့ ပြောတာတွေကို
နားထောင်ကြည့်ပါ ။
A la boulangerie-pâtisserie ပေါင်မုန့်၊ကိတ်မုန့် အရောင်းဆိုင်
Lisa :Bonjour madame,
je voudrais une baguette bien cuite et deux croissants s'il vous
plaît.
ကောင်းသောနေ့ပါ ၊ ကျေးဇူးပြုပြီး
ကျမကို ပေါင်မုန့်တခုနဲ့ croissant ၂ခုပေးပါ၊
- Voilà la baguette
mais il n'y a plus de croissant. Veux-tu autre chose à la place? Des gâteaux?
ဟောဒီမှာ
ပေါင်မုန့်၊ ဒါပေမဲ့ ခွါးဆောန့် မရှိတော့ဘူး ၊ အဲဒီအစား တခြားဟာယူမလား ၊ ကိတ်မုန့်
ကော ၊
Lisa :Non merci. Je ne veux pas de gâteaux. Je préfère deux brioches.
ဟင့်အင်း ကျေးဇူးပဲ ၊ ကိတ်မုန့်
မလိုချင်ပါဘူး ၊ brioche ၂ခုကိုပဲ ပို လိုချင်တယ်
- Cela fait 2 euros 85.
အဲဒါ တွေအတွက် ၂ ယူရို ၈၅ ဆင့် ကျပါတယ်။
Lisa :Je vous remercie madame, au revoir. A demain.
ကျေဇူးတင်ပါတယ် madame
နှုတ်ဆက်ပါတယ် ၊ နက်ဖြန်တွေ့ပါမယ်။
- Au
revoir,Mademoiselle.
နှုတ်ဆက်ပါတယ်
မိန်းကလေး၊
|
အခု
ကြားခဲ့တာတွေကို ကိုသိထားတဲ့ဝေါဟာရတွေနဲ့ အစားထိုး အသုံးချပြီး ပြောကြည့်ပါ။ တချို့
ပြင်သစ် အစားအစာအခေါ်အဝေါ် တွေကို တိုက်ရိုက်ရေးတာ ပိုသင့်တော်မယ်ထင်ပါတယ်။
ဝေါဟာရများ Vocabulaires
baguette ။ ပေါင်မုန့် အရှည်တမျိုးပါ
၊တတောင်ကျော်လောက်ရှိပါတယ်၊ တဝက်လဲ ရောင်းပါတယ်။ ဗမာလိုဆိုရင်တော့ ထမင်းနေရာမှာ အစားထိုး
ရမယ်ထင်တယ်။ စားသောက်ဆိုင်တွေမှာ လှီးထားတဲ့ အဲဒီပေါင်မုန့် က အခမဲ့အနေနဲ့ချပေးတာများပါတယ်။
ပြင်သစ်တွေကတော့ အပြီးသတ်မှာ အဲဒီပေါင်မုန့်နဲ့
cheese ကိုစားကြပါတယ်။
bien cuite ၊ နာမ်တခုနောက်မှာ ကပ်ပြီးသုံးထားတာဖြစ်လို့
နာမဝိသေသနပါ။ ကောင်းစွာကျက်သောလို့ ပြောရပါမယ်၊ ( bien ကောင်းသော
)
croissant ကတော့ လခြမ်းပုံရှိတဲ့ ဂျုံအနုစား
မုန့်ပါ၊
s'il vous plaît တဆိတ်လောက် ။ ကျေးဇူးပြု၍ ( တစုံတယောက်ကို တခုခု လုပ်ပေးဖို့ခိုင်းရင်
မလွဲမသွေ ယဉ်ကျေးမှုအရ ထည့်ပြောရပါမယ်။ ) မိသားစု ဝင်နဲ့ ခင်တဲ့သူဆိုရင်တော့ s'il te plaît
လို့ပြောရပါမယ်။
ဥပမာ ... Donnez - moi un sac , s'il
vous plaît. ဒိုနေမွား အန်ဆာ့ ၊ စီးဗူပလက်
ကျေးဇူးပြု၍ အိတ်တလုံးပေးပါ။ ( ဒီနေရာမှာ
သုံးထားတဲ့ ကြိယာက donner (v/ inf:)
" ပေးသည် " ဆိုတဲ့ ကြိယာဖြစ်ပြီး
vous အသုံး ပြုပြောဆိုထားလို့ verbe conjugaison အနေနဲ့ Donnez ဖြစ်နေသလို s'il vous plaît ပဲဖြစ်ရပါမယ်။ s'il
te plaît မဖြစ်ရပါဘူး။
Voilà ၊ ဟောဒီမှာ
၊တွေ့လား၊
ရော့ (နေရာအလိုက် အစုံပြောနိုင်ပါတယ်)
à la place အဲဒီနေရာမှာ ၊ အဲဒါအစား (
ဥပမာ - A la place de café, je prends du thé ကော်ဖီအစား လဘက်ရည် ယူမယ်)
brioche ကတော့ ပေါင်မုန့်အနုစားပါ
Cela fait ကျသင့်ငွေက ၊ အဲဒါက ဖြစ်စေတယ်
( ça fait လို့လဲပြောပါတယ်)
Je vous remercie မင်းကိုကျေးဇူးတင်ပါတယ်။
( ဒီအသုံးက အသုံးများပါတယ်)
ဥပမာ... Je vous écoute. ရဗူဇေကု ၊ မင်းကိုငါနားထောင်နေတယ်
Je vous attends. ရဗူ ဇာတောန်း ၊ မင်းကို ငါစောင့်တယ်
Je vous donne + Noun . ရဗူ ဒွန်း+ နာမ် ၊ မင်းကို
ငါ ... ပေးတယ်
au revoir နှုတ်ဆက်ပါတယ် ( ပြန်ခါနီး) ( Good bye )
ကြိယာများ Verbes
Vouloir (v/ inf:) - ဗူးလွား ၊ လိုချင်သည်။ ( အသုံးများသောကြိယာဖြစ်သည်။ )
je voudrais ဆိုသော နေရာတွင် voudrais သည် Vouloir
ကြိယာ၏ ပုံစံတမျိုးဖြစ်ပါသည်။ ယဉ်ကျေးသောအသုံးပုံစံဖြစ်သည်။ je voudrais
နောက်တွင် နာမ်၊ ကြိယာ မူရင်းပုံစံ လိုက်နိုင်သည်။
ဥပမာ .. je voudrais un gâteau. ကျနော် ကိတ်မုန့်
လိုချင်ပါတယ်
je voudrais sortir au dehors. ကျနော် အပြင်ထွက်ချင်ပါ တယ်
préférer (v/ inf:) ပရေဖေရေ ၊ ပိုပြီးကြိုက်နှစ်သက်သည်။ ( ဒီကြိယာရဲ့ ခက်ခဲတာက အပေါ်က နောက်ပစ်လိုသင်္ကေံတတွေ ဟိုဘက်စောင်း၊ ဒီဘက်စောင်း မတူတာတွေပဲ )
ပုံမှန်
မဟုတ်ပဲ ခက်ခဲ ပြီး အသုံးလဲများလှတဲ့ ကြိယာ ၂ ခုရဲ့ verbe conjugaison ကို ပေးလိုက်ပါတယ်။
ကျေညက်အောင်လေ့ကျင့်ပါ။
Vouloir ( verbe
conjugaison ) လိုချင်တယ်
Je veux ရဗက်၊ ငါလိုချင်တယ်
tu veux ကျူဗက်၊ မင်းလိုချင်တယ်
il/elle veut အီလ်၊ အယ်လ် ဗက်၊ သူ၊သူမလိုချင်တယ်
nous voulons နူဗူလွန်၊ ငါတို့လိုချင်တယ်
vous voulez ဗူ ဗူလေ ၊ မင်းတို့လိုချင်တယ်
ils/elles veulent အီလ်၊ အယ်လ် ဗက်၊ သူ၊သူမတို့လိုချင်တယ်
préférer ( verbe
conjugaison ) ပိုကြိုက်တယ်
Je préfère ရ ပရေဖဲ၊ ကျနော်ပိုကြိုက်တယ်
tu préfère
ကျူပရေဖဲ၊ မင်း ပိုကြိုက်တယ်
il/elle préfère ils/elles
préfèrent အီလ်ပရေဖဲ၊ အယ်လ်ပရေဖဲ၊ သူ၊သူမ ပိုကြိုက်သည်
nous préférons နူပရေဖေရွန်၊
ကျနော်တို့ပိုကြိုက်တယ်
vous préférez ဗူပရေဖေရေ၊ မင်း၊ခင်ဗျားတို့ ပိုကြိုက်တယ်
ils/elles préfèrent အီလ်ပရေဖဲ၊ အယ်လ်ပရေဖဲ၊ သူ၊သူမတို့ ပိုကြိုက်သည်။
အုပ်စု
(၁) ရဲ့ ကြိယာတွေကို သဘောပေါက်နားလည်ပြီး verbe
conjugaison ကို လုပ်နိုင်ပြီဆိုရင်တော့
အုပ်စု
(၂ ) နဲ့ အုပ်စု (၃) မှာပါဝင်တဲ့ ကြိယာတွေ ရဲ့ verbe conjugaison တွေကို ဆက်ပေးသွာဖို့
ရှိပါသေးတယ်။ ဒီတပါတ်ကတော့ အလုပ်များလို့ သင်ခန်းစာတွေ ကြာသွားပါတယ်။
A bientôt
မကြာခင်ပြန်ဆုံမယ်
Comments